ဝတ်ပြု 5:11 - မြန်မာ့စံမီသမ္မာကျမ်း
11 သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 သူသည်ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင် ပူဇော်ရန်မတတ်နိုင်လျှင် အပြစ်ဖြေရာယဇ် အဖြစ်မုန့်ညက်နှစ်ပေါင်ကို ယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။ ယင်းပူဇော်ခြင်း သည်ဘောဇဉ်သကာပူဇော်ခြင်းမဟုတ်။ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခြင်းဖြစ် သောကြောင့် မုန့်ညက်ပေါ်တွင်သံလွင်ဆီ သို့မဟုတ်၊ အမွှေးနံ့သာကိုမလောင်းရ။-
အခန်းကိုကြည့်ပါ။ ကော်ပီ
11 ချိုး နှစ် ကောင်၊ ခို နှစ် ကောင် လက် ဝယ် မ ရှိ လျှင် ပြစ် မှု အ တွက် မုန့် ညက် တစ် စ ရွတ် ကို အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဖြင့် တင် သွင်း လှူ ဒါန်း စေ။ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ ဆီ လောင်း ခြင်း၊ လော ဗန် တင် ခြင်း မ ပြု ရ။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တစ်ခုခုကိုမတတ်နိုင်လျှင်၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ်အရာ၌ မုန့်ညက်တစ်ဩမဲကိုဆောင်ခဲ့၍၊ ဆက်ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်သောကြောင့် ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။
အခန်းကိုကြည့်ပါ။ ကော်ပီ