Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 20:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ကာဒေရှ​အရပ်​မှ ခရီးပြု​ကြ​ရာ ဟောရ​တောင်​သို့​ရောက်လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22-23 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကာ​ဒေ​ရှ အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ရာ ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ ဟော​ရ​တောင်​သို့​ရောက်​ရှိ​ကြ​လေ​သည်။ ထို အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22-23 ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် ကာ ဒေ ရှ မြို့ မှ ချီ၍ ဧ ဒုံ ပြည် နယ် စွန်း ရှိ ဟော ရ တောင် သို့ ရောက် ကြ သော် ထို တောင် တွင် မော ရှေ၊ အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား က၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ကာ​ဒေ​ရှ​အ​ရပ်​မှ​ပြောင်း၍ ဟော​ရ​တောင်​သို့​ရောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 20:22
10 ပူးပေါင်းရင်းမြစ်များ  

တောင်​ဘက်ခြမ်း​တွင် တာမာ​အရပ်​မှ ကာဒေရှ​အရပ်​ရှိ​မေရိဘ​စမ်းရေ​နား​အထိ​၊ ထိုမှ အီဂျစ်​ချောင်း​အတိုင်း​ဆက်သွား​ကာ မြေထဲပင်လယ်​အထိ ရောက်​၏​။ ဤသည်ကား တောင်ဘက်​နယ်နိမိတ်​ဖြစ်​၏​။


ဂဒ်​တောင်ဘက်​နယ်နိမိတ်​နှင့်​ကပ်​လျက်​ရှိ​သော​နယ်နိမိတ်​မှာ တာမာ​မြို့​မှ ကာဒေရှ​အရပ်​ရှိ မေရိဘ​စမ်းရေ​နား​အထိ ထိုမှ အီဂျစ်​ချောင်း​အတိုင်း​ဆက်သွား​ကာ မြေထဲပင်လယ်​သို့ ရောက်သွား​သည်​အထိ​ဖြစ်​၏​။


သူ​တို့​ပြန်လာ​ကြ​၍ ကာဒေရှ​အရပ်​၊ ပါရန်​တောကန္တာရ​ရှိ မောရှေ​၊ အာရုန်​နှင့် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထံသို့ ရောက်​ကြ​သောအခါ မောရှေ​၊ အာရုန်​နှင့် လူထု​အပေါင်း​တို့​ထံ အစီရင်ခံ​၍ ထို​ပြည်​မှ​ယူလာ​သော​အသီး​ကို​ပြ​ကြ​၏​။


အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ပထမ​လ​၌ ဇိန​တောကန္တာရ​သို့​ရောက်လာ​၍ သူ​တို့​သည် ကာဒေရှ​အရပ်​၌ နေ​ကြ​၏​။ ထို​အရပ်​၌ မိရိအံ​သေ​၍ သူ့​ကို ထို​အရပ်​မှာ​ပင် သင်္ဂြိုဟ်​ကြ​၏​။


မောရှေ​သည် ကာဒေရှ​အရပ်​မှ​စေတမန်​ကို ဧဒုံ​ဘုရင်​ထံ စေလွှတ်​၍ “​အရှင်​၏​ဆွေမျိုးသားချင်း​အစ္စရေး​လူမျိုး​တို့ လျှောက်ဆို​ပါ​၏​။ အကျွန်ုပ်​တို့​တွေ့ကြုံ​ရ​သော​အခက်အခဲ​အားလုံး​ကို အရှင်မင်းကြီး​သိ​ပါ​၏​။


အကျွန်ုပ်​တို့​သည် ထာဝရဘုရား​ထံ အော်ဟစ်​သောအခါ အကျွန်ုပ်​တို့​၏​အသံ​ကို ကြား​တော်မူ​၍ ကောင်းကင်တမန်​ကို စေလွှတ်​ပြီး အကျွန်ုပ်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​ပါ​၏​။ ယခု အကျွန်ုပ်​တို့​သည် အရှင်မင်းကြီး​၏​နယ်မြေ​အစွန်အဖျား​မြို့​ဖြစ်​သော ကာဒေရှ​မြို့​သို့​ရောက်​နေ​ပါ​ပြီ​။


ထို့နောက် သူ​တို့​သည် ဧဒုံ​ပြည်​ကို​ရှောင်ကွင်း​သွား​ရန် ဟောရ​တောင်​မှ ထွက်ခွာ​၍ ပင်လယ်နီ​လမ်း​အတိုင်း ခရီးပြု​ကြ​ရာ လူ​တို့​သည် လမ်းခရီး​၌ စိတ်ပျက်အားလျော့​ကြ​၏​။


မြောက်ဘက်​နယ်နိမိတ်​ကို မြေထဲပင်လယ်​မှ ဟောရ​တောင်​အထိ​၊


သို့ဖြစ်၍ သင်​တို့​သည် ကာဒေရှ​အရပ်​၌ ရက်​ပေါင်း​များစွာ​နေထိုင်​ခဲ့​ရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ