၂ သက် 1:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုနေ့၌ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့အားဖြင့် ဘုန်းတော်ထင်ရှားစေခြင်းကိုခံရပြီး ငါတို့၏သက်သေခံချက်ကို သင်တို့ယုံကြည်ကြသည်ဖြစ်၍ ယုံကြည်သူအပေါင်းတို့၏အံ့ဩချီးမွမ်းခြင်းကိုခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 ကြွလာတော်မူသောနေ့၌ ကိုယ်တော်သည် ယုံကြည်သူတို့အတွက် ပြုသောအမှုကြောင့် ယုံကြည်သောသူအားလုံးအလယ်၌ ဘုန်းထင်ရှား၍ အံ့အားသင့်ခံရလိမ့်မည်။ သင်တို့သည် ထိုအရှင်အကြောင်း ကျွန်ုပ်တို့၏ သက်သေခံချက်ကို ယုံကြည်သဖြင့် ထိုသူတို့အထဲတွင် ပါဝင်ကြ၏။ အခန်းကိုကြည့်ပါ။ |
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။
ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။
အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။
သို့သော် သခင်ဘုရားချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန်အတွက် ဘုရားသခင်သည် သင်တို့ကို အသီးဦးအဖြစ် ရွေးကောက်တော်မူသောကြောင့်ဖြစ်၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။