ဤသို့ဖြစ်ရခြင်းမှာ အစ္စရေးလူမျိုးတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို မနာခံသည့်အပြင် ထာဝရဘုရား၏အစေအပါးမောရှေအားဖြင့် မိန့်မှာထားသည့် ပဋိညာဉ်ရှိသမျှကိုလည်း မနာခံမလိုက်လျှောက်ဘဲ ချိုးဖောက်ကြသောကြောင့် ဖြစ်၏။
တရားဟော 17:2 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့တစ်မြို့မြို့တွင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထာဝရဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့မှောက်၌ မကောင်းသောအမှုကိုပြုကြောင်း၊ Common Language Bible ``အကယ်၍သင်တို့၏မြို့ရွာများတွင် ယောကျာ်း သို့မဟုတ်မိန်းမတစ်ဦးဦးသည် ထာဝရ ဘုရား၏အမိန့်တော်ကိုဆန့်ကျင်လျက် အခြားသောဘုရားများနှင့်နေ၊ လ၊ ကြယ် များကိုဝတ်ပြုကိုးကွယ်သဖြင့် ထာဝရ ဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ အပြစ် ကူးလွန်ကြောင်းသတင်းကြားမိလျှင်စေ့ စေ့စပ်စပ်စုံစမ်းလော့။ ဣသရေလအမျိုး သားတို့တွင်ထိုစက်ဆုပ်ဖွယ်သောအမှု ပြုသည်ကိုဧကန်သိရသောအခါ၊- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော မြို့ ရွာ များ အ တွင်း ပ ဋိ ညာဉ် တော် ကို ဖောက် ကျော်၍ မြစ် တား တော် မူ ခဲ့ သော အ ခြား ဘု ရား ကို သော်လည်း ကောင်း၊ နေ လ မှ စ သော ကမ္ဘာ့ တန် ဆာ တစ် စုံ တစ် ရာ ကို သော် လည်း ကောင်း၊ လိုက် ပါ ဝတ် ပြု ရှိ ခိုး သည် နှင့်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ဆိုး သွမ်း မှု ကို ပြု သော ယောက်ျား၊ မိန်း မ တစ် ဦး ဦး သည်၊ Judson Bible သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော မြို့တို့တွင်၊ နေ၊ လ၊ မိုးကောင်းကင်တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတစ်ပါးသောဘုရားတို့ကိုသွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊ |
ဤသို့ဖြစ်ရခြင်းမှာ အစ္စရေးလူမျိုးတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို မနာခံသည့်အပြင် ထာဝရဘုရား၏အစေအပါးမောရှေအားဖြင့် မိန့်မှာထားသည့် ပဋိညာဉ်ရှိသမျှကိုလည်း မနာခံမလိုက်လျှောက်ဘဲ ချိုးဖောက်ကြသောကြောင့် ဖြစ်၏။
သူသည် ခမည်းတော်ဟေဇကိမင်းကြီး ဖျက်ဆီးပစ်ခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကို ပြန်လည်တည်ဆောက်၏။ အစ္စရေးဘုရင်အာဟပ်မင်းကြီးပြုသကဲ့သို့ပင် ဗာလယဇ်ပလ္လင်များကိုတည်၍ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း စိုက်ထူ၏။ ကောင်းကင်တန်ဆာရှိသမျှတို့ကိုလည်း ရှိခိုးကိုးကွယ်၏။
ဤသို့ပြုခြင်းသည်လည်း အထက်အရပ်ရှိဘုရားသခင်ကို ငြင်းဆန်ရာရောက်သဖြင့် ဒဏ်ခံထိုက်သောအပြစ် ဖြစ်၏။
ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားများကို ယဇ်ပူဇော်သောသူသည် လုံးလုံးဖျက်ဆီးခြင်းခံရမည်။
ထာဝရဘုရားက “ထိုပဋိညာဉ်သည် သူတို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှ လက်ဆွဲ၍ထုတ်ဆောင်လာခဲ့စဉ်က ဖွဲ့ခဲ့သောပဋိညာဉ်ကဲ့သို့မဟုတ်။ ငါသည် သူတို့၏ခင်ပွန်းဖြစ်သော်လည်း ငါ၏ပဋိညာဉ်ကို သူတို့ချိုးဖောက်ခဲ့ပြီ”ဟု မိန့်တော်မူ၏။
နွားသငယ်ကိုထက်ဝက်ခြမ်းပြီး အလယ်၌ ဖြတ်လျှောက်၍ ငါ့ရှေ့၌ပဋိညာဉ်ဖွဲ့ခဲ့ပြီးမှ ထိုပဋိညာဉ်ပါအချက်ကို မပြုကျင့်၊ ပဋိညာဉ်ကို ချိုးဖောက်သောသူဖြစ်သော
အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူသတ်သောမိန်းမတို့ကို တရားစီရင်သကဲ့သို့ သင့်ကိုငါတရားစီရင်မည်။ မနာလိုစိတ်၊ ဒေါသစိတ်တို့ဖြင့် သင့်ကို သေဒဏ်ပေးမည်။
သို့သော် သူတို့သည် အာဒံကဲ့သို့ပင် ပဋိညာဉ်ကိုချိုးဖောက်ပြီး ထိုအရပ်တွင် ငါ့ကို သစ္စာဖောက်ကြပြီ။
တံပိုးမှုတ်၍ သတိပေးကြလော့။ သူတို့သည် ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး ပညတ်တရားကို ပုန်ကန်ကြသောကြောင့် ရန်သူသည် လင်းယုန်ငှက်ကဲ့သို့ ထာဝရဘုရား၏အိမ်တော်ကို လာတိုက်ခိုက်မည်။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘အစ္စရေးအမျိုးသားထဲမှဖြစ်စေ၊ အစ္စရေးလူမျိုးထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူလျှင် သူသည် မုချအသတ်ခံရမည်။ ပြည်သူပြည်သားတို့သည် သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
ငါ၏ပြဋ္ဌာန်းချက်များကို စွန့်ပယ်လျှင်၊ သင်တို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍ ငါ၏ပညတ်တော်ရှိသမျှတို့ကို မလိုက်နာဘဲ ငါ၏ပဋိညာဉ်ကိုချိုးဖောက်လျှင်
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။
သင်သည် ထိုမကောင်းသောအမှုကိုပြုခဲ့သော ယောက်ျားကိုဖြစ်စေ၊ မိန်းမကိုဖြစ်စေ မြို့တံခါးသို့ထုတ်ဆောင်လာပြီး ခဲနှင့်အသေပေါက်သတ်ရမည်။
ယနေ့ ငါတို့ဘုရားသခင်ထာဝရဘုရားထံတော်မှ စိတ်နှလုံးလမ်းလွဲ၍ ထိုလူမျိုးတို့၏ဘုရားများကိုသွားရောက်ဝတ်ပြုသည့် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ မျိုးနွယ်စုဖြစ်စေ၊ မျိုးနွယ်ဖြစ်စေ သင်တို့တွင် မရှိစေရ။ သင်တို့တွင် အဆိပ်ရှိ၍ခါးသောအသီးကို သီးစေသောအမြစ်မရှိစေရ။
ထိုအခါ လူတို့က ‘သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ သူတို့နှင့်ဖွဲ့တော်မူခဲ့သည့် ပဋိညာဉ်ကို သူတို့စွန့်ပယ်သောကြောင့်လည်းကောင်း၊
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
သင်တို့နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖွဲ့တော်မူသောပဋိညာဉ်ကို မမေ့လျော့ရန်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားတားမြစ်ထားသော မည်သည့်ပုံသဏ္ဌာန်ကိုမျှ သင်တို့အဖို့ ရုပ်တုဆင်းတုအဖြစ်မလုပ်ရန် သတိပြုကြလော့။
မောရှေ၏ပညတ်တရားကိုငြင်းပယ်သောသူသည် သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏သက်သေခံချက်အားဖြင့် သက်ညှာခြင်းမရှိဘဲ သေဒဏ်ခံရ၏။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။
အစ္စရေးလူမျိုးတို့ အပြစ်ပြုကြပြီ။ သူတို့အား ငါပညတ်ထားသည့် ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။ သူတို့သည် ကျိန်ခြင်းခံရသောအရာကို ယူကြပြီ။ ထိုအရာတို့ကို ခိုးယူပြီး လိမ်ညာကြ၏။ မိမိတို့ပစ္စည်းတို့နှင့်အတူ ရောထားကြပြီ။
ကျိန်ခြင်းခံရသောအရာပါလျက် ရွေးထုတ်ခံရသောသူသည် သူနှင့်အတူသူပိုင်ဆိုင်သမျှတို့ကို မီးရှို့ပစ်ရမည်။ အကြောင်းမူကား သူသည် ထာဝရဘုရားနှင့်ပြုထားသောပဋိညာဉ်ကို ချိုးဖောက်၍ အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်သဖြင့် “ဤလူမျိုးသည် ငါ့စကားကို နားမထောင်၊ ဘိုးဘေးတို့နှင့် ငါဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြသောကြောင့်
ယောရှက မိမိကို ရန်ရှာသောသူအပေါင်းတို့အား “သင်တို့သည် ဗာလဘုရားဘက်မှ ရပ်တည်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ ရပ်တည်သောသူမည်သူမဆို နေမထွက်မီ အသတ်ခံရမည်။ သူသည် ဘုရားမှန်လျှင် သူ၏ယဇ်ပလ္လင် ဖြိုဖျက်ခံရသောကြောင့် သူကိုယ်တိုင် ဖြေရှင်းပါစေ”ဟု ဆိုလေ၏။