ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
တရားဟော 17:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုဘုရင်သည် စိတ်နှလုံးလမ်းမလွဲရအောင် မိဖုရားများစွာမထားရှိရ။ ရွှေ၊ ငွေကိုလည်း အလွန်အမင်းမစုဆောင်းရ။ Common Language Bible ဘုရင်သည်မယားများစွာရှိလျှင် ထာဝရ ဘုရားကိုစွန့်သွားနိုင်သဖြင့် သူ၌မယား များစွာမရှိစေရ။ ရွှေ၊ ငွေလည်းများစွာ မရှိစေရ။- Garrad Bible စိတ် တော် ငဲ့ ပါ မည် ကို စိုး ၍၊ မြောက် မြား သော မိ ဖု ရား ကို သိမ်း ခြင်း၊ မြောက် မြား သော ရွှေ ငွေ ကို ဆည်း ပူး ခြင်း မ ပြု ရ။ Judson Bible သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။ |
ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
ထာဝရဘုရားက ‘ငါသည် သင့်ကို ဘေးအန္တရာယ်ပေးမည့်သူအား သင့်မိသားစုထဲက ပေါ်ထွက်စေမည်။ သင့်မျက်စိရှေ့တွင်ပင် သင့်မိဖုရားတို့ကို ယူပြီး သင့်အိမ်နီးချင်းအား ပေးမည်။ သူသည် နေ့အချိန်တွင်ပင် သင့်မိဖုရားတို့နှင့်အတူ အိပ်လိမ့်မည်။
ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့မှ ဂျေရုဆလင်မြို့သို့ ရောက်လာပြီးနောက် ဂျေရုဆလင်မြို့တွင် မိဖုရားများ၊ မောင်းမငယ်များ ထပ်ယူပြီး သားသမီးများလည်း ထပ်မံရရှိလေ၏။
ရှောလမုန်မင်းကြီး၏ဖလားအသုံးအဆောင်အားလုံးမှာ ရွှေဖြင့်ပြုလုပ်ထား၏။ လက်ဘနွန်တောစံနန်းဆောင်၏အသုံးအဆောင်အားလုံးမှာလည်း ရွှေစင်ဖြင့်ပြုလုပ်ထား၏။ ငွေထည်ပစ္စည်းတစ်ခုမျှမရှိ။ ရှောလမုန်မင်းကြီးလက်ထက်တွင် ငွေသည် တန်ဖိုးမရှိဟု မှတ်ယူကြ၏။
ရှင်ဘုရင်သည် ဂျေရုဆလင်မြို့တွင် ငွေကို ကျောက်ခဲသဖွယ်၊ သစ်ကတိုးပင်များကို လွင်ပြင်၌ပေါက်သော သင်္ဘောသဖန်းပင်သဖွယ် အမြောက်အမြားထားရှိ၏။
ဒါဝိဒ်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် မိဖုရားများထပ်ယူပြီး သားသမီးများလည်း ထပ်မံရရှိလေ၏။
ရှင်ဘုရင်သည် ဂျေရုဆလင်မြို့တွင် ရွှေငွေတို့ကို ကျောက်ခဲသဖွယ်၊ သစ်ကတိုးပင်များကို လွင်ပြင်၌ပေါက်သော သင်္ဘောသဖန်းပင်သဖွယ် အမြောက်အမြားထားရှိ၏။
ရောဗောင်မင်းကြီးသည် အဗရှလုံ၏သမီးတော်မာခါကို အခြားသောမိဖုရား၊ မောင်းမမိဿံတို့ထက် ချစ်မြတ်နိုး၏။ သူ၌ မိဖုရားတစ်ဆယ့်ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိပြီး သားတော် နှစ်ဆယ့်ရှစ်ယောက်၊ သမီးတော် အယောက်ခြောက်ဆယ်ရှိ၏။
အစ္စရေးဘုရင်ရှောလမုန်မင်းကြီးသည်လည်း ဤနည်းဖြင့် အပြစ်ပြုခဲ့သည်မဟုတ်လော။ တိုင်းနိုင်ငံများတွင် သူနှင့်တူသောဘုရင်မရှိ။ ဘုရားသခင်သည် သူ့ကိုချစ်တော်မူ၍ အစ္စရေးလူမျိုးအားလုံးတို့၏ဘုရင်အဖြစ် သူ့ကိုခန့်ထားတော်မူ၏။ သို့သော် သူသည် တစ်ပါးအမျိုးသားမိန်းမပျိုတို့အားဖြင့် အပြစ်ကျူးလွန်ခဲ့၏။
ဖိနှိပ်ချုပ်ချယ်မှုကို ယုံကြည်ကိုးစားခြင်းမပြုကြနှင့်။ လုယက်မှုအပေါ်၌လည်း အချည်းနှီးမမျှော်လင့်ကြနှင့်။ ဥစ္စာပစ္စည်းတိုးပွားလျှင်လည်း ထိုအရာတို့ကို စိတ်စွဲလမ်းခြင်းမရှိကြနှင့်။
သင်၏ခွန်အားကို မိန်းမတို့အားလည်းကောင်း၊ သင်၏အားမာန်တို့ကို ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သောသူတို့အားလည်းကောင်း မပေးနှင့်။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။
ဆူးပင်တို့တွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာ၌စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်၏လှည့်ဖြားခြင်းတို့က တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူကိုဆိုလို၏။
‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖော်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်’ဟု မိန့်တော်မူခဲ့ကြောင်း သင်တို့မဖတ်ဖူးကြသလော။
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
ချမ်းသာလိုသောသူတို့သည် ဖြားယောင်းသွေးဆောင်ရာထဲသို့လည်းကောင်း၊ ထောင်ချောက်ထဲသို့လည်းကောင်း၊ လူတို့ကို ပျက်စီးခြင်းနှင့်ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲ၍အန္တရာယ်ရှိသည့် တပ်မက်ခြင်းအမျိုးမျိုးထဲသို့လည်းကောင်း ကျရောက်တတ်ကြ၏။