ဟောရှေ 6:7 - မြန်မာ့စံမီသမ္မာကျမ်း7 သို့သော် သူတို့သည် အာဒံကဲ့သို့ပင် ပဋိညာဉ်ကိုချိုးဖောက်ပြီး ထိုအရပ်တွင် ငါ့ကို သစ္စာဖောက်ကြပြီ။ အခန်းကိုကြည့်ပါ။Common Language Bible7 ``သို့ရာတွင်သူတို့သည်ပြည်တော်ထဲသို့ ဝင်ရောက်လျှင်ဝင်ရောက်ခြင်း ငါနှင့်ပြုလုပ် ခဲ့သောပဋိညာဉ်ကိုချိုးဖောက်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 ထို သူ တို့ သည်၊ လူ့ ဘာ ဝ အ တိုင်း ပ ဋိ ညာဉ် တော် ကို ဖောက် ကျော်၍၊ ဤ ဒေ သ၌ ပင် သ စ္စာ ဖျက် ကြ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible7 သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူးကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။ အခန်းကိုကြည့်ပါ။ |
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။
“ဖြောင့်မတ်တော်မူသောအရှင်သည် ဘုန်းကြီးစေသတည်း”ဟူသော ချီးမွမ်းသီချင်းကို ကမ္ဘာမြေကြီးစွန်းမှ ငါတို့ကြားရ၏။ သို့သော် “ငါ ချုံးချုံးကျသွားပြီ။ ငါ ချုံးချုံးကျသွားပြီ။ ငါ၌ အမင်္ဂလာရှိ၏။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ”ဟု ငါဆို၏။
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။