မဿဲ 22:24 - မြန်မာ့စံမီသမ္မာကျမ်း24 “ဆရာ၊ လူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏ညီသည် အစ်ကို၏မယားကို ဆက်ခံထိမ်းမြားလျက် သူ့အစ်ကို၏မျိုးဆက်ကို ပေါက်ဖွားစေရမည်ဟု မောရှေညွှန်ကြားခဲ့ပါသည်။ အခန်းကိုကြည့်ပါ။Common Language Bible24 သူတို့က ``ဆရာတော်၊ လူတစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင်သူ၏ မုဆိုးမကိုညီဖြစ်သူကဆက်ခံထိမ်းမြားရ မည်။ ရသောသားသမီးများအားဖြင့်အစ်ကို ၏အမျိုးကိုမပြတ်စေရဟုမောရှေမိန့်မှာ ခဲ့ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible24 ဆ ရာ မော ရှေ က သား မ ရှိ ဘဲ လူ တစ် ဦး သေ လျှင် သူ့ ညီ သည် မု ဆိုး မ နှင့် မတ် ဝတ် ပြု၍ အစ် ကို့ အ ဖို့ အ မျိုး အ နွယ် ဖြစ် ပွား စေ ရ မည် ဟု ဆို ခဲ့ ရာ အခန်းကိုကြည့်ပါ။Judson Bible24 အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 သူတို့က ယေရှုအား “ဆရာတော်… ဇနီးရှိသောလူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ညီဖြစ်သူက ထိုအမျိုးသမီးကို လက်ထပ်ယူ၍ အစ်ကိုဖြစ်သူ၏ မျိုးဆက်မပြတ်စေရန် ဆောင်ရွက်ရမည်ဟု မောရှေညွှန်ကြားခဲ့ပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ24 အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။- အခန်းကိုကြည့်ပါ။ |
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။