Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 25:5 - Common Language Bible

5 ``ညီ​အစ်​ကို​နှစ်​ဦး​တို့​သည်​အ​တူ​တူ​နေ​ထိုင် ၍ တစ်​ဦး​သည်​သား​မ​ကျန်​ရစ်​ဘဲ​သေ​ဆုံး​ခဲ့ လျှင် သူ​၏​ဇနီး​မု​ဆိုး​မ​သည်​သူ​စိမ်း​ယောကျာ်း တစ်​ဦး​ဦး​နှင့်​မ​စုံ​ဖက်​စေ​ရ။ သေ​ဆုံး​သူ​၏ ညီ​က ထို​မိန်း​မ​ကို​မယား​အ​ဖြစ်​သိမ်း​ပိုက် ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 အ ကယ်၍ အ တူ နေ ညီ အစ် ကို တို့ အ နက်၊ တစ် ဦး သည် သား မ ရှိ ဘဲ သေ လျှင်၊ မု ဆိုး မ သည် အိမ် ထောင် သား ချင်း ပြင်၊ မ ဆိုင် သူ နှင့် အိမ် ထောင် မ ပြု ရ။ မတ် သည်၊ မတ် ဝတ် အ တိုင်း အိမ် ထောင် ပြု လျက် ဝင် ထွက် ရ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 အ​တူ​နေ​သော ညီ​အစ်​ကို​တို့​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သေ​သော​သူ၏​မ​ယား​သည် အ​ခြား​တစ်​ပါး​သော​လူ​စိမ်း​နှင့် စုံ​ဖက်​ခြင်း​ကို မ​ပြု​ရ။ သူ၏​လင်​ညီ​သည် သူ့​ကို​သိမ်း​ယူ​ဆက်​ဆံ၍ မ​ရီး၌ ပြု​အပ်​သော​ဝတ်​ကို​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အတူ​နေထိုင်​သော​ညီအစ်ကို​တို့​ထဲမှ တစ်​ယောက်​သည် သား​မ​ရှိ​ဘဲ သေဆုံး​ခဲ့​လျှင် သေဆုံး​သူ​၏​မယား​သည် အပြင်​သူစိမ်း​ယောက်ျား​နှင့် မ​စုံဖက်​ရ​။ သူ့​ယောက်ျား​၏​ညီ​သည် သူ့​ထံသို့​ဝင်​၍ သူ​နှင့်​စုံဖက်​ရ​မည်​။ သူ့​အပေါ်​၌ မတ်​တစ်​ယောက်​၏​တာဝန်​ကို​ယူ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 25:5
11 ပူးပေါင်းရင်းမြစ်များ  

သ​မီး​အ​ကြီး​က​သူ​၏​ညီ​မ​အား``ငါ​တို့​၏​အ​ဖ​လည်း​အို​ပြီ။ ငါ​တို့​မှ​အ​မျိုး​ဆက်​ကျန်​ရစ်​ခဲ့​စေ​ရန် ကမ္ဘာ​မှာ​ငါ​တို့​အား​ထိမ်း​မြား​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။-


သူ​တို့​က ``ဆ​ရာ​တော်၊ လူ​တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင်​သူ​၏ မု​ဆိုး​မ​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ မည်။ ရ​သော​သား​သ​မီး​များ​အား​ဖြင့်​အစ်​ကို ၏​အ​မျိုး​ကို​မ​ပြတ်​စေ​ရ​ဟု​မော​ရှေ​မိန့်​မှာ ခဲ့​ပါ​၏။-


``ဆ​ရာ​တော်၊ `လူ​တစ်​စုံ​တစ်​ယောက်​သည်​သား​သ​မီး မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့​သည့်​ဇ​နီး​ကို​ညီ ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား​ရ​မည်။ အစ်​ကို​၏​အ​မျိုး အ​နွယ်​ကို​သူ​၏​ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု အ​ကျွန်ုပ်​တို့​အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-


သူ​တို့​က ``ဆ​ရာ​တော် `တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့ သည့်​ဇနီး​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား ရ​မည်။ အစ်​ကို​၏​အ​မျိုး​အ​နွယ်​ကို​သူ​၏ ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု​အ​ကျွန်ုပ်​တို့ အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-


နော​မိ​က​လည်း``ငါ့​သ​မီး​တို့၊ ပြန်​သွား​ကြ လော့။ အ​ဘယ်​ကြောင့်​ငါ​နှင့်​လိုက်​လို​ကြ​ပါ သ​နည်း။ သင်​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ရန် အ​တွက် ငါ​သည်​နောက်​ထပ်​သား​များ​ကို မွေး​ဖွား​ပေး​နိုင်​ပါ​သ​လော။-


သင်​သည်​ယ​နေ့​ညဥ့်​ကုန်​ဆုံး​သည်​တိုင်​အောင် ဤ​နေ​ရာ​တွင်​နေ​ပါ​လော့။ သင်​၏​အ​တွက်​ထို သူ​တာ​ဝန်​ယူ​လို​သည်​မ​ယူ​လို​သည်​ကို​မိုး သောက်​သော​အ​ခါ ငါ​တို့​မေး​မြန်း​စုံ​စမ်း​ကြ မည်။ အ​ကယ်​၍​သူ​တာ​ဝန်​ယူ​လို​ပါ​လျှင်​ယူ ပါ​လေ​စေ။ သူ​မ​ယူ​လို​လျှင်​မူ​ကား ငါ​တာ​ဝန် ယူ​မည်​ဖြစ်​ကြောင်း​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​ပါ​၏။ ယ​ခု သင်​သည် ဤ​နေ​ရာ​တွင်​လဲ​လျောင်း​လျက်​မိုး သောက်​ချိန်​တိုင်​အောင်​နေ​ပါ​လော့'' ဟု​ဆို​၏။


သင်​နှင့်​အ​တူ​တူ​အ​လုပ်​လုပ်​သည့်​အ​မျိုး သ​မီး​များ​၏​သ​ခင်​ဖြစ်​သူ ဗော​ဇ​သည် ငါ တို့​နှင့်​ဆွေ​မျိုး​တော်​စပ်​သည်​မ​ဟုတ်​လော။ ယ​ခု​ငါ​ပြော​သည့်​စ​ကား​ကို​နား​ထောင်​ပါ လော့။ သူ​သည်​ယ​နေ့​ည​နေ​တွင် မု​ယော စ​ပါး​များ​ကို​နယ်​လျက်​နေ​လိမ့်​မည်။-


``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု​မေး​၏။ ရု​သ​က​လည်း``အ​ရှင်၊ ကျွန်​မ​သည်​ရု​သ​ဖြစ် ပါ​သည်။ အ​ရှင်​သည်​ကျွန်​မ​နှင့်​ဆွေ​မျိုး​တော် စပ်​သူ​ဖြစ်​၍ ကျွန်​မ​အား​ကြည့်​ရှု​စောင့်​ရှောက် ရန်​တာ​ဝန်​ရှိ​သူ​ဖြစ်​ပါ​၏။ ထို့​ကြောင့်​ကျွန်​မ အား​ထိမ်း​မြား​လက်​ထပ်​တော်​မူ​ပါ'' ဟု​ပြန် ပြော​လေ​၏။


ဗော​ဇ​က``ထို​လယ်​မြေ​ကို​နော​မိ​ထံ​မှ​သင် ဝယ်​ယူ​ပါ​လျှင် ထို​လယ်​မြေ​သည်​သေ​လွန် သူ​၏​အိမ်​ထောင်​စု​လက်​ဝယ်​ဆက်​လက်​တည် ရှိ​နေ​စေ​ရန်​မော​ဘ​အ​မျိုး​သ​မီး၊ မု​ဆိုး​မ ဖြစ်​သူ​ရု​သ​ကို​လည်း​ဝယ်​ယူ​ရ​ပါ​မည်'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ