ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
တောလည် 20:1 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။ Common Language Bible ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် ပ ဌ မ လ တွင် ဇိ န တော သို့ ဝင် ရောက်၍ ကာ ဒေ ရှ မြို့၌ နေ ကြ စဉ် မိ ရိ အံ သေ လွန် သ ဖြင့် သင်္ဂြိုဟ် ရ လေ၏။ ရေ မ ရှိ သည့် အ တွက် လူ ပ ရိ သတ် သည်၊ Judson Bible သက္ကရာဇ်လေးဆယ်၊ ပထမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သင်္ဂြိုဟ်လေ၏။ |
ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။
ထာဝရဘုရား၏အသံတော်သည် တောကန္တာရကိုတုန်လှုပ်စေတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှတောကန္တာရကို တုန်လှုပ်စေတော်မူ၏။
အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။
သူငယ်၏အစ်မသည်လည်း သူငယ်၌ မည်သို့ဖြစ်မည်ကိုသိမြင်နိုင်ရန် အဝေးမှရပ်ကြည့်နေ၏။
ထိုအခါ သူငယ်၏အစ်မက ဖာရောမင်းကြီး၏သမီးတော်အား “သူငယ်ကို ကြည့်ရှုစောင့်ရှောက်ရန် ဟေဗြဲအမျိုးသမီးထဲမှ နို့ထိန်းတစ်ဦးကို သခင်မအတွက် သွားခေါ်ပေးရမည်လော”ဟု မေးလျှောက်၏။
တောင်ဘက်ခြမ်းတွင် တာမာအရပ်မှ ကာဒေရှအရပ်ရှိမေရိဘစမ်းရေနားအထိ၊ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်အထိ ရောက်၏။ ဤသည်ကား တောင်ဘက်နယ်နိမိတ်ဖြစ်၏။
ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ရွေးနုတ်ခေါ်ဆောင်ခဲ့ပြီ။ သင့်ကိုဦးဆောင်မည့် မောရှေ၊ အာရုန်နှင့်မိရိအံတို့ကို စေလွှတ်ပေးခဲ့ပြီ။
မောရှေသည် ကုရှိအမျိုးသမီးတစ်ယောက်နှင့်စုံဖက်သဖြင့် ထိုကုရှိအမျိုးသမီးနှင့်ပတ်သက်၍ မိရိအံနှင့်အာရုန်သည် မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။
မိုးတိမ်သည် တဲတော်အပေါ်မှ ကွာသွားသည်နှင့် မိရိအံသည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်သည် မိရိအံကိုလှည့်ကြည့်သောအခါ အနာကြီးရောဂါစွဲနေသည်ကို မြင်လျှင်
ထို့ကြောင့် မိရိအံကို တပ်စခန်းအပြင်ဘက်၌ ခုနစ်ရက်ပတ်လုံး နေစေ၏။ မိရိအံကို ပြန်မခေါ်လာမီတိုင်အောင် လူတို့သည် ခရီးမပြုဘဲ နေကြ၏။
ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။
သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။
အကျွန်ုပ်တို့သည် ထာဝရဘုရားထံ အော်ဟစ်သောအခါ အကျွန်ုပ်တို့၏အသံကို ကြားတော်မူ၍ ကောင်းကင်တမန်ကို စေလွှတ်ပြီး အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့ပါ၏။ ယခု အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေအစွန်အဖျားမြို့ဖြစ်သော ကာဒေရှမြို့သို့ရောက်နေပါပြီ။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ကာဒေရှအရပ်မှ ခရီးပြုကြရာ ဟောရတောင်သို့ရောက်လာကြ၏။
မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သူ့သားဧလာဇာအားဝတ်ဆင်ပေးလေ၏။ အာရုန်သည် ထိုတောင်ထိပ်တွင် သေဆုံးလေ၏။ ထို့နောက် မောရှေနှင့်ဧလာဇာတို့သည် တောင်ပေါ်မှဆင်းလာကြ၏။
အာမရံမယား၏အမည်မှာ ယောခေဗက် ဖြစ်၏။ အီဂျစ်ပြည်၌ လေဝိမယားမွေးဖွားသော လေဝိသမီးဖြစ်၏။ ယောခေဗက်သည် အာမရံအားဖြင့် အာရုန်၊ မောရှေနှင့် သူတို့၏အစ်မမိရိအံ တို့ကို မွေးဖွား၏။
အကြောင်းမူကား ဇိနတောကန္တာရ၌ လူထုတို့ပဋိပက္ခဖြစ်ကြစဉ်က သင်တို့သည် ငါ၏အမိန့်ကိုဖီဆန်၍ ရေအနားမှ ထိုသူတို့၏ရှေ့၌ ငါသန့်ရှင်းကြောင်း အသိအမှတ်မပြုကြသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။ (ထိုရေကား ဇိနတောကန္တာရရှိ ကာဒေရှအရပ်မှ မေရိဘစမ်းရေဖြစ်၏။)
ငါတို့သည် ကာဒေရှဗာနာအရပ်မှထွက်ခွာ၍ ဇာရက်ချောင်းကိုကူးသည်အထိ သုံးဆယ့်ရှစ်နှစ်ကြာ၏။ ထိုကာလအတွင်း တပ်စခန်းထဲမှ စစ်သည်မျိုးဆက်အပေါင်းတို့သည် ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သေကြကုန်၏။
အကြောင်းမှာ သင်တို့သည် ဇိနတောကန္တာရ၊ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနား အစ္စရေးအမျိုးသားတို့ရှေ့မှောက်တွင် ငါ့ကိုပြစ်မှား၍ ငါသန့်ရှင်းကြောင်းကို အစ္စရေးအမျိုးသားတို့အလယ်၌ အသိအမှတ်မပြုကြသောကြောင့် ဖြစ်၏။
အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှလာစဉ်က ပင်လယ်နီတိုင်အောင် တောကန္တာရကို ဖြတ်လျှောက်ပြီး ကာဒေရှအရပ်ကိုရောက်ခဲ့၏။