၄ ရာ 18:12 - မြန်မာ့စံမီသမ္မာကျမ်း12 ဤသို့ဖြစ်ရခြင်းမှာ အစ္စရေးလူမျိုးတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို မနာခံသည့်အပြင် ထာဝရဘုရား၏အစေအပါးမောရှေအားဖြင့် မိန့်မှာထားသည့် ပဋိညာဉ်ရှိသမျှကိုလည်း မနာခံမလိုက်လျှောက်ဘဲ ချိုးဖောက်ကြသောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ရှမာရိမြို့ကျဆုံးရခြင်းမှာ ဣသရေလအမျိုး သားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရ ဘုရား၏စကားတော်ကိုနားမထောင်ဘဲ ကိုယ် တော်ပြုတော်မူသည့်ပဋိညာဉ်တော်ကိုချိုး ဖောက်ကာ ထာဝရဘုရား၏အစေခံမောရှေ ပေးအပ်ခဲ့သည့်ပညတ်တော်တို့ကိုမစောင့် ထိန်းကြသောကြောင့်ဖြစ်၏။ သူတို့သည်စကား တော်ကိုနားမထောင်အမိန့်တော်ကိုလည်း မလိုက်နာကြ။ အခန်းကိုကြည့်ပါ။Garrad Bible12 ထို အ ခြင်း အ ရာ ကား ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို သူ တို့ နား မ ထောင် ဘဲ ကျွန် တော် ရင်း မော ရှေ ဆင့် ဆို ခဲ့ သော ပ ဋိ ညာဉ် တော် ကို မ လိုက် မ နာ၊ ဖောက် ကျော် သော ကြောင့် တည်း။ အခန်းကိုကြည့်ပါ။Judson Bible12 အကြောင်းမူကား၊ သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ဖွဲ့တော်မူသော ပဋိညာဉ်ကိုလည်းကောင်း၊ ထာဝရဘုရား၏ကျွန် မောရှေမှာထားသမျှကိုလည်းကောင်း၊ အမှုမထားလွန်ကျူးကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ကိုယ်တော်၏စကားကို နားမထောင်။ သူတို့အလယ်တွင် ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုမအောက်မေ့ဘဲ ခေါင်းမာလျက် ကိုယ်တော်ကို ပုန်ကန်ကြ၍ ကျွန်ခံရာပြည်သို့ပြန်ရန် ခေါင်းဆောင်ကိုခန့်ထားကြ၏။ သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တတ်သော၊ ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာတော်ကြီးမားသောဘုရားဖြစ်တော်မူ၍ သူတို့ကိုစွန့်ပစ်တော်မမူခဲ့။
သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြရလိမ့်မည်။ သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုမလိုက်နာ၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းမလိုက်လျှောက်ဘဲ သင်တို့ဝန်းကျင်ရှိ လူမျိုးခြားတို့၏စီရင်ထုံးဖွဲ့ချက်များအတိုင်း လိုက်လျှောက်ကြပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်၏ဘိုးဘေးတို့နှင့်အတူ သင်အိပ်ပျော်ပြီးနောက်တွင် ဤလူမျိုးတို့သည် သူတို့ဝင်ရောက်မည့်ပြည်ရှိတိုင်းတစ်ပါးသားတို့၏ဘုရားများနှင့် ထ၍ဖောက်ပြန်မှားယွင်းကြမည်။ ငါကိုစွန့်ပယ်ကြမည်။ သူတို့နှင့်ငါဖွဲ့ခဲ့သော ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
ထိုနေ့ရက်၌ ငါသည် သူတို့ကိုအမျက်ထွက်၍ စွန့်ပစ်မည်။ သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် ဝါးမျိုခြင်းခံရမည်။ ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခများစွာတို့နှင့် ကြုံတွေ့ရမည်။ သို့ဖြစ်၍ ထိုနေ့ရက်၌ သူတို့က ‘ငါတို့၏ဘုရားသခင်သည် ငါတို့နှင့်အတူမရှိသောကြောင့် ဤဘေးအန္တရာယ်များနှင့် ငါတို့ကြုံတွေ့ရသည်မဟုတ်လော’ဟု ဆိုကြလိမ့်မည်။