ထိုအခါ အကျွန်ုပ်သည် အပြစ်ကျူးလွန်သောသူတို့အား ကိုယ်တော်၏လမ်းတို့ကိုသင်ကြားပေးပါမည်။ အပြစ်သားတို့သည်လည်း ကိုယ်တော်ထံ ပြန်လာကြပါလိမ့်မည်။
တမန်တော်ဝတ္ထု 9:21 - မြန်မာ့စံမီသမ္မာကျမ်း ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။ Common Language Bible သူ၏စကားကိုကြားသူအပေါင်းတို့သည် လွန်စွာအံ့သြကြလျက် ``ဤသူသည်ထို သခင်ကိုပတ္ထနာပြုသူဟူသမျှကိုယေရု ရှလင်မြို့တွင်သတ်ဖြတ်ခဲ့သူမဟုတ်ပါလော။ ထိုသူတို့ကိုဖမ်းဆီး၍ယဇ်ပုရောဟိတ်ကြီး များထံခေါ်ဆောင်သွားရန်လာရောက်သူ မဟုတ်ပါလော'' ဟုဆိုကြ၏။ Garrad Bible ကြား နာ သူ ခပ် သိမ်း တို့ အံ့ သြ လျက် ဤ သူ ကား ယေ ရု ရှ လင် မြို့ တွင် ထို နာ မ အား ပ ဌ နာ ပြု သူ တို့ ကို ဖျက် ဆီး ပြီး လျှင် ဤ မြို့ တွင် လည်း ချည် နှောင်၍ ပ ရော ဟိတ် ကြီး တို့ ထံ ပို့ အပ် ရန် အ ကြံ နှင့် ရောက် လာ ခဲ့ သူ မ ဟုတ် လော ဟု ဆို ကြ ၏။ Judson Bible ကြားသောသူအပေါင်းတို့သည် အံ့ဩ၍၊ ဤသူကား၊ ထိုသခင်ကို ပတ္ထနာပြုသောသူတို့ကို ယေရုရှလင်မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှာ ဤအရပ်သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကြားသောသူအပေါင်းတို့သည် အံ့အားသင့်၍ “ဤသူသည် ဂျေရုဆလင်မြို့ရှိ ယေရှု၏နောက်လိုက်များကို ဖျက်ဆီးသူမဟုတ်လော။ ဤမြို့တွင်လည်း ထိုသူတို့ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံ ပို့ဆောင်ရန် ဤနေရာသို့ ရောက်လာသည်မဟုတ်လော” ဟု ပြောဆိုကြ၏။ |
ထိုအခါ အကျွန်ုပ်သည် အပြစ်ကျူးလွန်သောသူတို့အား ကိုယ်တော်၏လမ်းတို့ကိုသင်ကြားပေးပါမည်။ အပြစ်သားတို့သည်လည်း ကိုယ်တော်ထံ ပြန်လာကြပါလိမ့်မည်။
အကျွန်ုပ်သည် များစွာသောသူတို့အတွက် ရှေ့ပြေးနိမိတ်ကဲ့သို့ဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်၏ခိုင်ခံ့သောခိုလှုံရာဖြစ်ပါ၏။
ဇိအုန်တောင်၌ကိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ပေးတော်မူသော အမှတ်လက္ခဏာ၊ အံ့ဩဖွယ်အမှုတို့မှာ ငါနှင့် ထာဝရဘုရားငါ့အားပေးတော်မူသော သားသမီးတို့ပင်ဖြစ်၏။
အို ယဇ်ပုရောဟိတ်မင်းယောရှု၊ နားထောင်လော့။ သင်နှင့်အတူ သင့်ရှေ့တွင်ထိုင်သောသင့်အပေါင်းပါတို့လည်း နားထောင်ကြလော့။ အကြောင်းမူကား သူတို့သည် နိမိတ်လက္ခဏာနှင့်ဆိုင်သောလူများ ဖြစ်ကြ၏။ ကြည့်ရှုလော့။ ငါ့အစေအပါးဖြစ်သည့် အတက်ကို ငါထွက်လာစေမည်။
ယာကုပ်အမျိုးကို မှော်အတတ်ဖြင့်မပြုစားနိုင်။ အစ္စရေးလူမျိုးကို ဂမ္ဘီရပညာဖြင့်မလှည့်ဖြားနိုင်။ ယခုတွင် ‘ဘုရားသခင် မည်သို့ပြုတော်မူပါသနည်း’ဟူ၍ ယာကုပ်အမျိုး၊ အစ္စရေးလူမျိုးကိုရည်ဆောင်၍ ပြောဆိုရလိမ့်မည်။
လူအားလုံးတို့သည် အံ့သြငေးမောလျက် ဝေခွဲမရဖြစ်ကြကာ “ဤအမှုအရာသည် မည်သည့်အရာကိုဆိုလိုသနည်း”ဟု အချင်းချင်းပြောဆိုကြ၏။
ထိုအသံထွက်ပေါ်လာသောအခါ များစွာသောလူတို့သည် စုဝေးလာကြ၍ သူတို့အသီးသီးသည် သူတို့၏ဘာသာစကားဖြင့် တမန်တော်တို့ပြောဆိုနေကြသည်ကိုကြားရသဖြင့် အံ့ဩတွေဝေကြကုန်၏။
သူသည် ပေးကမ်းစွန့်ကြဲခြင်းကိုခံရန် ဗိမာန်တော်၏တင့်တယ်တံခါးနားတွင် ထိုင်လေ့ရှိသူဖြစ်ကြောင်း မှတ်မိကြသဖြင့် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာအတွက် အလွန်အံ့သြ၍မိန်းမောတွေဝေကြ၏။
ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
သူတို့သည် သတေဖန်ကို ခဲနှင့်ပေါက်ကြစဉ် သတေဖန်သည် ပတ္ထနာပြုလျက် “သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို လက်ခံတော်မူပါ”ဟု မြွက်ဆိုလေ၏။
ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားမိန်းမတို့ကိုဆွဲထုတ်ကာ ထောင်ထဲသို့ပို့လျက် အသင်းတော်ကို လိုက်၍ဖျက်ဆီးလေ၏။
သို့သော် ရှောလုသည် ခွန်အားနှင့် ပို၍ပြည့်စုံလာပြီး ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း သက်သေထူကာ ဒမတ်စကပ်မြို့၌နေထိုင်ကြသောဂျူးလူမျိုးတို့ကို အံ့ဩတွေဝေစေ၏။
ထိုနေ့၌ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့အားဖြင့် ဘုန်းတော်ထင်ရှားစေခြင်းကိုခံရပြီး ငါတို့၏သက်သေခံချက်ကို သင်တို့ယုံကြည်ကြသည်ဖြစ်၍ ယုံကြည်သူအပေါင်းတို့၏အံ့ဩချီးမွမ်းခြင်းကိုခံရလိမ့်မည်။
ငါတို့သည် ဘုရားသခင်၏သားသမီးများဟုခေါ်ဝေါ်ခြင်းခံရရန် ခမည်းတော်သည် မည်မျှကြီးမားသောချစ်ခြင်းမေတ္တာကို ငါတို့အား ပေးတော်မူသည်ကို ဆင်ခြင်ကြလော့။ အမှန်ပင် ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကိုမသိသောကြောင့် ငါတို့ကိုလည်းမသိကြ။