တစ်ဖန် “ထာဝရဘုရားသည် သားနောက်တစ်ယောက်ကို အကျွန်ုပ်အားထပ်၍ပေးတော်မူပါစေသော”ဟု ဆိုလျက် ထိုသား၏အမည်ကို ယောသပ် ဟုမှည့်ခေါ်လေ၏။
တောလည် 1:32 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်၏သားမြေးဖြစ်သော ဧဖရိမ်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ Garrad Bible ယော သပ် မှ ဆင်း သက် သော ဧ ဖ ရိမ့် အ နွယ် သား တို့ တွင်၊ အ ဆက် အ နွယ်၊ အိမ် ထောင်၊ အ မည် အ လိုက် ရေ တွက် သော်၊ စစ် ချီ နိုင် သူ၊ အ သက် နှစ် ဆယ် ကျော်၊ ဧ ဖ ရိမ့် အ နွယ် သား လေး သောင်း ငါး ရာ။ Judson Bible ယောသပ်မှဆင်းသက်သော ဧဖရိမ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊ |
တစ်ဖန် “ထာဝရဘုရားသည် သားနောက်တစ်ယောက်ကို အကျွန်ုပ်အားထပ်၍ပေးတော်မူပါစေသော”ဟု ဆိုလျက် ထိုသား၏အမည်ကို ယောသပ် ဟုမှည့်ခေါ်လေ၏။
ယောသပ်သည် အီဂျစ်ပြည်၌ သားမနာရှေနှင့်ဧဖရိမ်ကိုရ၏။ ထိုသားတို့ကို ဩနမြို့၏ယဇ်ပုရောဟိတ် ပေါတိဖေရ၏သမီးအာသနတ်က ယောသပ်အတွက်မွေးဖွားပေး၏။
ငါသည် သင်တို့ညီအစ်ကိုဖြစ်သော ဧဖရိမ်၏သားစဉ်မြေးဆက်ရှိသမျှကို နှင်ထုတ်သကဲ့သို့ သင်တို့ကို ငါ့ရှေ့မှောက်မှနှင်ထုတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
တောင်ပိုင်းသားတို့သည် ဧသောတောင်ကို ပိုင်ဆိုင်ရလိမ့်မည်။ မြေနိမ့်သားတို့သည် ဖိလိတ္တိပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။ ဧဖရိမ်ပြည်၊ ရှမာရိပြည်တို့ကိုလည်း ပိုင်ဆိုင်လိမ့်မည်။ ဗင်္ယာမိန်အမျိုးသည် ဂိလဒ်ပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။
ယောသပ်အမျိုးကိုကား၊ သူ၏ပြည်သည် ကောင်းကင်ရတနာဖြစ်သောနှင်းအားဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထုအားဖြင့်လည်းကောင်း၊
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။