Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 11:21 - Common Language Bible

21 မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​မှာ လူ​ပေါင်း​ခြောက်​သိန်း​ရှိ​ပါ​၏။ ကိုယ်​တော်​က သူ​တို့​အား​တစ်​လ​ပတ်​လုံး​အ​သား​ကျွေး မည်​ဟု​မိန့်​တော်​မူ​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 မော ရှေ က၊ အ ကျွန်ုပ် နှင့် လိုက် သော လူ ပေါင်း ကား၊ ခြေ လျင် သွား သူ ခြောက် သိန်း ပါ ပါ၏။ ကိုယ် တော် မှာ မူ တစ် လ ပတ် လုံး စား ရန် အ သား ကို ပေး မည် ဟု က တိ ထား တော် မူ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​နှင့်​ဆိုင်​သော လူ​ယောက်ျား​ပေါင်း ခြောက်​သိန်း​ရှိ​ကြ​သည်​ဖြစ်၍ ကိုယ်​တော်​က တစ်​လ​စား​စ​ရာ​ဖို့ သူ​တို့​အား​အ​မဲ​သား​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​ပါ​သည်​တ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 မောရှေ​က​လည်း “​အကျွန်ုပ်​နှင့်အတူ လိုက်ပါ​လာ​သော​လူ​တို့​တွင် ခြေကျင်​လျှောက်​သော​ယောက်ျား ခြောက်သိန်း​ရှိ​ပါ​၏​။ ကိုယ်တော်​က ‘​ငါ​သည် သူ​တို့​အား အသား​ကို​ပေး​၍ သူ​တို့​သည် တစ်လလုံး​စား​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​ပါ​သည်​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 11:21
9 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ သု​ကုတ်​မြို့​သို့​ခြေ​လျင်​ခ​ရီး​ဖြင့်​ထွက်​ခွာ လာ​ခဲ့​ကြ​၏။ အ​ရေ​အ​တွက်​အား​ဖြင့်​အ​မျိုး သ​မီး​နှင့်​က​လေး​များ​မ​ပါ​ဘဲ စု​စု​ပေါင်း လူ​ခြောက်​သိန်း​မျှ​ရှိ​လေ​သည်။-


ထို​ငွေ​ချိန်​သည်​သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး ချင်း​က တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​ပေး​ဆောင် သော​ငွေ​ချိန်​စု​စု​ပေါင်း​ဖြစ်​သ​တည်း။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​သန်း​ခေါင်​စာ​ရင်း​ဝင် အ​မျိုး​သား​ဦး​ရေ​မှာ ခြောက်​သိန်း​သုံး​ထောင်​ငါး ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-


ဤ​သူ​အ​ပေါင်း​တို့​စား​ရန်​အ​သား​ကို​အ​ကျွန်ုပ် အ​ဘယ်​မှာ​ရှာ​၍​ရ​နိုင်​ပါ​မည်​နည်း။ သူ​တို့​သည် အ​သား​စား​လို​ပါ​သည်​ဟူ​၍ ညည်း​တွား​တောင်း ဆို​လျက်​ရှိ​ကြ​ပါ​သည်။-


အ​သား​သည်​သူ​တို့​၏​နား​များ​မှ​ထွက်​၍ အ​သား​ကို​ရွံ​မုန်း​လာ​သည့်​တိုင်​အောင် တစ်​လ လုံး​လုံး​စား​ရ​ကြ​မည်။ ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​တ​သ​လျက်​သူ တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​ပစ်​ပယ်​ကာ​ညည်း​ညူ​ကြ​သော​ကြောင့်​ဖြစ် သည်'' ဟု​မိန့်​တော်​မူ​၏။


သူ​တို့​ဝ​လင်​စွာ​စား​နိုင်​ရန်​သိုး​နွား​ဆိတ် အ​လုံ​အ​လောက်​ရ​နိုင်​ပါ​မည်​လော။ သူ​တို့ အ​တွက်​ပင်​လယ်​မှ​ငါး​အ​လုံ​အ​လောက် ရ​နိုင်​ပါ​မည်​လော'' ဟု​လျှောက်​ထား​လေ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တပ်​အ​လိုက်​နှင့်​သား​ချင်း​စု​အ​လိုက်​လူ​ဦး​ရေ​စာ​ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​သိန်း​သုံး​ထောင့်​ငါး​ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​ဦး​ရေ​မှာ ခြောက်​သိန်း​တစ်​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက် ဖြစ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ