၂ ရာ 12:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထာဝရဘုရားက ‘ငါသည် သင့်ကို ဘေးအန္တရာယ်ပေးမည့်သူအား သင့်မိသားစုထဲက ပေါ်ထွက်စေမည်။ သင့်မျက်စိရှေ့တွင်ပင် သင့်မိဖုရားတို့ကို ယူပြီး သင့်အိမ်နီးချင်းအား ပေးမည်။ သူသည် နေ့အချိန်တွင်ပင် သင့်မိဖုရားတို့နှင့်အတူ အိပ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible11 ငါသည်သင်၏မိသားစုထဲမှပင်သင့်အား ဒုက္ခပေးမည့်သူတစ်ဦးကိုပေါ်ပေါက်လာ စေမည်။ သင်၏မယားများကိုအခြားသူ အားငါပေးအပ်သည်ကိုသင်မြင်ရလိမ့်မည်။ ထိုသူသည်သင်၏မယားတို့နှင့်နေ့ခင်း ကြောင်တောင်၌ကိုယ်လက်နှီးနှောမှုကိုပြု လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible11 ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် ကား ငါ သည် သင့် နန်း တွင်း က ပင် သင့် အား ဘေး ပေါ် ထွက် စေ၍ သင့် မျက် မှောက် တွင် ကြင် ဖက် များ ကို သိမ်း ယူ လျက် အ ခြား သူ့ အား အပ် ပေး မည်။ ထို သူ သည် နေ အ လင်း တွင် ပင် ဆက် ဆံ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible11 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသောသူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကိုငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဖော်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းကြီးကလည်း ဂျေရုဆလင်မြို့ရှိ မိမိထံခစားသောမင်းမှုထမ်းအပေါင်းတို့အား “ထကြ။ ယခု ငါတို့ ထွက်ပြေးကြရမည်။ မဟုတ်လျှင် အဗရှလုံလက်မှ လွတ်မည်မဟုတ်။ ငါတို့ အလျင်အမြန်ထွက်သွားရမည်။ မဟုတ်လျှင် သူသည် ငါတို့ကိုလိုက်မီ၍ အန္တရာယ်ပြုလိမ့်မည်။ မြို့သားတို့ကိုလည်း ဓားနှင့်သတ်လိမ့်မည်”ဟု မိန့်ဆို၏။