တစ်ပြည်လုံးတွင် ယောဘ၏သမီးများကဲ့သို့ အဆင်းလှသောမိန်းမမျိုး တစ်ယောက်မျှမရှိ။ သူတို့၏ဖခင်သည် သူတို့အား အစ်ကိုများ၊ မောင်များကဲ့သို့ပင် အမွေပေး၏။
တောလည် 27:7 - မြန်မာ့စံမီသမ္မာကျမ်း “စင်စစ် ဇလောဖဒ်သမီးတို့၏တောင်းလျှောက်ချက်မှာ သင့်လျော်၏။ သူတို့ဖခင်၏ညီအစ်ကိုများထဲမှ သူတို့ပိုင်ဆိုင်သောအမွေကို သူတို့အား ပေးရမည်။ သူတို့ဖခင်၏အမွေကို သူတို့အား လွှဲပြောင်းပေးရမည်။ Common Language Bible ``ဇလောဖဒ်၏သမီးများတောင်းဆိုချက်သည် သင့်လျော်သဖြင့်သူတို့ဖခင်၏ဆွေမျိုးသား ချင်းတို့အားမြေခွဲဝေပေးသကဲ့သို့ သူတို့ အားခွဲဝေပေးလော့။ သူတို့ဖခင်၏အမွေ ကိုသူတို့ဆက်ခံကြစေ။- Judson Bible အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏ အမွေဥစ္စာသည် သူတို့လက်သို့ရောက်စေရမည်။ |
တစ်ပြည်လုံးတွင် ယောဘ၏သမီးများကဲ့သို့ အဆင်းလှသောမိန်းမမျိုး တစ်ယောက်မျှမရှိ။ သူတို့၏ဖခင်သည် သူတို့အား အစ်ကိုများ၊ မောင်များကဲ့သို့ပင် အမွေပေး၏။
ဖတဆိုးတို့၏ဖခင်၊ မုဆိုးမတို့အတွက်တရားစီရင်ပေးသောအရှင်မှာ မိမိ၏သန့်ရှင်းသောကိန်းဝပ်ရာအရပ်၌ ရှိတော်မူသော ဘုရားသခင်ပေတည်း။
သင်၌ရှိသော မိဘမဲ့ကလေးတို့ကို ထားခဲ့လော့။ ငါကြည့်ရှုမည်။ သင်၌ရှိသောမုဆိုးမတို့သည်လည်း ငါ့ကိုယုံကြည်ကိုးစားကြစေ”ဟု မိန့်တော်မူ၏။
သင်သည် အစ္စရေးအမျိုးသားတို့အား ‘တစ်စုံတစ်ယောက်သည် သားမရှိဘဲ သေဆုံးသွားလျှင် သူ၏အမွေကို သူ့သမီးအား လွှဲပြောင်းပေးရမည်။
ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း အစ္စရေးအမျိုးသားတို့အား “ယောသပ်သားမြေးအမျိုးအနွယ်လျှောက်ဆိုသောအရာသည် မှန်ပေ၏။
ဇလောဖဒ်သမီးတို့အတွက် ထာဝရဘုရားမိန့်မှာတော်မူချက်ကား ဤသို့ဖြစ်၏။ သူတို့သည် မိမိနှစ်သက်သောသူနှင့်စုံဖက်ခွင့်ရှိ၏။ သို့သော် သူတို့စုံဖက်သောသူသည် သူတို့ဘိုးဘေးအမျိုးအနွယ်၏မျိုးနွယ်စုထဲမှသာ ဖြစ်ရမည်။
သင်တို့အားလုံးသည် ခရစ်တော်ယေရှု၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ယောက်ျားနှင့်မိန်းမဟူ၍လည်းမရှိ။
ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် ခေါင်းဆောင်တို့ထံ လာ၍ “အကျွန်ုပ်တို့ကို အကျွန်ုပ်တို့မောင်နှမများနှင့်အတူ အမွေပေးရမည်ဟု ထာဝရဘုရားက မောရှေကို မိန့်မှာခဲ့ပါ၏”ဟု ဆိုသဖြင့် ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း သူတို့အား သူတို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အမွေမြေကို ခွဲဝေပေး၏။