တရားဟော 17:17 - Common Language Bible17 ဘုရင်သည်မယားများစွာရှိလျှင် ထာဝရ ဘုရားကိုစွန့်သွားနိုင်သဖြင့် သူ၌မယား များစွာမရှိစေရ။ ရွှေ၊ ငွေလည်းများစွာ မရှိစေရ။- အခန်းကိုကြည့်ပါ။Garrad Bible17 စိတ် တော် ငဲ့ ပါ မည် ကို စိုး ၍၊ မြောက် မြား သော မိ ဖု ရား ကို သိမ်း ခြင်း၊ မြောက် မြား သော ရွှေ ငွေ ကို ဆည်း ပူး ခြင်း မ ပြု ရ။ အခန်းကိုကြည့်ပါ။Judson Bible17 သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထိုဘုရင်သည် စိတ်နှလုံးလမ်းမလွဲရအောင် မိဖုရားများစွာမထားရှိရ။ ရွှေ၊ ငွေကိုလည်း အလွန်အမင်းမစုဆောင်းရ။ အခန်းကိုကြည့်ပါ။ |
ငါသည်သူတို့အား``ရှောလမုန်မင်းကိုအပြစ် ကူးလွန်စေသူများကားလူမျိုးခြားအမျိုး သမီးများပင်တည်း။ ထိုမင်းသည်အခြားလူ မျိုးတို့၏ဘုရင်ရှိသမျှထက်ပို၍တန်ခိုး ကြီး၏။ ဘုရားသခင်သည်သူ့ကိုချစ်တော် မူသဖြင့်ဣသရေလတစ်နိုင်ငံလုံးကိုအုပ် စိုးစေတော်မူ၏။ သို့ရာတွင်သူသည်လူမျိုး ခြားများနှင့်ထိမ်းမြားစုံဖက်သည့်အပြစ် ကိုကူးလွန်ပေသည်။-
ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-