ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
တောလည် 5:15 - မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားသည် မိမိမယားကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ဆောင်လာရမည်။ မိမိမယားအတွက် မုယောမုန့်ညက်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ပူဇော်သက္ကာအဖြစ် ယူလာရမည်။ ထိုမုန့်ညက်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာ၊ ဒုစရိုက်ကိုအောက်မေ့သတိရစေသည့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်နှင့်အညီ ထိုမုန့်ညက်အပေါ် ဆီမလောင်းရ။ လော်ဗန်မတင်ရ။ Common Language Bible မည်သို့ပင်ဖြစ်စေ၊ ခင်ပွန်းသည်ဇနီးကိုယဇ် ပုရောဟိတ်ထံသို့ခေါ်ဆောင်သွားရမည်။ သူ သည်ပူဇော်သကာအဖြစ် မုယောမုန့်ညက် နှစ်ပေါင်ကိုလည်းယူခဲ့ရမည်။ သို့ရာတွင် ပူဇော်သကာသည်မယုံသင်္ကာသဖြင့် အမှန် တရားကိုဖော်ထုတ်ရန်ဖြစ်သောကြောင့် သူ သည်မုန့်ညက်ပေါ်တွင်သံလွင်ဆီကိုမ လောင်းရ၊ နံ့သာပေါင်းကိုလည်းမတင်ရ။ Garrad Bible လင် သည် မိန်း မ ကို ပ ရော ဟိတ် ထံ ပို့ သွင်း စေ။ အ မှု ဆိုင် ရာ အ လှူ ဒါ န၊ မု ယော မုန့် ညက် တစ် စ ရွတ် ကို လည်း သင်္ကာ ရှင်း ရာ ဘော ဇဉ် သ က္ကာ၊ ဒု စ ရိုက် ကို သ တိ ပြု တော် မူ ဖွယ် ဘော ဇဉ် သ က္ကာ ဖြစ် သည် နှင့် အ ညီ ဆီ လောင်း ခြင်း၊ လော ဗန် တင် ခြင်း မ ပြု ဘဲ တင် သွင်း စေ။ Judson Bible ထိုမိန်းမပြုရသောပူဇော်သကာဖို့ မုယောမုန့်တစ်ဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။ မယားကိုမယုံခြင်းပူဇော်သကာ၊ အပြစ်ကိုဖော်တင်ရာ ပူဇော်သကာဖြစ်၏။ |
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ဘေဘီလုံဘုရင်ထံ သစ္စာခံထားသောသူတို့က ထိုဗေဒင်သည် မဟုတ်မမှန်ဟု ထင်မှတ်ကြလိမ့်မည်။ သို့သော် ဘေဘီလုံဘုရင်သည် သူတို့အား ဖမ်းခေါ်သွားပြီး သူတို့အပြစ်ကို ပြန်သတိရစေမည်။
အီဂျစ်ပြည်သည် အစ္စရေးအမျိုးအနွယ်တို့အတွက် အားကိုးစရာဖြစ်တော့မည်မဟုတ်။ သူတို့သည် အီဂျစ်ပြည်ကို အားကိုးမိခြင်းအတွက် မိမိတို့မှားကြောင်းကို သိရကြလိမ့်မည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထို့ကြောင့် ငါသည် ထိုမိန်းမကို ငွေတစ်ဆယ့်ငါးရှယ်ကယ်နှင့် မုယောဆန်တစ်ဟောမဲခွဲဖြင့် ဝယ်ယူ၏။
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
တစ်စုံတစ်ယောက်သည် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ကို ပူဇော်ရမည်။ ဂျုံမှုန့်ပေါ်တွင် ဆီကိုလောင်း၍ လော်ဗန်ကို တင်ထားပြီးလျှင်
သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။
သို့သော် ထိုသို့ယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်များကိုနှစ်စဉ် ပြန်လည်အောက်မေ့ကြ၏။