သူကြီး 6:31 - မြန်မာ့စံမီသမ္မာကျမ်း31 ယောရှက မိမိကို ရန်ရှာသောသူအပေါင်းတို့အား “သင်တို့သည် ဗာလဘုရားဘက်မှ ရပ်တည်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ ရပ်တည်သောသူမည်သူမဆို နေမထွက်မီ အသတ်ခံရမည်။ သူသည် ဘုရားမှန်လျှင် သူ၏ယဇ်ပလ္လင် ဖြိုဖျက်ခံရသောကြောင့် သူကိုယ်တိုင် ဖြေရှင်းပါစေ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible31 ယောရှသည်မိမိထံသို့လာရောက်တောင်းဆို သူအပေါင်းတို့အား``သင်တို့သည်ဗာလကိုယ် စားရှေ့နေလိုက်နေကြပါသလော။ သူ၏ အတွက်အကွယ်အကာပေးနေကြပါသ လော။ သူ့အတွက်ရှေ့နေလိုက်သူမှန်သမျှ သည်နံနက်ချိန်မလွန်မီအသတ်ခံရမည်။ အကယ်၍ဗာလသည်ဘုရားဖြစ်ပါမူ မိမိ ကိုယ်ကိုမိမိကာကွယ်ပါလေစေ။ ဖြိုချခြင်း ခံရသည်မှာသူ၏ယဇ်ပလ္လင်ဖြစ်ပါ၏'' ဟုပြောလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible31 ယော ရှ က၊ သင် တို့ သည် ဗာ လ နတ် ဘက်၌ လျှောက် လဲ ကြ မည် လော။ ကယ် ဆယ် ကြ မည် လော။ သူ့ ဘက်၌ လျှောက် လဲ သူ သည် နံ နက် အ ခါ မ လွန် မီ သေ ဒဏ် ခံ စေ။ အ ကယ်၍ ဘု ရား ဟုတ် ခဲ့ လျှင် ကိုယ့် ပ လ္လင် ကို တစ် စုံ တစ် ယောက် ဖြို ဖျက် သော ကြောင့် ကိုယ့် အ ဖို့ ကိုယ် တိုင် လျှောက် လဲ ပါ စေ ဟု တစ် ဘက်၌ ရပ် သော သူ အ ပေါင်း တို့ အား ဆို သည် နှင့် အ ညီ၊ အခန်းကိုကြည့်ပါ။Judson Bible31 ယောရှသည် တစ်ဖက်၌နေသော သူအပေါင်းတို့အား၊ သင်တို့သည် ဗာလဘုရားဘက်၌ အမှုစောင့်မည်လော။ သူ့ကို ကယ်တင်မည်လော။ သူ့ဘက်၌ အမှုစောင့်သောသူသည်၊ နံနက်မလွန်မီ အသေခံပါလေစေ။ ဗာလသည် ဘုရားမှန်လျှင်၊ သူ၏ယဇ်ပလ္လင်ကို တစ်စုံတစ်ယောက် ဖြိုဖျက်သောကြောင့်၊ မိမိအမှုကို မိမိစောင့်ပါလေစေဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
မွန်းတည့်ချိန်သို့ရောက်သောအခါ ဧလိယက သူတို့အား “အသံကျယ်ကျယ်အော်ခေါ်ကြပါလော့။ ဗာလသည် ဘုရားမှန်သည်မဟုတ်လော။ ယခု ဈာန်ဝင်စားနေကောင်းနေလိမ့်မည်။ သို့မဟုတ် အလေးအပေါ့ သွားကောင်းသွားနေလိမ့်မည်။ သို့မဟုတ် ခရီးလွန်ကောင်းလွန်နေလိမ့်မည်။ သို့မဟုတ် အိပ်ပျော်ကောင်းအိပ်ပျော်နေလိမ့်မည်။ တစ်ယောက်ယောက် သွားနှိုးရလိမ့်မည်”ဟု လှောင်ပြောင်လေ၏။