တောလည် 1:50 - မြန်မာ့စံမီသမ္မာကျမ်း
လေဝိအမျိုးတို့ကို သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၊ ထိုတဲတော်၏တန်ဆာပလာရှိသမျှ၊ ထိုတဲတော်နှင့်ဆိုင်သမျှတို့ကို ထိန်းသိမ်းဖို့ ခန့်အပ်လော့။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏ တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုဆောင်ရွက်၍ ထိုတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။
အခန်းကိုကြည့်ပါ။
စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။-
အခန်းကိုကြည့်ပါ။
သက် သေ တော် ရှိ စံ ရာ တော် နှင့် ဆိုင် ရာ အ သုံး အ ဆောင် ကိ ရိ ယာ ရှိ သ မျှ အ ပေါ် တွင် လေ ဝိ အ နွယ် သား တို့ ကို ခန့် ထား သည့် အ လျောက် စံ ရာ တော် နှင့် အ သုံး အ ဆောင် ရှိ သ မျှ ကို ထမ်း ဆောင် ခြင်း၊ အ မှု တော် ကို ဆောင် ရွက် ခြင်း၊ ပတ် လည်၌ ချ ရပ် ခြင်း များ ကို ပြု ကြ ရ မည်။
အခန်းကိုကြည့်ပါ။
လေဝိသားတို့အား သက်သေခံချက်တဲတော်ကိုလည်းကောင်း၊ တဲတော်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကိုလည်းကောင်းအပ်၍၊ သူတို့သည် တဲတော်နှင့် တဲတော်တန်ဆာအလုံးစုံကို ဆောင်ရွက်ရကြမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။
အခန်းကိုကြည့်ပါ။