ထိုအခါ မောရှေနှင့်အာရုန်သည် ပျပ်ဝပ်လျက် “လူသားအားလုံး၏အသက်ဝိညာဉ်ကို ပိုင်တော်မူသော အို ဘုရားသခင်၊ လူတစ်ယောက်၏ပြစ်မှားမှုကြောင့် လူထုအပေါင်းကို အမျက်ထွက်တော်မူမည်လော”ဟု လျှောက်ကြ၏။
သို့ရာတွင်မောရှေနှင့်အာရုန်တို့သည်မြေ ပေါ်တွင်ပျပ်ဝပ်၍`အို ဘုရားသခင်၊ ကိုယ် တော်သည်လူသတ္တဝါအပေါင်းတို့၏အသက် သခင်ဖြစ်တော်မူပါ၏။ လူတစ်ဦးတစ် ယောက်၏အပြစ်ကြောင့်တစ်မျိုးသားလုံး ကိုအမျက်ထွက်တော်မူမည်လော'' ဟု လျှောက်ထားလေသည်။
သူ တို့ သည် ပျပ် ဝပ် လျက် အို ဘု ရား သ ခင် လူ အ ပေါင်း တို့၏ ဝိ ညာဉ် ရှင် ဘု ရား၊ တစ် ဦး တည်း ပြစ် မှား သည့် အ တွက် ပ ရိ သတ် လုံး ၌ အ မျက် ထား တော် မူ မည် လော ဟု တောင်း ပန် ကြ ရာ၊
သူတို့ကပျပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ်သိမ်းသောသတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင်၊ လူတစ်ယောက်အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။
တစ်ဖန် အာဗြဟံက “အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ နောက်တစ်ကြိမ်သာ အကျွန်ုပ်လျှောက်ထားပါရစေ။ ထိုအရပ်တွင် ဆယ်ယောက် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုဆယ်ယောက်အတွက်ကြောင့် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
လူတို့ကိုဒဏ်ခတ်သောကောင်းကင်တမန်ကို မြင်သောအခါ ဒါဝိဒ်မင်းကြီးက ထာဝရဘုရားအား “အပြစ်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ အမှားကျူးလွန်မိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့၌သာ ကိုယ်တော်၏လက်တော် ကျရောက်စေပါ”ဟု လျှောက်တင်လေ၏။
သက်ရှိသတ္တဝါတိုင်း၏အသက်၊ လူသားတိုင်း၏ထွက်သက်ဝင်သက်သည် ထာဝရဘုရားလက်တော်၌ရှိ၏။
ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
မြေမှုန့်သည် လာရင်းမြေသို့ပြန်သွားသကဲ့သို့ အသက်ဝိညာဉ်သည် ၎င်းကိုပေးတော်မူသောဘုရားသခင်ထံသို့ပြန်သွားမည့်အချိန်မရောက်မီ ကိုယ်တော်ကိုအောက်မေ့လော့။
ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။
“ကြည့်ရှုလော့။ ငါသည် သတ္တဝါအပေါင်းတို့ကိုဖန်ဆင်းသော ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါ့အတွက် ခက်ခဲလွန်းသောအရာရှိမည်လော။
ထိုအခါ ဇေဒကိမင်းကြီးက ယေရမိအား “ငါတို့အား ဇီဝအသက်ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်ကိုငါမသတ်။ သင့်အသက်ကို ရန်ရှာသောသူတို့လက်သို့ သင့်ကိုငါမအပ်”ဟု တိတ်တဆိတ်ကျိန်ဆိုလေ၏။
‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
ထို့နောက် မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာ၊ ဣသမာတို့အား “သင်တို့ မသေကြရမည့်အကြောင်း၊ ကိုယ်တော်သည် လူထုအပေါင်းတို့ကိုအမျက်ထွက်တော်မမူမည့်အကြောင်း သင်တို့၏ဆံပင်ကို ဖားလျားမချနှင့်၊ သင်တို့၏အဝတ်ကို မဆုတ်နှင့်။ သင်တို့၏အမျိုးသားချင်းများဖြစ်သော အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားရှို့တော်မူသောမီးအတွက် ငိုကြွေးရကြမည်။
ဘိသိက်ခံယဇ်ပုရောဟိတ်သည် အပြစ်ပြုသဖြင့် လူတို့အပေါ် အပြစ်သက်ရောက်စေလျှင်လည်းကောင်း သူကျူးလွန်သောအပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသည့် နွားထီးပျိုတစ်ကောင်ကို ထာဝရဘုရားအား ပူဇော်ရမည်။
အစ္စရေးလူမျိုးနှင့်ပတ်သက်သော ထာဝရဘုရား၏ဗျာဒိတ်စကား။ မိုးကောင်းကင်ကို ဖြန့်ကြက်၍ မြေကြီးအုတ်မြစ်ကိုတည်ပြီးလျှင် လူ့အထဲ၌ အသက်ဝိညာဉ်ကို ပုံဖော်ဖန်ဆင်းပေးတော်မူသောထာဝရဘုရားက
ထိုအခါ မောရှေနှင့်အာရုန်သည် အစ္စရေးအမျိုးသားလူထုအစုအဝေးအပေါင်းတို့၏ရှေ့၌ ပျပ်ဝပ်လျက်နေကြ၏။
ထာဝရဘုရားကလည်း မောရှေအား
မောရှေသည် ထိုစကားကိုကြားသောအခါ ပျပ်ဝပ်လျက်နေလေ၏။
“ဤလူထုထံမှ ထွက်သွားလော့။ သူတို့ကို ယခုချက်ချင်း ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူလျှင် သူတို့သည် ပျပ်ဝပ်လျက်နေကြ၏။
“လူသားအပေါင်းတို့၏အသက်ဝိညာဉ်ကိုပိုင်တော်မူသောဘုရားသခင် ထာဝရဘုရားသည် ဤလူထုကိုအုပ်စိုးရန် လူတစ်ယောက်ကိုခန့်ထားတော်မူပါစေသော။
သို့ဖြစ်၍ ကျူးလွန်သောအပြစ်တစ်ခုကြောင့် ပြစ်ဒဏ်စီရင်ခြင်းသည် လူအပေါင်းတို့ထံသို့ ရောက်လာသကဲ့သို့ ဖြောင့်မတ်သောအကျင့်တစ်ခုကြောင့် အသက်နှင့်ဆိုင်သောဖြောင့်မတ်ခြင်းသည် လူအပေါင်းတို့ထံသို့ ရောက်လာ၏။
ခပ်သိမ်းသောအရာကို ကြံ့ကြံ့ခံတတ်၏။ ခပ်သိမ်းသောအရာကို ယုံကြည်တတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
ထို့ပြင် ငါတို့တွင် ဆုံးမပဲ့ပြင်ပေးသောလူသားဖခင်ရှိ၍ သူတို့ကို ငါတို့ရိုသေလေးစားကြသည်ဆိုလျှင် ဝိညာဉ်ရေးဆိုင်ရာဖခင်ကို ပို၍ပင် နာခံရမည်မဟုတ်လော။ ထိုအခါ ငါတို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။
ယခုလည်း သင်တို့သည် ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လမ်းလွဲသွားကြပြီ။ ယနေ့ ထာဝရဘုရားကို သင်တို့ပုန်ကန်လျှင် မနက်ဖြန်တွင် အစ္စရေးလူအပေါင်းတို့ကို အမျက်ထွက်တော်မူလိမ့်မည်။