၃ ရာ 2:31 - မြန်မာ့စံမီသမ္မာကျမ်း31 ထိုအခါ ရှင်ဘုရင်က “သူပြောသည့်အတိုင်း ပြုပါ။ သူ့ကို ကွပ်မျက်ပြီး သင်္ဂြိုဟ်လိုက်ပါ။ သို့ပြုလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်၏ခမည်းတော်အမျိုးအနွယ်သည် ယွာဘကအကြောင်းမရှိဘဲ လူအသက်သတ်ခဲ့သောအပြစ်များနှင့် ကင်းဝေးလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible31 ရှောလမုန်မင်းကလည်း``ယွာဘပြောသည် အတိုင်းပြုလော့။ သူ့ကိုကွပ်မျက်၍သင်္ဂြိုဟ် လိုက်လော့။ ထိုအခါအပြစ်မဲ့သူများအား ယွာဘသတ်ဖြတ်ခဲ့သည့်အပြစ်အတွက် ငါ ၌သော်လည်းကောင်း၊ ဒါဝိဒ်၏အခြားသား မြေးများ၌သော်လည်းကောင်းတာဝန်ရှိ တော်မူမည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible31 ဘု ရင် မင်း က၊ အ ကြောင်း မဲ့ ယွာ ဘ သွန်း ခဲ့ သော အ သွေး အ ပြစ် ကို ငါ နှင့် တ ကွ ဆွေ တော် မျိုး တော် တို့ မှ ပယ် စေ ခြင်း ငှါ သူ ဝန် ခံ ချက် အ တိုင်း ကွပ် မျက် သင်္ဂြိုဟ် လိုက် လော့။ အခန်းကိုကြည့်ပါ။Judson Bible31 ရှင်ဘုရင်က၊ အပြစ်မရှိသောသူ၏ အသက်ကို ယွာဘသတ်သောအပြစ်နှင့် ငါမှစ၍ ငါ့အဆွေအမျိုး ကင်းစင်မည်အကြောင်း သူ့စကားအတိုင်းပြုလော့။ သူ့ကိုလုပ်ကြံ၍သင်္ဂြိုဟ်လော့။ အခန်းကိုကြည့်ပါ။ |