အပြစ်ဒဏ်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်တို့မှရသောငွေများမှာ ယဇ်ပုရောဟိတ်တို့အတွက်သာဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ မသွင်းကြ။
တောလည် 18:19 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် သန့်ရှင်းသောအလှူပစ္စည်းရှိသမျှတို့ကို အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် သင်နှင့် သင်၏သားသမီးတို့အား ငါပေး၏။ ထိုဝေစုသည် ထာဝရဘုရားရှေ့တော်၌ သင်နှင့် သင်၏သားစဉ်မြေးဆက်တို့အတွက် ထာဝရဆားပဋိညာဉ်ဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible ``ဣသရေလအမျိုးသားတို့ကငါ့အား ဆက်သသော အထူးပူဇော်သကာရှိသမျှတို့ ကိုသင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့အားငါပေး၏။ ဤပဋိညာဉ်သည်ငါနှင့်သင် ၏အဆက်အနွယ်တို့ပြုထားသော ထာဝစဉ် တည်မြဲသည့်ပဋိညာဉ်ဖြစ်၏'' ဟုမိန့်တော် မူ၏။ Garrad Bible ငါ ထာ ဝ ရ ဘု ရား ထံ ဣ သ ရေ လ အ မျိုး သား တို့ မြှောက် ဆက် ကြ သော သီး သန့် ရာ အ လှူ များ ကို သင် နှင့် သား သ မီး တို့ အား အ မြဲ ထုံး ဖွဲ့ ချက် ဆွမ်း အ ဖြစ် ငါ အပ် ပြီး ဖြစ်၍ ငါ ထာ ဝ ရ ဘု ရား ရှေ့ သ စ္စာ တော် အား ဖြင့် သင် မှ စ သော အ ဆက် အ နွယ် တို့ နှင့် ဖွဲ့ သော ပ ဋိ ညာဉ် ဖြစ် သည် ဟု မိန့် တော် မူ ၏။ Judson Bible ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သကာရှိသမျှတို့ကို သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ်တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုးအနွယ်နှင့်ဆိုင်၍ ထာဝရဘုရားရှေ့တော်၌ ဆားနှင့်ယှဉ်သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။ |
အပြစ်ဒဏ်ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်တို့မှရသောငွေများမှာ ယဇ်ပုရောဟိတ်တို့အတွက်သာဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ မသွင်းကြ။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ဆားပဋိညာဉ်ဖွဲ့၍ ဒါဝိဒ်မင်းကြီးနှင့် သူ့သားမြေးတို့အား အစ္စရေးလူမျိုးတို့အပေါ် ထာဝရအုပ်စိုးခွင့်ပေးခဲ့သည်ကို သင်တို့ သိကြသည်မဟုတ်လော။
ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် ထာဝရဘုရား၏ပညတ်တရားတော်များအတိုင်း ထမ်းဆောင်နိုင်ရန် သူတို့ရထိုက်သောဝေစုကို သူတို့အား ဂျေရုဆလင်မြို့သားတို့ခွဲဝေပေးရန် ရှင်ဘုရင်အမိန့်ထုတ်ပြန်၏။
အာရုန်နှင့်သူ၏သားတို့အား အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာအတွက်ပေးလှူပူဇော်သောသိုးထီးမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သော ရင်ပုံ၊ ချီလွှဲရာအလှူပစ္စည်းဖြစ်သော ပေါင်ကို သန့်ရှင်းစေရမည်။
ထိုယဇ်ကောင်တို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာ၍ ယဇ်ပုရောဟိတ်တို့က ထိုယဇ်ကောင်များအပေါ် ဆားဖြူးပြီးလျှင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
ဘောဇဉ်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာထဲ၌ ဘုရားသခင်၏ပဋိညာဉ်ဆားကို ခတ်ရန်မမေ့နှင့်။ သင်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။
မိမိဘုရားသခင်အဖို့ စားဖွယ်ရာများဖြစ်သည့် အထူးသန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း၊ သန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း သူစားခွင့်ရှိ၏။
ထိုပူဇော်သက္ကာမုန့်တစ်မျိုးစီထဲမှ တစ်ခုစီကို ထာဝရဘုရားအဖို့ ချီမြှောက်ရာအလှူပစ္စည်းအဖြစ် ပူဇော်ရမည်။ ထိုမုန့်တို့ကို မိတ်သဟာယယဇ်ကောင်၏သွေးကိုဖျန်းသောယဇ်ပုရောဟိတ်သည် ပိုင်၏။
အစ္စရေးအမျိုးသားတို့၏ချီမြှောက်ရာအလှူပစ္စည်း၊ ချီလွှဲရာပူဇော်သက္ကာအားလုံးသည်လည်း သင့်အဖို့ဖြစ်၏။ သင်နှင့်သင့်သားသမီးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် ငါပေးပြီ။ သင့်အိမ်ရှိ စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
တစ်ဖန် ထာဝရဘုရားက အာရုန်အား “ငါ့အား ပေးလှူသောအလှူပစ္စည်းတို့ကို သင့်အား ငါပေးပြီ။ အစ္စရေးအမျိုးသားတို့၏သန့်ရှင်းသောအရာရှိသမျှတို့ကို သင့်ဝေစုအဖြစ်လည်းကောင်း၊ သင်၏သားမြေးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ်လည်းကောင်း ငါပေးပြီ။
သင်သည် ထိုပူဇော်သက္ကာကို သူတို့ရရှိသောတစ်ဝက်ထဲမှ ယူ၍ ထာဝရဘုရားအဖို့ အလှူပစ္စည်းအဖြစ် ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်သော ချီမြှောက်ရာပူဇော်သက္ကာတို့ကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးလေ၏။
သင်ပူဇော်ရမည့် သန့်ရှင်းသောပူဇော်သက္ကာ၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ တို့ကိုယူ၍ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
သင်တို့သည် မိမိတို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ နွားသားဦး၊ သိုးသားဦး တို့ကို ထိုအရပ်သို့ ယူဆောင်လာ၍