Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 36:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဇလောဖဒ်​သမီး​တို့​အတွက် ထာဝရဘုရား​မိန့်မှာ​တော်မူ​ချက်​ကား ဤသို့​ဖြစ်​၏​။ သူ​တို့​သည် မိမိ​နှစ်သက်​သော​သူ​နှင့်​စုံဖက်​ခွင့်​ရှိ​၏​။ သို့သော် သူ​တို့​စုံဖက်​သော​သူ​သည် သူ​တို့​ဘိုးဘေး​အမျိုးအနွယ်​၏​မျိုးနွယ်စု​ထဲမှ​သာ ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထာ​ဝ​ရ​ဘု​ရား​က`ဇ​လော​ဖဒ်​၏​သ​မီး​တို့ သည် မိ​မိ​တို့​ကြိုက်​နှစ်​သက်​သော​ယောကျာ်း​နှင့် စုံ​ဖက်​နိုင်​၏။ သို့​ရာ​တွင်​ထို​ယောကျာ်း​သည် မိ​မိ တို့​၏​အ​နွယ်​ဝင်​ဖြစ်​ရ​မည်' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဇ လော ဖဒ်၏ သ မီး တို့ ကို ရည် လျက် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် ကား သူ တို့ အ ဘ၏ အ နွယ် ချင်း သား၊ နှစ် သက် သူ နှင့် အိမ် ထောင် ဘက် ပြု စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဇ​လော​ဖဒ်​သ​မီး​တို့၏​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​သည် အ​လို​ရှိ​သော​သူ​နှင့် စုံ​ဖက်​ပါ​လေ​စေ။ သို့​ရာ​တွင် မိ​စဉ်​ဘ​ဆက် အ​မျိုး​သား​မှ​တစ်​ပါး၊ အ​ခြား​သူ​နှင့် စုံ​ဖက်​ခြင်း​ကို မ​ပြု​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 36:6
7 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​နှင့်​မြေကြီး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​တိုင်တည်​၍ သင်​သည် ငါ​နေထိုင်​လျက်​ရှိ​သော​အရပ်​မှ ခါနာန်​အမျိုးသမီး​များ​ထဲတွင် ငါ့​သား​အတွက် မိန်းမ​ကို​မ​ရှာ​ဘဲ


ဧလာဇာ ကွယ်လွန်​ချိန်​ထိ သား​မ​ရှိ​၊ သမီး​များ​သာ ရှိ​၏​။ ဧလာဇာ​၏​သမီး​တို့​သည် သူ​တို့​၏​ဆွေမျိုးသားချင်း​ဖြစ်​သော ကိရှ​၏​သား​တို့​နှင့် စုံဖက်​ကြ​၏​။


“​စင်စစ် ဇလောဖဒ်​သမီး​တို့​၏​တောင်းလျှောက်​ချက်​မှာ သင့်လျော်​၏​။ သူ​တို့​ဖခင်​၏​ညီအစ်ကို​များ​ထဲ​မှ သူ​တို့​ပိုင်ဆိုင်​သော​အမွေ​ကို သူ​တို့​အား ပေး​ရ​မည်​။ သူ​တို့​ဖခင်​၏​အမွေ​ကို သူ​တို့​အား လွှဲပြောင်း​ပေး​ရ​မည်​။


သူ​တို့​သည် ယောသပ်​၏​သား​ဖြစ်​သော မနာရှေ​၏​သားမြေး​တို့​မျိုးနွယ်စု​နှင့်​သာ စုံဖက်​ကြ​၏​။ ထို့ကြောင့် သူ​တို့​၏​အမွေ​သည် သူ​တို့​ဘိုးဘေး​မျိုးနွယ်စု​၏​အမျိုးအနွယ်​၌ တည်​လေ​၏​။


ထိုအခါ မောရှေ​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း အစ္စရေး​အမျိုးသား​တို့​အား “​ယောသပ်​သားမြေး​အမျိုးအနွယ်​လျှောက်ဆို​သော​အရာ​သည် မှန်​ပေ​၏​။


မ​ယုံကြည်​သော​သူ​တို့​နှင့် မ​ညီ​သော​ထမ်းပိုး​ကို​မ​ထမ်း​ကြ​နှင့်။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​နှင့်​တရားမဲ့​ခြင်း​တို့​အကြား​၌ မည်သို့သော​ပတ်သက်​မှု​ရှိ​သနည်း။ အလင်း​နှင့်​အမှောင်​တို့​အကြား​၌ မည်သို့သော​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​သနည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ