မည်သည့်လမ်းဖြင့် စစ်ချီမည်နည်း”ဟု မေးလျှင် ယဟောရံမင်းကြီးက “ဧဒုံတောကန္တာရလမ်းအတိုင်း စစ်ချီမည်”ဟု ပြန်ပြော၏။
တောလည် 21:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် ဟောရတောင်မှ ထွက်ခွာ၍ ပင်လယ်နီလမ်းအတိုင်း ခရီးပြုကြရာ လူတို့သည် လမ်းခရီး၌ စိတ်ပျက်အားလျော့ကြ၏။ Common Language Bible ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟောရ တောင်မှထွက်ခွာ၍ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် အကွာဘာပင်လယ်ကွေ့သို့သွားရာလမ်းအတိုင်း ချီတက်ကြလေသည်။ သို့ရာတွင်သူတို့သည် လမ်းခုလတ်တွင် စိတ်ပျက်အားလျော့လာကြ ပြီးလျှင်၊- Garrad Bible ထို နောက် ဧ ဒုံ ပြည် ကို ကွင်း ခြင်း ငှါ ဟော ရ တောင် မှ ပင် လယ် နီ လမ်း ဖြင့် ချီ သွား ကြ ရာ လူ ပ ရိ သတ် သည် ခ ရီး အ ကြား တွင် စိတ် ပျက် လျက်၊ Judson Bible ဟောရတောင်မှထွက်၍ ဧဒုံပြည်ကိုဝိုင်းခြင်းငှာ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊ |
မည်သည့်လမ်းဖြင့် စစ်ချီမည်နည်း”ဟု မေးလျှင် ယဟောရံမင်းကြီးက “ဧဒုံတောကန္တာရလမ်းအတိုင်း စစ်ချီမည်”ဟု ပြန်ပြော၏။
မောရှေသည် အစ္စရေးအမျိုးသားတို့အား ထိုအတိုင်းဆင့်ဆိုသော်လည်း သူတို့သည် စိတ်နာကြည်းသောကြောင့်လည်းကောင်း၊ ကြမ်းတမ်းစွာကျွန်ပြုခံရသောကြောင့်လည်းကောင်း မောရှေ၏စကားကို နားမထောင်ကြပေ။
အာမလက်လူမျိုးနှင့်ခါနာန်လူမျိုးတို့သည် ချိုင့်ဝှမ်း၌ နေထိုင်ကြသည်ဖြစ်၍ မနက်ဖြန် သင်တို့ပြန်လှည့်ပြီး ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကြလော့”ဟု မိန့်တော်မူ၏။
မောရှေသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း နာခံလျက် လူထုအပေါင်းတို့၏မျက်မှောက်မှာပင် ဟောရတောင်ပေါ်သို့သူတို့တက်သွားကြ၏။
အစ္စရေးအမျိုးသားအား ထာဝရဘုရားပေးတော်မူသောပြည်သို့ သူတို့ ကူးသွားရမည်ကို သူတို့ စိတ်ပျက်အောင် အဘယ်ကြောင့် လုပ်ကြသနည်း။
သူတို့သည် ဧရှကောလချိုင့်ဝှမ်းတိုင်အောင်သွား၍ ထိုပြည်ကို ကြည့်ရှုခဲ့သော်လည်း ထာဝရဘုရားပေးတော်မူသောပြည်သို့ အစ္စရေးအမျိုးသားတို့ ဝင်လိုသောစိတ်မရှိအောင် လုပ်ကြ၏။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
သင်တို့မူကား ပြန်လှည့်ပြီး ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကြလော့’ဟု မိန့်တော်မူ၏။
ထို့နောက် ငါတို့သည် ပြန်လှည့်၍ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကာ စိရတောင်ပေါ်ဒေသတွင် ရက်ပေါင်းများစွာ လှည့်လည်ခဲ့ကြ၏။
ထိုမှ ဧဒုံပြည်၊ မောဘပြည်ကိုရှောင်ကွင်း၍ တောကန္တာရကိုဖြတ်ကာ မောဘပြည်အရှေ့ဘက်သို့ရောက်သောအခါ အာနုန်ချောင်းတစ်ဖက်၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်၏နယ်နိမိတ်ဖြစ်သောကြောင့် သူတို့သည် မောဘနယ်နိမိတ်ထဲကို မဝင်ခဲ့ကြ။