Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 31:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​သည် ထာဝရဘုရား​၏​ပညတ်တရား​တော်​များ​အတိုင်း ထမ်းဆောင်​နိုင်​ရန် သူ​တို့​ရထိုက်​သော​ဝေစု​ကို သူ​တို့​အား ဂျေရုဆလင်​မြို့သား​တို့​ခွဲဝေ​ပေး​ရန် ရှင်ဘုရင်​အမိန့်​ထုတ်ပြန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို​အ​ပြင်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် ကျမ်း​ပြ​ဋ္ဌာန်း​ချက်​များ​ကို​အ​ချိန်​ပြည့် တာ​ဝန်​ယူ​ဆောင်​ရွက်​နိုင်​ကြ​စေ​ခြင်း​ငှာ သူ တို့​ခံ​ယူ​ထိုက်​သော​လှူ​ဖွယ်​ပစ္စည်း​များ​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ယူ​ဆောင် လာ​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ထာ ဝ ရ ဘု ရား တ ရား တော် ဘက် သို့ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ လုံး လုံး လိုက် နိုင် ကြ စေ ရန်၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ က၊ ဝ တ္တ ရား အ တိုင်း လှူ ဒါန်း ကြ ရ မည့် အ ကြောင်း မိန့် ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​ကို ကြိုး​စား၍ သွန်​သင်​စေ​ခြင်း​ငှာ၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​တို့​သည် ဥ​စ္စာ​တစ်​ဖို့​ကို လှူ​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 31:4
12 ပူးပေါင်းရင်းမြစ်များ  

မျိုးရိုးစဉ်ဆက်​စာရင်းဝင်​သူ​များ​အပြင် အဖွဲ့​အလိုက်​တာဝန်​ကို​ထမ်းဆောင်​ရန် ထာဝရဘုရား​၏​အိမ်​တော်​ထဲသို့​ဝင်ရောက်​၍ ညွှန်ကြား​ထား​သော​အလုပ်​ကို နေ့စဉ်​လုပ်ဆောင်​သော အသက်​သုံး​နှစ်​နှင့်​အထက်​ရှိ​သော​ယောက်ျား​များ​၊


အကောင်းဆုံး​အသီးဦး​အမျိုးမျိုး​နှင့် အလှူပစ္စည်း​အမျိုးမျိုး​တို့​ကို ယဇ်ပုရောဟိတ်​တို့ ပိုင်​ရ​မည်​။ သင့်​အိမ်သား​တို့ ကောင်းချီးမင်္ဂလာ​ခံစား​ရ​မည့်​အကြောင်း သင်​၏​အဦးဆုံး​မုန့်ညက်​ကို ယဇ်ပုရောဟိတ်​တို့​အား ပေးလှူ​ရ​မည်​။


အကယ်စင်စစ် ယဇ်ပုရောဟိတ်​၏​နှုတ်ခမ်း​သည် အသိပညာ​ကို ထိန်းသိမ်း​ထား​ရ​မည်​။ သူ​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စေတမန်​ဖြစ်​သောကြောင့် သူ​၏​နှုတ်​မှ သွန်သင်ချက်​ကို လူ​တို့ ရှာဖွေ​ဆည်းပူး​ရ​မည်​။


နှုတ်ကပတ်​တရား​ကို​သင်ယူ​သော​သူ​သည် သင်ပေး​သော​သူ​အား ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ဝေမျှ​ပေး​ပါစေ။


အစားအစာ​ဝေစု​ကို ညီတူမျှတူ​ရပိုင်ခွင့်​ရှိ​သည့်​အပြင် ဘိုးဘေး​တို့​ပိုင်​သော​ဥစ္စာ​ကို​ရောင်း​၍​ရ​သော​ငွေ​ကို​လည်း ရ​ပိုင်​ခွင့်​ရှိ​၏​။


လေဝိ​အမျိုးသား​တို့​ထဲမှ ယဇ်ပုရောဟိတ်​ဖြစ်​လာ​သော​သူ​တို့​သည် ပညတ်​တရား​အရ လူ​တို့​ထံမှ ဆယ်ဖို့တစ်ဖို့​ကောက်ခံ​ရ​မည်​ဟူသော​ပညတ်​ချက်​ကို ရရှိ​ထား​ကြ​၏။ ထို​လူ​တို့​မှာ အာဗြဟံ​မှ​ဆင်းသက်​လာ​သည့် မိမိ​တို့​ညီအစ်ကို​များ​ပင်​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ