တောလည် 5:15 - Common Language Bible15 မည်သို့ပင်ဖြစ်စေ၊ ခင်ပွန်းသည်ဇနီးကိုယဇ် ပုရောဟိတ်ထံသို့ခေါ်ဆောင်သွားရမည်။ သူ သည်ပူဇော်သကာအဖြစ် မုယောမုန့်ညက် နှစ်ပေါင်ကိုလည်းယူခဲ့ရမည်။ သို့ရာတွင် ပူဇော်သကာသည်မယုံသင်္ကာသဖြင့် အမှန် တရားကိုဖော်ထုတ်ရန်ဖြစ်သောကြောင့် သူ သည်မုန့်ညက်ပေါ်တွင်သံလွင်ဆီကိုမ လောင်းရ၊ နံ့သာပေါင်းကိုလည်းမတင်ရ။ အခန်းကိုကြည့်ပါ။Garrad Bible15 လင် သည် မိန်း မ ကို ပ ရော ဟိတ် ထံ ပို့ သွင်း စေ။ အ မှု ဆိုင် ရာ အ လှူ ဒါ န၊ မု ယော မုန့် ညက် တစ် စ ရွတ် ကို လည်း သင်္ကာ ရှင်း ရာ ဘော ဇဉ် သ က္ကာ၊ ဒု စ ရိုက် ကို သ တိ ပြု တော် မူ ဖွယ် ဘော ဇဉ် သ က္ကာ ဖြစ် သည် နှင့် အ ညီ ဆီ လောင်း ခြင်း၊ လော ဗန် တင် ခြင်း မ ပြု ဘဲ တင် သွင်း စေ။ အခန်းကိုကြည့်ပါ။Judson Bible15 ထိုမိန်းမပြုရသောပူဇော်သကာဖို့ မုယောမုန့်တစ်ဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။ မယားကိုမယုံခြင်းပူဇော်သကာ၊ အပြစ်ကိုဖော်တင်ရာ ပူဇော်သကာဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ယောက်ျားသည် မိမိမယားကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ဆောင်လာရမည်။ မိမိမယားအတွက် မုယောမုန့်ညက်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ပူဇော်သက္ကာအဖြစ် ယူလာရမည်။ ထိုမုန့်ညက်သည် သံသယစိတ်ဝင်ခြင်းနှင့်ဆိုင်သည့်ဘောဇဉ်ပူဇော်သက္ကာ၊ ဒုစရိုက်ကိုအောက်မေ့သတိရစေသည့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်နှင့်အညီ ထိုမုန့်ညက်အပေါ် ဆီမလောင်းရ။ လော်ဗန်မတင်ရ။ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့သူမြို့သားတို့သည်ဗာဗု လုန်မင်းနှင့် မိမိတို့ချုပ်ဆိုထားသည့်စစ်ပြေ ငြိမ်းခြင်းစာချုပ်များရှိသဖြင့် ဤသို့ကြို တင်ဟောကိန်းထွက်သည်ကိုယုံကြလိမ့်မည် မဟုတ်။ သို့ရာတွင်သူတို့အားမိမိတို့၏ အပြစ်များကိုပြန်လည်သတိရစေ၍ သူတို့အဖမ်းခံရကြလိမ့်မည်။-
ဣသရေလအမျိုးသားတို့သည်သူတို့ အား နောင်အဘယ်အခါ၌မျှမှီခိုအား ကိုးကြတော့မည်မဟုတ်။ ယင်းသို့အား ကိုးမိခဲ့သည့်အတွက်မိမိတို့အဘယ် မျှမှားကြောင်းကိုဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်ကြုံတွေ့ရသည့် ကံကြမ္မာကပြန်လည်သတိရစေလိမ့် မည်။ ထိုအခါငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သူသည်ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင် ပူဇော်ရန်မတတ်နိုင်လျှင် အပြစ်ဖြေရာယဇ် အဖြစ်မုန့်ညက်နှစ်ပေါင်ကို ယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။ ယင်းပူဇော်ခြင်း သည်ဘောဇဉ်သကာပူဇော်ခြင်းမဟုတ်။ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခြင်းဖြစ် သောကြောင့် မုန့်ညက်ပေါ်တွင်သံလွင်ဆီ သို့မဟုတ်၊ အမွှေးနံ့သာကိုမလောင်းရ။-