Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 6:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ထိုအတိုင်း​ဆင့်ဆို​သော်လည်း သူ​တို့​သည် စိတ်နာကြည်း​သောကြောင့်​လည်းကောင်း​၊ ကြမ်းတမ်း​စွာ​ကျွန်ပြု​ခံရ​သောကြောင့်​လည်းကောင်း မောရှေ​၏​စကား​ကို နား​မ​ထောင်​ကြ​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 မော​ရှေ​သည်​ထို​အ​မိန့်​တော်​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ပြန်​ကြား​သော်​လည်း သူ တို့​သည်​ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့်​အ​လွန်​ပင် ပန်း​နေ​ကြ​သ​ဖြင့်​နား​ထောင်​လက်​ခံ​နိုင်​စွမ်း မ​ရှိ​ကြ​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဣ သ ရေ အ မျိုး သား တို့ အား မော ရှေ ဆင့် ဆို သော် လည်း စိတ် နာ သော ကြောင့် လည်း ကောင်း၊ အ ကြပ် အ တည်း ကျွန် ခံ ရ သော ကြောင့် လည်း ကောင်း၊ မော ရှေ စ ကား ကို နား မ ထောင် ဘဲ နေ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ထို​သို့​မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​သော်​လည်း၊ သူ​တို့​သည် အ​လွန်​စိတ်​ပင်​ပန်း​၍ ကြမ်း​တမ်း​စွာ​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 6:9
9 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် လူ​တို့​ကို ညည်းတွား​ပြ​နေ​သလော​။ အဘယ်ကြောင့် ငါ​စိတ်​မ​တို​သင့်​သနည်း​။


သူ​တို့​ဘဝ​ခါးသီး​ရ​လောက်အောင်​ပင် ကြမ်းတမ်း​သော​အလုပ်​များ​ဖြစ်​သည့် သရွတ်ဖျော်​လုပ်ငန်း​၊ အုတ်ဖုတ်​လုပ်ငန်း​၊ လယ်ယာ​လုပ်ငန်း​ရှိသမျှ​တို့​၌ ခိုင်း​စေ​၏​။ ခိုင်းစေ​လေ​သမျှ​တို့​၌​လည်း ရက်စက်ကြမ်းတမ်း​စွာ ခိုင်း​စေ​၏​။


‘​အီဂျစ်​လူမျိုး​တို့​ထံ အစေခံ​ပါရစေ​။ ငါ​တို့​ကို ဤအတိုင်း​ရှိ​စေ​တော့​’​ဟူ၍ သင့်​ကို အီဂျစ်​ပြည်​၌ ငါ​တို့​ပြော​ခဲ့​သည် မ​ဟုတ်​လော​။ တောကန္တာရ​တွင် သေ​ရ​သည်​ထက် အီဂျစ်​လူမျိုး​တို့​ကို​အစေခံ​ရ​ခြင်း​က ငါ​တို့​အတွက်​သာ၍​ကောင်း​၏​”​ဟု ဆို​ကြ​၏​။


ကာလ​အတန်ကြာ​ပြီးနောက် အီဂျစ်​ဘုရင်​သည်​လည်း အနိစ္စရောက်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း ကျွန်ပြု​ခံရ​သောကြောင့် ညည်းတွား​၍ အော်ဟစ်​ကြ​၏​။ ထိုသို့ ကျွန်ပြု​ခံရ​သောကြောင့် အော်ဟစ်​သော​သူ​တို့​၏​အသံ​သည် ဘုရားသခင်​အထံ​တော်​သို့ ရောက်​လေ​၏​။


“​သင်​တို့​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့​တွင် ငါ​တို့​ကို စက်ဆုပ်ရွံရှာဖွယ်​အပုပ်ကောင်​ဖြစ်​စေ​ပြီး ငါ​တို့​ကို​သတ်​ရန် သူ​တို့​လက်​ထဲသို့ ဓား​ထည့်ပေး​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို​ကြည့်​၍ တရားစီရင်​တော်မူ​ပါစေသော​”​ဟု သူ​တို့​အား ဆို​၏​။


ထို့ကြောင့် ထာဝရဘုရား​က မောရှေ​အား


မကောင်းမှု​ပြု​သော​သူ​တို့​သည် သူတော်ကောင်း​တို့​၏​ရှေ့​၌​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​တို့​သည် ဖြောင့်မတ်​သော​သူ​၏ တံခါးဝ​၌​လည်းကောင်း ဦးညွှတ်​ကြ​ရ​၏​။


လူ​၏​စိတ်​သည် သူ​၏​ရောဂါဝေဒနာ​ကို ခံရပ်​နိုင်​၏​။ သို့သော် စိတ်​ထိခိုက်​နာကျင်​ခြင်း​ကို​ကား မည်သူ​ခံနိုင်​မည်နည်း​။


ထို့နောက် သူ​တို့​သည် ဧဒုံ​ပြည်​ကို​ရှောင်ကွင်း​သွား​ရန် ဟောရ​တောင်​မှ ထွက်ခွာ​၍ ပင်လယ်နီ​လမ်း​အတိုင်း ခရီးပြု​ကြ​ရာ လူ​တို့​သည် လမ်းခရီး​၌ စိတ်ပျက်အားလျော့​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ