ယောသပ်သည် အစ်ကိုတို့ထံသို့မရောက်မီ အစ်ကိုတို့သည် သူ့ကို အဝေးမှလှမ်းမြင်၍ သူ့ကိုသတ်ရန်တိုင်ပင်လျက်
တမန်တော်ဝတ္ထု 23:12 - မြန်မာ့စံမီသမ္မာကျမ်း မိုးလင်းသောအခါ ဂျူးလူမျိုးတို့သည် ပူးပေါင်းကြံစည်လျက် ပေါလုကိုမသတ်ရမချင်း မည်သည့်အရာကိုမျှ မစားမသောက်ရန် ကျိန်ဆိုကြ၏။ Common Language Bible နောက်တစ်နေ့နံနက်အချိန်၌ယုဒအမျိုးသား အချို့တို့သည်တွေ့ဆုံ၍ ``ပေါလုကိုမသတ်ရ မချင်းငါတို့မစားမသောက်ဘဲနေမည်'' ဟု အဋ္ဌိဋ္ဌာန်ပြုကြ၏။- Garrad Bible မိုး လင်း သော် ယု ဒ လူ မျိုး တို့ အ နက် လေး ဆယ် ကျော် အ သင်း အ ပင်း ဖွဲ့၍ ပေါ လု ကို မ သတ် ရ မ ချင်း စား သောက် မည် မ ဟုတ် ဟု ကျိန် ဆို လျက် ဓိ ဋ္ဌာန် ပြု ကြ သည့် အ တိုင်း၊ Judson Bible မိုးလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကို မသတ်မီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နောက်တစ်နေ့တွင် ဂျူးတို့သည် အတူတကွတွေ့ဆုံပြီးလျှင် ပေါလုကိုမသတ်ရမချင်း မစားမသောက်ဘဲနေရန် အချင်းချင်းသစ္စာဆိုကြ၏။ |
ယောသပ်သည် အစ်ကိုတို့ထံသို့မရောက်မီ အစ်ကိုတို့သည် သူ့ကို အဝေးမှလှမ်းမြင်၍ သူ့ကိုသတ်ရန်တိုင်ပင်လျက်
ယေဇဗေလသည် ဧလိယထံ တမန်ကိုစေလွှတ်၍ “မနက်ဖြန် ယခုလိုအချိန်တွင် သင့်အသက်ကို ထိုပရောဖက်တို့၏အသက်ကဲ့သို့ မဖြစ်စေလျှင် ဘုရားအများတို့သည် ငါ့ကို ထိုထက်မက ပြုပါစေသော”ဟု ဆိုစေ၏။
ရှင်ဘုရင်က “ယနေ့ ရှာဖတ်၏သား ဧလိရှဲ၏ခေါင်းသည် သူ့ကိုယ်နှင့်တွဲနေသေးလျှင် ဘုရားသခင်သည် ငါ့ကို ထိုထက်မကပြုတော်မူပါစေသော”ဟု မိန့်ဆိုလေ၏။
သူတို့၏ဆွေမျိုးသားချင်းခေါင်းဆောင်များနှင့်အတူ ဘုရားသခင်၏အစေအပါးမောရှေအားဖြင့်ပေးအပ်တော်မူသော ဘုရားသခင်၏ပညတ်တရားကို လိုက်နာပါမည်။ ဘုရားရှင်ထာဝရဘုရား၏ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်အားလုံးတို့ကို လိုက်နာစောင့်ထိန်းပါမည်။
ထိုအကြောင်းကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ပြောပြ၏။ ဧသတာသည်လည်း မော်ဒကဲကိုယ်စား ရှင်ဘုရင်ထံ လျှောက်တင်လေ၏။
အကြောင်းမူကား “ပတ်လည်၌ကြောက်လန့်စရာရှိ၏”ဟူသည့် များစွာသောသူတို့၏ရှုတ်ချသောစကားကို အကျွန်ုပ်ကြားရပါ၏။ သူတို့သည် အကျွန်ုပ်တစ်ဖက်၌ အတူတကွစုဝေးကြသောအခါ အကျွန်ုပ်၏အသက်ကိုသတ်ရန် ကြံဆကြပါ၏။
ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။
သင်တို့နှင့် သင်တို့၏မယားတို့က ‘ကောင်းကင်မိဖုရားအား နံ့သာပေါင်းမီးရှို့ပူဇော်မည်၊ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်ဟူသော ငါတို့ကတိသစ္စာအတိုင်း ငါတို့ဆက်ဆက်ပြုမည်’ဟု သင်တို့နှုတ်ဖြင့်ဆိုလျက် လက်ဖြင့်ပြီးမြောက်စေတတ်ကြသည်ဖြစ်၍ သင်တို့၏ကတိသစ္စာကို ဆက်ဆက်တည်စေကြ။ သင်တို့၏ကတိသစ္စာကို ဆက်ဆက်ပြုကြဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူပြီ။
ဆက်ကပ်ထားသောအရာရှိသမျှတို့တွင် လူဖြစ်လျှင်ပင် ရွေးနုတ်ခွင့်မရှိ။ သူသည် မုချအသတ်ခံရမည်။
ပေတရုကလည်း “ထိုသူကိုငါမသိ”ဟု တိုင်တည်၍ ကျိန်ဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။
လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
သူတို့သည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်သက်ကြီးဝါကြီးများထံ ချဉ်းကပ်လျက် “အကျွန်ုပ်တို့သည် ပေါလုကိုမသတ်ရမချင်း မည်သည့်အစာကိုမျှ မမြည်းမစမ်းဟု အလေးအနက်ကျိန်ဆိုထားကြပါသည်။
သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
သို့သော် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသည်ဟု သတင်းရသဖြင့် အကျွန်ုပ်သည် အရှင့်ထံသို့ သူ့ကို ချက်ချင်းစေလွှတ်လိုက်ပါသည်။ စွပ်စွဲသောသူတို့အားလည်း သူ့အပေါ်စွပ်စွဲချက်များကို အရှင့်ထံ တင်ပြလျှောက်ထားကြရန် ညွှန်ကြားထားပါသည်။”
မိမိတို့အား ကျေးဇူးပြုသည့်အနေဖြင့် ပေါလုကို ဂျေရုဆလင်မြို့သို့ပို့ပေးရန် သူ့အားတောင်းပန်ကြ၏။ အကြောင်းမှာ သူတို့သည် ပေါလုကို လမ်း၌ချောင်းမြောင်းသတ်ဖြတ်ရန် ကြံစည်ထားကြသောကြောင့်ဖြစ်၏။
ရက်ပေါင်းများစွာကြာသောအခါ ဂျူးလူမျိုးတို့သည် ရှောလုကိုသတ်ရန် ကြံစည်ကြသော်လည်း
သူတို့၏လျှို့ဝှက်ကြံစည်မှုကို ရှောလုသိသွားလေ၏။ သူတို့သည် သူ့ကိုသတ်ရန် နေ့ရောညပါ မြို့တံခါးများကို စောင့်ကြပ်ထားကြ၏။
မည်သူမဆို သခင်ဘုရားကိုမချစ်လျှင် ကျိန်ခြင်းကိုခံပါစေ။ သခင်ဘုရား၊ ကြွလာတော်မူပါ။
မကြာခဏ ခရီးထွက်၍ မြစ်ချောင်းတို့၌ကြုံရသောဘေး၊ ဓားပြတို့၏ဘေး၊ ကိုယ့်လူမျိုးတို့ပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့တွင်း၌ကြုံရသောဘေး၊ တောကန္တာရ၌ကြုံရသောဘေး၊ ပင်လယ်ထဲ၌ကြုံရသောဘေး၊ ညီအစ်ကိုအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။
ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။
လူမျိုးခြားတို့ကယ်တင်ခြင်းရရှိရန် ငါတို့ဟောပြောသည်ကို တားမြစ်ကာ မိမိတို့အပြစ်များကို အစဉ်အမြဲဖြည့်ဆည်းကြ၏။ သို့ဖြစ်၍ အမျက်တော်သည် သူတို့အပေါ်သို့ အဆုံးစွန်သက်ရောက်လေ၏။
ထိုအချိန်တွင် ယောရှုက “ဂျေရိခေါမြို့ရိုးကို ထ၍တည်ဆောက်သူသည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေ။ မြို့ရိုးအုတ်မြစ်ကိုချလျှင် သားဦးသေပါစေ။ မြို့တံခါးကိုတည်လျှင် သားထွေးသေပါစေ”ဟု ကျိန်လေ၏။
ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အစ္စရေးလူမျိုးတို့ကို အပြစ်ကျူးလွန်ရာရောက်စေ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အမျက်ထွက်တော်မူ၏။
ကျိန်ခြင်းခံရသောအရာပါလျက် ရွေးထုတ်ခံရသောသူသည် သူနှင့်အတူသူပိုင်ဆိုင်သမျှတို့ကို မီးရှို့ပစ်ရမည်။ အကြောင်းမူကား သူသည် ထာဝရဘုရားနှင့်ပြုထားသောပဋိညာဉ်ကို ချိုးဖောက်၍ အစ္စရေးလူမျိုး၌ ယုတ်ညံ့သောအမှုကို ပြုသောကြောင့်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ရှောလုမင်းကြီးက လူတို့အား “နေဝင်ချိန်အထိ ရန်သူတို့ကို လက်တုံ့ပြန်မပြီးမချင်း အစာစားသောသူသည် ကျိန်ခြင်းခံရမည်”ဟု ကျိန်ဆိုစေသဖြင့် မည်သူမျှ အစာမစားဝံ့။ ထို့ကြောင့် ထိုနေ့တွင် အစ္စရေးအမျိုးသားတို့သည် အလွန်ဒုက္ခရောက်ကြ၏။