တောလည် 20:1 - Common Language Bible1 ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် ပ ဌ မ လ တွင် ဇိ န တော သို့ ဝင် ရောက်၍ ကာ ဒေ ရှ မြို့၌ နေ ကြ စဉ် မိ ရိ အံ သေ လွန် သ ဖြင့် သင်္ဂြိုဟ် ရ လေ၏။ ရေ မ ရှိ သည့် အ တွက် လူ ပ ရိ သတ် သည်၊ အခန်းကိုကြည့်ပါ။Judson Bible1 သက္ကရာဇ်လေးဆယ်၊ ပထမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သင်္ဂြိုဟ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။-
အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရ၌ငါ၏အမိန့်ကိုဖီဆန် သောကြောင့်ဖြစ်၏။ မေရိဘအရပ်တွင်ဣသ ရေလအမျိုးသားအပေါင်းတို့သည် ငါ့အား အပြစ်တင်၍ညည်းတွားကြသောအခါ သင် တို့သည်သူတို့ရှေ့တွင်ငါ၏တန်ခိုးတော်ကို မထီလေးစားပြုမူခဲ့ကြ၏'' ဟုမိန့်တော် မူသည်။ (မေရိဘသည်ဇိနတောကန္တာရရှိ ကာဒေရှအရပ်၌တည်ရှိသောစမ်းရေ ပေါက်ကိုဆိုလိုသည်။)