တောလည် 8:22 - မြန်မာ့စံမီသမ္မာကျမ်း
22 ထို့နောက်မှ လေဝိအမျိုးတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၌အမှုတော်ထမ်းဆောင်ရန် အာရုန်နှင့်သူ့သားတို့ရှေ့သို့ လာကြ၏။ လေဝိအမျိုးတို့နှင့်ပတ်သက်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည် သူတို့အား ပြုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
22 ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့နှင့်စပ်လျဉ်း၍ ထာဝရ ဘုရားမိန့်မှာတော်မူသမျှအတိုင်းဆောင် ရွက်ကြသည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့ သည် အာရုန်နှင့်သူ၏သားများကြီးကြပ် ကွပ်ကဲမှုဖြင့်တဲတော်တွင်အမှုတော် ထမ်းကြလေသည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
22 ထို နောက် လေ ဝိ အ နွယ် သား တို့ သည် အာ ရုန် နှင့် သား တို့ ရှေ့ တွင် တွေ့ ဆုံ ရာ တဲ တော် ဆိုင် သော အ မှု ကို ဆောင် ရွက် ရန် ဝင် သွား ကြ၏။ သူ တို့ နှင့် စပ် လျဉ်း၍ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း ပင် သူ တို့၌ ပြု ကြ သ တည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
22 ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့် သူ၏သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှာ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ