အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 14:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အီဂျစ်​ပြည်​၌​လည်းကောင်း​၊ တောကန္တာရ​၌​လည်းကောင်း ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​များ​နှင့် ငါ​၏​ဘုန်းအသရေ​ကို လူ​အပေါင်း​တို့​သည် တွေ့မြင်​လျက်​နှင့် ငါ့​ကို​ဆယ်​ကြိမ်​တိုင်အောင်​အကဲစမ်း​၍ ငါ့​စကား​ကို နား​မ​ထောင်​ကြ​သောကြောင့်

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​သူ​တို့​အ​နက်​မည်​သူ​မျှ​ထို​ပြည်​သို့​မ​ဝင် ရ။ သူ​တို့​သည်​ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​နှင့်​တော ကန္တာ​ရ​တွင်​ငါ​ပြု​ခဲ့​သော​အံ့​သြ​ဖွယ်​အ​မှု များ​ကို​လည်း​ကောင်း​တွေ့​မြင်​ခဲ့​ရ​သော်​လည်း သူ​တို့​သည်​ငါ့​ကို​အ​ကြိမ်​ကြိမ်​မ​ထီ​လေး​စား ပြု​၍​ငါ့​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ။-

အခန်းကိုကြည့်ပါ။

Judson Bible

ငါ့​ဘုန်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​မှ​စ၍ ဤ​တော၌​ထူး​ဆန်း​သော တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ မြင်​ရ​သော​လူ​အ​ပေါင်း​တို့​သည်၊ ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ဆယ်​ကြိမ်​တိုင်​အောင် ငါ့​ကို​စုံ​စမ်း​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။



တော​လည် 14:22
31 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် ဦးရီး​၏​အိမ်​၌ အနှစ်​နှစ်ဆယ်​နေ​၍ ဦးရီး​၏​သမီး​နှစ်​ယောက်​အတွက် တစ်ဆယ့်​လေး​နှစ်​၊ ဦးရီး​၏​သိုးဆိတ်​တို့​အတွက် ခြောက်​နှစ် အစေခံ​ခဲ့​ပါ​သည်​။ ဦးရီး​သည် အကျွန်ုပ်​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​ပြောင်းလဲ​ခဲ့​ပါ​သည်​။


သို့သော် သင်​တို့​၏​ဖခင်​သည် ငါ့​ကို​လှည့်စား​၍ ငါ​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​တိုင်တိုင်​ပြောင်းလဲ​ခဲ့​ပြီ​။ သို့ရာတွင် ငါ့​ကို​ထိခိုက်နစ်နာ​စေရန် ဘုရားသခင်​သည် သူ့​ကို​ခွင့်​ပေး​တော်​မ​မူ​။


ငါ့​ကို ဆယ်​ကြိမ်​တိုင်တိုင် ပုတ်ခတ်ပြောဆို​ကြ​ပြီ​။ ငါ့​ကို စော်ကားပြောဆို​ကြ​ပြီ​။ သင်​တို့​မ​ရှက်​ကြ​သလော​။


သူ​တို့​သည် တောကန္တာရ​၌ အလိုဆန္ဒ​ပြင်းပြ​ကြ​၍ ကန္တာရမြေ​၌ ဘုရားသခင်​ကို​စမ်းသပ်​ခဲ့​ကြ​၏​။


ထို့ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို တောကန္တာရ​ထဲတွင် ကျဆုံး​စေ​မည်​ဟူ၍​လည်းကောင်း​၊


သူ​တို့​သည် ဘုရားသခင်​ကို​အကြိမ်ကြိမ်​စမ်းသပ်​လျက် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၏​စိတ်​တော်​ကို ဆွ​ကြ​၏​။


မောရှေ​ကို​လည်း “​အီဂျစ်​ပြည်​၌ သင်္ချိုင်း​မ​ရှိ​သောကြောင့် တောကန္တာရ​ထဲ၌​သေ​စေရန် ငါ​တို့​ကို​ခေါ်ဆောင်​လာ​ခဲ့​သလော​။ ငါ​တို့​အား အဘယ်ကြောင့် ဤသို့​ပြု​သနည်း​။ ငါ​တို့​ကို အီဂျစ်​ပြည်​ထဲမှ အဘယ်ကြောင့် ထုတ်ဆောင်​ခဲ့​သနည်း​။


ထိုအခါ အစ္စရေး​လူမျိုး​တို့​က မောရှေ​အား “​အကျွန်ုပ်​တို့ ဘာ​သောက်​ရ​မည်နည်း​”​ဟု ဆို​လျက် ညည်းညူ​ကြ​၏​။


ထို​တောကန္တာရ​ထဲ၌ အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် မောရှေ​နှင့်​အာရုန်​တို့​ထံသို့​လာ​၍


ထိုအခါ လူ​တို့​က မောရှေ​အား “​ငါ​တို့​သောက်​ဖို့​ရေ​ပေး​ပါ​လော့​”​ဟု ဆို​၍​ရန်တွေ့​ကြ​၏​။ မောရှေ​က​လည်း “​ငါ့​ကို အဘယ်ကြောင့်​ရန်တွေ့​ကြ​သနည်း​။ ထာဝရဘုရား​ကို အဘယ်ကြောင့်​အကဲစမ်း​ကြ​သနည်း​”​ဟု ဆို​၏​။


ထို​အရပ်​၌ လူ​တို့​သည် ရေ​ငတ်​ကြ​သဖြင့် မောရှေ​အား “​ငါ​တို့​နှင့်တကွ ငါ​တို့​၏​သားသမီး​များ​၊ တိရစ္ဆာန်​များ​ကို ရေငတ်​၍​သေ​စေရန် ငါ​တို့​ကို အဘယ်ကြောင့် အီဂျစ်​ပြည်​မှ ထုတ်ဆောင်​ခဲ့​သနည်း​”​ဟု ညည်းညူ​ပြ​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ရန်တွေ့​ကြ​သောကြောင့်​လည်းကောင်း​၊ “​ထာဝရဘုရား​သည် ငါ​တို့​၌​ရှိ​သလော​၊ မ​ရှိ​သလော​”​ဟု ဆို​လျက် ထာဝရဘုရား​အား အကဲစမ်း​ကြ​သောကြောင့်​လည်းကောင်း ထို​အရပ်​၏​အမည်​ကို မဿာ ဟူ၍​လည်းကောင်း​၊ မေရိဘ ဟူ၍​လည်းကောင်း ခေါ်​လေ​၏​။


မောရှေ​သည် တောင်​ပေါ်မှ​မ​ဆင်းလာ​သေး​ဘဲ ကြန့်ကြာ​နေ​သည်​ကို လူ​တို့​သိ​သောအခါ အာရုန်​ထံသို့​စုရုံး​လာ​၍ “​ထ​ပါ​။ ငါ​တို့​ရှေ့​မှ​ကြွ​မည့်​ဘုရား​ကို ငါ​တို့​အဖို့ လုပ်ပေး​ပါ​။ အီဂျစ်​ပြည်​မှ ငါ​တို့​ကို ထုတ်ဆောင်​လာ​သော ထို​မောရှေ​ဆို​သူ​၌ မည်သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​”​ဟု ဆို​ကြ​၏​။


“​သင်​တို့​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့​တွင် ငါ​တို့​ကို စက်ဆုပ်ရွံရှာဖွယ်​အပုပ်ကောင်​ဖြစ်​စေ​ပြီး ငါ​တို့​ကို​သတ်​ရန် သူ​တို့​လက်​ထဲသို့ ဓား​ထည့်ပေး​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို​ကြည့်​၍ တရားစီရင်​တော်မူ​ပါစေသော​”​ဟု သူ​တို့​အား ဆို​၏​။


သင်​သည် အမှုအရာ​များစွာ​ကို မြင်တွေ့​သော်လည်း အလေး​မ​ထား​။ နား​ပွင့်​နေ​သော်လည်း မ​ကြား​။


ရှင်ဘုရင်​မေးမြန်း​သမျှ​သော​ဉာဏ်စမ်း​မေးခွန်း​တို့​ကို ဖြေကြား​ရာ​တွင် သူ​တို့​သည် တစ်နိုင်ငံလုံး​ရှိ​နတ်ဝိဇ္ဇာဆရာ​များ​၊ ဂမ္ဘီရဆရာ​များ​ထက် ဆယ်​ဆ​မက သာ​သည်​ကို ရှင်ဘုရင်​တွေ့​ရ​၏​။


ထို့ကြောင့် ယခုမှာ အကျွန်ုပ်​တို့​သည် မာနထောင်လွှား​သော​သူ​ကို မင်္ဂလာ​ရှိ​သော​သူ​ဟု မှတ်ယူ​၏​။ အကယ်စင်စစ် ဆိုးယုတ်​သော​သူ​တို့​သည် ကြီးပွား​တိုးတက်​၏​။ ဘုရားသခင်​ကို စမ်းသပ်​သော​သူ​တို့​သည်​လည်း ဘေးဒုက္ခ​မ​ရောက်”​ဟု ဆို​ကြ​ပြီ​။


လူ​တို့​သည် မိမိ​တို့​ခံရ​သော​ဆင်းရဲဒုက္ခ​အကြောင်း​ကို ထာဝရဘုရား​ကြားသိ​အောင် ညည်းညူ​ကြ​၏​။ ထာဝရဘုရား​ကြား​တော်မူ​သောအခါ အမျက်ထွက်​၍ သူ​တို့​အလယ်​တွင် ထာဝရဘုရား​၏​မီး​တောက်လောင်​လေ​၏​။ ထို​မီး​သည် တပ်စခန်း​၏​အစွန်အဖျား​ကို လောင်ကျွမ်း​သဖြင့်


အစ္စရေး​အမျိုးသား​တို့​နှင့် ရောနှော​ပါလာ​သော​လူ​တို့​သည် အလိုဆန္ဒ​ပြင်းပြ​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​လည်း ငိုကြွေးမြည်တမ်း​ကြ​ပြန်​၍ “​ငါ​တို့​စားစရာ​အသား​ကို မည်သူ​ပေး​မည်နည်း​။


မောရှေ​သည် ကုရှိ​အမျိုးသမီး​တစ်​ယောက်​နှင့်​စုံဖက်​သဖြင့် ထို​ကုရှိ​အမျိုးသမီး​နှင့်​ပတ်သက်၍ မိရိအံ​နှင့်​အာရုန်​သည် မောရှေ​အား ဆန့်ကျင်​ပြောဆို​ကြ​၏​။


ထာဝရဘုရား​က မောရှေ​အား “​ဤ​လူမျိုး​သည် ငါ့​ကို မည်မျှ​ကြာ​အောင် မထီလေးစား​ပြု​ကြ​မည်နည်း​။ သူ​တို့​တွင် ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​အလုံးစုံ​တို့​ကို သူ​တို့​မြင်​ရ​သော်လည်း ငါ့​ကို မည်မျှ​ကြာ​အောင် မ​ယုံကြည်​ဘဲ​နေ​ကြ​မည်နည်း​။


အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် မောရှေ​နှင့်​အာရုန်​ကို​အပြစ်တင်​လျက် “​ငါ​တို့​သည် အီဂျစ်​ပြည်​၌ သေ​ခဲ့​ပါစေလား​၊ သို့မဟုတ်လျှင်လည်း ဤ​တောကန္တာရ​၌ သေ​ခဲ့​ပါစေလား​။


သို့သော် ကေနက်​အမျိုး​၊ ယေဖုန္နာ​၏​သား ကာလက်​နှင့် နုန်​၏​သား ယောရှု​တို့​သည် ထာဝရဘုရား​နောက်သို့​လုံးလုံး​လိုက်​သောကြောင့် ထို​ပြည်​ကို မြင်​ရ​လိမ့်မည်​’​ဟု ကျိန်ဆို​တော်မူ​၏​။


ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို အကဲ​မ​စမ်း​ရ’ဟူ၍​လည်း ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။


သို့သော် ဘုရားသခင်​သည် သူ​တို့​ထဲမှ အများစု​ကို နှစ်သက်​တော်​မ​မူ​ခဲ့​ပေ။ ထို့ကြောင့် သူ​တို့​သည် တော​ကန္တာရ​၌ သေကျေ​ပျက်စီး​ခဲ့​ကြ​ရ​၏။


သူ​တို့​ထဲမှ အချို့​တို့​သည် အကဲစမ်း​သကဲ့သို့ ငါ​တို့​သည် ခရစ်တော်​ကို အကဲ​မ​စမ်း​ဘဲ နေ​ကြ​ကုန်စို့။ ထိုသို့​အကဲစမ်း​သော​သူ​တို့​သည် မြွေ​များ​အားဖြင့် ဖျက်ဆီး​ခြင်း​ခံရ​ကြ​၏။


သင်​သည် တောကန္တာရ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို မည်သို့​အမျက်ထွက်​စေ​ခဲ့​သည်​ကို အောက်မေ့​လော့​။ မ​မေ့လျော့​နှင့်​။ သင်​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​မှစ၍ ဤ​အရပ်​သို့​ရောက်​သည့်​တိုင်အောင် ထာဝရဘုရား​ကို ပုန်ကန်​ခဲ့​ကြ​၏​။


ထို​အရပ်​တွင် သင်​တို့​ဘိုးဘေး​များ​သည် ငါ့​ကို​စမ်းသပ်​လျက် စစ်ဆေး​ကြ​ကာ အနှစ်​လေးဆယ်​အတွင်း ငါ​ပြု​သော​အမှု​များ​ကို တွေ့မြင်​ခဲ့​ကြ​၏။