ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
တောလည် 35:33 - မြန်မာ့စံမီသမ္မာကျမ်း သွေးသည် ပြည်ကို ညစ်ညူးစေသည်ဖြစ်၍ သင်တို့နေထိုင်သောပြည်ကို မညစ်ညူးစေရ။ ပြည်၌ သွန်းသောသွေးအတွက် သွေးသွန်းသောသူ၏သွေးမှတစ်ပါး ထိုပြည်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုမပြုနိုင်။ Common Language Bible ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။- Garrad Bible အ သို့ ဆို သော် အ သွေး သည် နေ ပြည် ကို ညစ် ညူး စေ သည် နှင့် အ ညီ၊ သင် တို့ နေ ရာ ပြည် ကို ညစ် ညူး အောင် မ ပြု ရ။ အ သွေး သွန်း သူ၏ အ သွေး မှ တစ် ပါး၊ နေ ပြည် အ တွင်း သွန်း ပြီး အ သွေး အ စား နေ ပြည် အ တွက် မည် သည့် နည်း မျှ ဖြေ ခြင်း ကို မ ပြု နိုင်။ Judson Bible ထိုသို့ သင်တို့နေသောပြည်ကို မညစ်ညူးစေရ။ လူအသွေးသည် ပြည်ကိုညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။ |
ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
လူ၏အသက်ကိုသတ်သောသူသည် လူ့လက်ဖြင့်အသတ်ခံရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိ၏ပုံသဏ္ဌာန်အတိုင်း လူကိုဖန်ဆင်းတော်မူ၏။
ဂိဗောင်မြို့သားတို့လက်သို့ အပ်လိုက်သဖြင့် ဂိဗောင်မြို့သားတို့သည် သူတို့ကို ထာဝရဘုရားရှေ့တော် တောင်ပေါ်တွင်ကြိုးဒဏ်ပေး၏။ သူတို့သည် သီးနှံရိတ်သိမ်းချိန် မုယောစပါးစတင်ရိတ်သိမ်းသော ပထမရက်တွင် အသတ်ခံရ၍ ခုနစ်ဦးစလုံး ပြိုင်တူသေကြလေ၏။
ယွာဘနှင့် သူ့ဖခင်အိမ်သူအိမ်သားအားလုံးတို့၏ခေါင်းပေါ် ကျရောက်ပါစေ။ ယွာဘအမျိုးထဲတွင် အရိအရွဲထွက်သောသူ၊ အနာကြီးရောဂါစွဲသောသူ၊ ခါးချည့်သောသူ၊ ဓားဖြင့်သေရသူ၊ ငတ်မွတ်သောသူတို့ မပြတ်ပါစေနှင့်”ဟု မိန့်ဆိုလေ၏။
ထိုအခါ ရှင်ဘုရင်က “သူပြောသည့်အတိုင်း ပြုပါ။ သူ့ကို ကွပ်မျက်ပြီး သင်္ဂြိုဟ်လိုက်ပါ။ သို့ပြုလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်၏ခမည်းတော်အမျိုးအနွယ်သည် ယွာဘကအကြောင်းမရှိဘဲ လူအသက်သတ်ခဲ့သောအပြစ်များနှင့် ကင်းဝေးလိမ့်မည်။
သို့သော် မနာရှေမင်းကြီးပြုခဲ့သောအမျက်တော်ထွက်စရာအမှုအလုံးစုံတို့ကြောင့် ထာဝရဘုရားသည် ယုဒလူမျိုးကို ပြင်းစွာအမျက်ထွက်သောအရှိန်မှာ မငြိမ်းပေ။
မနာရှေမင်းကြီးသည် အပြစ်ကင်းသောသူတို့ကိုသတ်၍ ဂျေရုဆလင်မြို့တွင် အပြစ်ကင်းသောသူတို့၏သွေးနှင့် ပြည့်စေသောကြောင့် ထာဝရဘုရားသည် သူ့ကို ခွင့်လွှတ်ရန် အလိုတော်မရှိ။
သူ့ကိုဖမ်းချုပ်ခေါ်ဆောင်သွားပြီး ဘုရင့်နန်းတွင်း မြင်းဝင်ရာတံခါးဝသို့ရောက်သောအခါ သူ့ကို ကွပ်မျက်လိုက်ကြလေ၏။
တစ်ဖန် သူတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်၍ လူသေတို့အားပူဇော်သောယဇ်ကို စားကြ၏။
ထိုသို့ ခါနာန်ရုပ်တုများအား မိမိတို့သားသမီးတို့ကိုပူဇော်ခြင်းအားဖြင့် အပြစ်ကင်းသောသွေးတည်းဟူသော ထိုသားသမီးတို့၏သွေးကိုသွန်း၍ ထိုပြည်ကို သွေးဖြင့်ညစ်ညူးစေကြ၏။
ကမ္ဘာမြေကြီးသည် မြေကြီးသားတို့ကြောင့် ညစ်ညူးလေပြီ။ အကြောင်းမူကား သူတို့သည် ပညတ်တရားများကို ကျူးလွန်ကြ၏။ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကြ၏။ ထာဝရပဋိညာဉ်ကို ချိုးဖောက်ကြ၏။
အကြောင်းမူကား ကြည့်ရှုလော့။ ထာဝရဘုရားသည် မြေကြီးသားတို့ကို အပြစ်ဒဏ်ပေးရန် ကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ အသတ်ခံရသောသူတို့ကို ထုတ်ပြမည်။ သတ်သောသူတို့ကိုလည်း ဝှက်ထားမည်မဟုတ်။
ငါ၏ပြည်ကို ရွံရှာဖွယ်လူသေကောင်ဖြင့် ညစ်ညူးစေ၍ ငါ၏အမွေမြေကို စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည့်စေသော သူတို့၏ဒုစရိုက်၊ သူတို့၏အပြစ်များကြောင့် ငါသည် သူတို့ကို နှစ်ဆတုံ့ပြန်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အကယ်စင်စစ် ဤစကားအလုံးစုံကို သင်တို့အားကြားပြောရန် ထာဝရဘုရား ငါ့ကိုစေလွှတ်တော်မူသည်ဖြစ်၍ ငါ့ကိုသတ်လျှင် သင်တို့နှင့်တကွ ဤမြို့နှင့်မြို့သူမြို့သားတို့သည် အပြစ်မဲ့သောသူအား သတ်သောအပြစ်သင့်လိမ့်မည်ကို သိမှတ်ကြလော့”ဟု ဆို၏။
ထို့ကြောင့် သူတို့၏ပြည်သည်လည်း ညစ်ညူး၏။ သို့ဖြစ်၍ ပြည်၏ဒုစရိုက်ကြောင့် ငါဒဏ်ခတ်သဖြင့် ပြည်သည် ပြည်သူပြည်သားတို့ကို အန်ထုတ်လေပြီ။
ယခုမူ “ဇိအုန်မြို့၊ အသရေပျက်ပါစေ။ သူ့ကို ငါတို့ ဝမ်းသာအားရကြည့်ရပါစေ”ဟု ဆိုသောလူမျိုးများစွာတို့သည် သင့်ကို ဆန့်ကျင်စုရုံးကြ၏။
ခိုလှုံရာမြို့သို့ထွက်ပြေးသောသူသည် ယဇ်ပုရောဟိတ်မကွယ်လွန်မီ မိမိနေရပ်သို့ ပြန်သွား၍ နေထိုင်နိုင်ရန် သူ့ထံမှ ရွေးနုတ်စရာအဖိုးအခကို မခံယူရ။
သို့ပြုလျှင် အမွေအဖြစ် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ထဲ၌ အပြစ်မဲ့သောသူသည် အသက်ဆုံးရှုံးရမည်မဟုတ်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်သည်လည်း သင့်အပေါ် ကျရောက်မည်မဟုတ်။
သူ့ကို မသနားရ။ အပြစ်မဲ့သောသူအားသတ်သောအပြစ်ကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။ သို့မှသာ သင်ကောင်းစားမည်။
အလောင်းကို သစ်တိုင်၌ တစ်ညလုံးမထားရ။ ထိုနေ့၌ပင် မဖြစ်မနေသင်္ဂြိုဟ်ရမည်။ အကြောင်းမူကား ချိတ်ဆွဲထားခြင်းခံရသောသူသည် ဘုရားသခင်ကျိန်တော်မူခြင်းကိုခံရသောသူဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်ကို မညစ်ညူးစေရ။
ယေရုဗ္ဗာလ၏သားအယောက်ခုနစ်ဆယ်ကို ရက်ရက်စက်စက်သတ်ဖြတ်ကြသောအမှုကြောင့် ပြန်ပေးဆပ်ရမည့်သွေးကြွေးသည် ညီအစ်ကိုတို့အား သတ်သောအဘိမလက်နှင့် ထိုညီအစ်ကိုတို့အား သတ်သောအမှု၌ ကူညီပေးသောရှေခင်မြို့သားတို့အပေါ်သို့ ကျရောက်ခြင်းဖြစ်၏။