မိမိတို့၏တဲများတွင် ညည်းတွားကာ ထာဝရဘုရား၏စကားတော်ကို နားမထောင်ခဲ့ကြချေ။
တောလည် 11:10 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် အသီးသီးမိမိတို့မျိုးနွယ်စုအလိုက် မိမိတို့တဲအဝင်ဝ၌ ငိုကြွေးနေကြသည်ကို မောရှေကြား၏။ ထာဝရဘုရားသည် အလွန်အမျက်ထွက်၏။ မောရှေသည်လည်း ဆိုးရွားသောအမှုဖြစ်သည်ဟု မြင်လေ၏။ Common Language Bible လူအပေါင်းတို့သည်မိမိတို့၏တဲဝအ သီးသီးတွင်စုရုံးကာ ညည်းညူနေကြသော အသံကိုမောရှေကြားရ၏။ ထာဝရဘုရား အမျက်ထွက်တော်မူသောကြောင့် မောရှေသည် စိတ်မချမ်းမသာဖြစ်၏။- Garrad Bible အ ဆက် အ နွယ် အ လိုက် လူ အ သီး အ သီး တို့ သည် ကိုယ် တဲ ဝ တွင် ငို ကြွေး ကြ သည် ကို မော ရှေ ကြား လျှင် စိတ် ဆိုး သည့် ပြင် ထာ ဝ ရ ဘု ရား လည်း ပြင်း စွာ အ မျက် ထား တော် မူ ၏။ Judson Bible ထိုအခါ လူများအသီးအသီးတို့သည် မိမိတဲတံခါးဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူ၏။ အပြစ်ရှိသည်ကို မောရှေသိမြင်လျှင်၊ |
မိမိတို့၏တဲများတွင် ညည်းတွားကာ ထာဝရဘုရား၏စကားတော်ကို နားမထောင်ခဲ့ကြချေ။
အို ထာဝရဘုရား၊ ကိုယ်တော်ကိုမုန်းသောသူတို့ကို အကျွန်ုပ်မုန်းသည်မဟုတ်လော။ ကိုယ်တော်ကိုဆန့်ကျင်သောသူတို့ကိုလည်း အကျွန်ုပ် စက်ဆုပ်သည်မဟုတ်လော။
ထို့ကြောင့် ထာဝရဘုရားသည် ထိုစကားကိုကြား၍ အမျက်ထွက်တော်မူ၏။ မီးသည် ယာကုပ်အမျိုးပေါ်၌ ထလောင်၍ အမျက်တော်သည်လည်း အစ္စရေးလူမျိုးအပေါ် သက်ရောက်လေ၏။
ဘုရားသခင်သည် ကြားသိ၍ အမျက်ထွက်ကာ အစ္စရေးအမျိုးသားတို့ကို လုံးလုံးစွန့်ပယ်တော်မူ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
သင့်အား ငါပေးသောအမွေကို သင်လက်လွတ်ရမည်။ သင်မသိသောပြည်တွင် သင်၏ရန်သူတို့အား သင်အစေခံရမည်။ အစဉ်အမြဲတောက်လောင်နေမည့် ငါ့အမျက်မီးကို သင်မွှေးလေပြီ။
လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့်
ထို့ကြောင့် မောရှေက ထာဝရဘုရားအား “ကိုယ်တော်၏အစေအပါးကို အဘယ်ကြောင့်ဒုက္ခရောက်စေပါသနည်း။ ဤလူမျိုးအပေါင်းတို့၏ဝန်ကို အကျွန်ုပ်အပေါ်၌တင်၍ ကိုယ်တော်၏ရှေ့တော်၌ အဘယ်ကြောင့် အကျွန်ုပ်ကို မျက်နှာမရစေပါသနည်း။
(မောရှေသည် ကမ္ဘာမြေပေါ်ရှိလူအားလုံးတို့ထက် စိတ်အနှိမ့်ချဆုံးသူဖြစ်၏။)
လူတို့သည် ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲနှင့် ဝေးဝေးနေကြလေ၏။ ဒါသန်နှင့်အဘိရံသည်လည်း မိမိတို့၏သားမယားများနှင့် ကလေးငယ်များပါထွက်လာ၍ တဲအဝင်ဝ၌ ရပ်နေကြ၏။
လူတို့က “မုန့်မရှိ၊ ရေမရှိသော ဤတောကန္တာရတွင် သေစေရန် အဘယ်ကြောင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သနည်း။ အရသာပေါ့ရွှတ်သောအစားအစာကိုလည်း ငါတို့ငြီးငွေ့လှပြီ”ဟု ဘုရားသခင်နှင့်မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။
ယေရှုသည် ထိုအခြင်းအရာကိုမြင်လျှင် အမျက်တော်ထွက်၍“ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။
ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။