တောလည် 11:22 - မြန်မာ့စံမီသမ္မာကျမ်း22 သိုးအုပ်၊ နွားအုပ်တို့ကိုသတ်လျှင်လည်း သူတို့အတွက် လုံလောက်ပါမည်လော။ ပင်လယ်ငါးရှိသမျှတို့ကို စုဝေးစေလျှင်လည်း သူတို့အတွက် လုံလောက်ပါမည်လော”ဟု လျှောက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible22 သူတို့ဝလင်စွာစားနိုင်ရန်သိုးနွားဆိတ် အလုံအလောက်ရနိုင်ပါမည်လော။ သူတို့ အတွက်ပင်လယ်မှငါးအလုံအလောက် ရနိုင်ပါမည်လော'' ဟုလျှောက်ထားလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible22 ချင် ရဲ ပြေ စေ ရန် နွား၊ သိုး၊ ဆိတ် အုပ် များ ကို သတ် ရ မည် လော။ သ မု ဒ္ဒ ရာ ရှိ သ မျှ ငါး များ ကို ကျုံး ယူ ရ မည် လော ဟု ပြန် လျှောက် လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible22 သူတို့ကိုဝစွာကျွေးခြင်းငှာ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှာ၊ ပင်လယ်ငါးရှိသမျှတို့ကို စုဝေးရပါမည်လောဟု လျှောက်လျှင်၊ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။