ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
တောလည် 11:21 - မြန်မာ့စံမီသမ္မာကျမ်း မောရှေကလည်း “အကျွန်ုပ်နှင့်အတူ လိုက်ပါလာသောလူတို့တွင် ခြေကျင်လျှောက်သောယောက်ျား ခြောက်သိန်းရှိပါ၏။ ကိုယ်တော်က ‘ငါသည် သူတို့အား အသားကိုပေး၍ သူတို့သည် တစ်လလုံးစားရလိမ့်မည်’ဟု မိန့်တော်မူပါသည်တကား။ Common Language Bible မောရှေကထာဝရဘုရားအား``အကျွန်ုပ်မှာ လူပေါင်းခြောက်သိန်းရှိပါ၏။ ကိုယ်တော်က သူတို့အားတစ်လပတ်လုံးအသားကျွေး မည်ဟုမိန့်တော်မူပါသည်။- Garrad Bible မော ရှေ က၊ အ ကျွန်ုပ် နှင့် လိုက် သော လူ ပေါင်း ကား၊ ခြေ လျင် သွား သူ ခြောက် သိန်း ပါ ပါ၏။ ကိုယ် တော် မှာ မူ တစ် လ ပတ် လုံး စား ရန် အ သား ကို ပေး မည် ဟု က တိ ထား တော် မူ ပြီ တ ကား။ Judson Bible မောရှေကလည်း၊ အကျွန်ုပ်နှင့်ဆိုင်သော လူယောက်ျားပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တစ်လစားစရာဖို့ သူတို့အားအမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊ |
ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
အသက်နှစ်ဆယ်နှင့်အထက် ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့မှာ ခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ရှိ၍ တစ်ယောက်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းအရ ရှယ်ကယ်တစ်ဝက်ဖြစ်သော တစ်ဗေကာကို ပေးဆောင်ကြ၏။
သူတို့က အကျွန်ုပ်အား ‘ငါတို့စားဖို့အသားကို ပေးပါ’ဟု ဆိုလျက် ငိုကြွေးကြသည်ဖြစ်၍ အကျွန်ုပ်သည် ဤလူအပေါင်းတို့ကိုပေးဖို့ အသားကို အဘယ်က ရနိုင်ပါမည်နည်း။
သင်တို့နှင့်အတူရှိတော်မူသောထာဝရဘုရားကို သင်တို့ စွန့်ပယ်ကြ၍ ငါတို့သည် အဘယ်ကြောင့် အီဂျစ်ပြည်မှထွက်လာကြသနည်းဟု ထာဝရဘုရားရှေ့တော်၌ ငိုကြွေးလျက်ဆိုကြသောကြောင့် သင်တို့၏နှာခေါင်းမှထွက်၍ သင်တို့ရွံရှာသည်အထိ တစ်လလုံး အသားကို စားရလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သိုးအုပ်၊ နွားအုပ်တို့ကိုသတ်လျှင်လည်း သူတို့အတွက် လုံလောက်ပါမည်လော။ ပင်လယ်ငါးရှိသမျှတို့ကို စုဝေးစေလျှင်လည်း သူတို့အတွက် လုံလောက်ပါမည်လော”ဟု လျှောက်ဆိုလေ၏။
ဤသည်ကား ဘိုးဘေးအိမ်ထောင်စုအလိုက် အစ္စရေးအမျိုးသားတို့၏အရေအတွက် ဖြစ်၏။ သူတို့တပ်ဖွဲ့အလိုက် တပ်စခန်းများရှိလူအရေအတွက်စုစုပေါင်းမှာ ခြောက်သိန်းသုံးထောင့်ငါးရာ့ငါးဆယ် ဖြစ်၏။
အစ္စရေးအမျိုးသားတို့၏အရေအတွက်မှာ ခြောက်သိန်းတစ်ထောင်ခုနစ်ရာ့သုံးဆယ် ရှိ၏။