ယောရှု 17:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုနှင့် ခေါင်းဆောင်တို့ထံ လာ၍ “အကျွန်ုပ်တို့ကို အကျွန်ုပ်တို့မောင်နှမများနှင့်အတူ အမွေပေးရမည်ဟု ထာဝရဘုရားက မောရှေကို မိန့်မှာခဲ့ပါ၏”ဟု ဆိုသဖြင့် ထာဝရဘုရား မိန့်မှာခဲ့သည့်အတိုင်း သူတို့အား သူတို့ဖခင်၏ညီအစ်ကိုတို့နှင့်အတူ အမွေမြေကို ခွဲဝေပေး၏။ အခန်းကိုကြည့်ပါ။Common Language Bible4 သူတို့သည်ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှုနှင့်ခေါင်းဆောင်တို့ထံသို့ချဉ်း ကပ်၍``ကျွန်မတို့အားလည်းကောင်း၊ ကျွန်မ တို့၏ဆွေမျိုးသားချင်းဖြစ်သူအမျိုးသား တို့အားလည်းကောင်း ပိုင်ဆိုင်ရန်မြေပေးရ မည်ဟုထာဝရဘုရားသည်မောရှေကို မိန့်မှာခဲ့ပါသည်'' ဟုလျှောက်ထားသဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်သူတို့၏ဆွေမျိုးသားချင်းဖြစ် သူအမျိုးသားများနည်းတူမြေကိုရရှိ ကြသည်။- အခန်းကိုကြည့်ပါ။Garrad Bible4 ထို မိန်း မ တို့ သည် ပ ရော ဟိတ် ဧ လာ ဇာ၊ နန်ု့ သား ယော ရှု နှင့် အ ကြီး အ ကဲ တို့ ထံ ချဉ်း ကပ်၍၊ ဆွေ မျိုး သား ချင်း တို့ အ တွင်း ကျွန် မ တို့ အ ပိုင် ရ စေ ခြင်း ငှာ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ ပါ ပြီ ဟု လျှောက် ဆို ကြ သည့် အ တိုင်း၊ ထာ ဝ ရ ဘု ရား အ မိန့် တော် အ ရ၊ ဆွေ မျိုး သား ချင်း တို့ အ တွင်း အ ပိုင် ပေး ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ မင်းများရှေ့သို့ ချဉ်းကပ်၍ အကျွန်ုပ်တို့ပေါက်ဖော်နှင့်အတူ အမွေခံရသောအခွင့်ကို အကျွန်ုပ် တို့အားပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူပြီဟု လျှောက်၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို ပေး၏။ အခန်းကိုကြည့်ပါ။ |