Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 10:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 သူ​တို့​၏​ဆွေမျိုးသားချင်း​ခေါင်းဆောင်​များ​နှင့်အတူ ဘုရားသခင်​၏​အစေအပါး​မောရှေ​အားဖြင့်​ပေးအပ်​တော်မူ​သော ဘုရားသခင်​၏​ပညတ်တရား​ကို လိုက်နာ​ပါ​မည်​။ ဘုရားရှင်​ထာဝရဘုရား​၏​ပညတ်တော်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​၊ ပြဋ္ဌာန်းချက်​အားလုံး​တို့​ကို လိုက်နာ​စောင့်ထိန်း​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ဆွေ မျိုး သား ချင်း အ ကြီး အ ကဲ တို့ ထံ ဆည်း ကပ် လျက်၊ ကျွန် တော် ရင်း မော ရှေ အား ဖြင့်၊ ဘု ရား သ ခင် ထား တော် မူ ခဲ့ သော တရား တော် အ တိုင်း လိုက် နာ ခြင်း၊ ငါ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် မှာ ဆုံး ဖြတ် ထုံး ဖွဲ့ တော် မူ သော အ ချက် ချက် ကို စောင့် ရှောက် လိုက် နာ ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ညီ​အစ်​ကို​မှူး​မတ်​တို့၌ မှီ​ဝဲ​လျက်၊ ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ​အား​ဖြင့် ထား​တော်​မူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​တိုင်း ကျင့်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ငါ​တို့​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​များ၊ စီ​ရင်​ထုံး​ဖွဲ့​တော် မူ​ချက်​ရှိ​သ​မျှ​တို့​ကို စောင့်​ရှောက်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 10:29
38 ပူးပေါင်းရင်းမြစ်များ  

သို့သော် ယေဟု​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​ပညတ်တရား​တို့​ကို စိတ်နှလုံး​အကြွင်းမဲ့ စောင့်ထိန်း​လို​စိတ်​မ​ရှိ​။ အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သော ယေရောဗောင်​၏​အပြစ်​များ​ကို မ​စွန့်​ဘဲ​နေ​၏​။


ရှင်ဘုရင်​သည် တိုင်​နားတွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​လျှင် လူ​အပေါင်း​တို့​က​လည်း ကတိသစ္စာ​ပြု​ကြ​၏​။


ကိုယ့်​မြို့​ကိုယ့်​မြေ​များ​သို့ ဦးစွာ​ပြန်​နေထိုင်​ရ​သူ​တို့​မှာ အစ္စရေး​အမျိုးသား ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​၊ ဗိမာန်တော်​အစေအပါး​များ ဖြစ်​ကြ​၏​။


ရှင်ဘုရင်​သည် မိမိ​နေရာ​တွင်​ရပ်​၍ ထာဝရဘုရား​နောက်​တော်​သို့ လိုက်​ပါ​မည်​၊ ပညတ်ချက်​များ​၊ သက်သေခံ​တော်မူ​ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စောင့်ထိန်း​ပါ​မည်​၊ ဤ​ကျမ်းစာ​တွင်​ရေးထား​သော​ပဋိညာဉ်​စကား​များ​ကို လိုက်နာ​ပါ​မည်​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ကတိသစ္စာ​ပြု​၏​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​ရှေ့မှောက်​၌ သင်​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည့်​နည်းတူ သင့်​သားမြေး​တို့​သည်​လည်း ငါ့​ပညတ်တရား​အတိုင်း တည်ကြည်​စွာ​အသက်ရှင်​လျှောက်လှမ်း​လျှင် သင့်​မျိုးရိုး​သည် ငါ့​ရှေ့မှောက် အစ္စရေး​ရာဇပလ္လင်​တွင် မ​ပြတ်​စံမြန်း​ရ​လိမ့်မည်​’​ဟု မိန့်ဆို​ခဲ့​သည့်​စကား​ကို တည်​စေ​တော်မူ​ပါ​။


သို့ဖြစ်၍ ငါ​သည် သူ​တို့​ကို ဆူပူကြိမ်းမောင်း​ပြီး ကျိန်ဆဲ​၏​။ အချို့​ကို​ရိုက်နှက်ဆုံးမ​၏​။ ဆံပင်​ကို​ဆွဲနုတ်​၏​။ ဘုရားသခင်​ရှေ့​၌​ကျိန်ဆို​စေ​ပြီးလျှင် သူ​တို့​အား “​သင်​တို့​၏​သမီး​များ​ကို သူ​တို့​၏​သား​များ​နှင့်​မ​ပေးစား​ရ​၊ သင်​တို့​နှင့် သင်​တို့​၏​သား​များ​သည်​လည်း သူ​တို့​၏​သမီး​များ​ကို မ​ယူ​ရ​။


ဗိမာန်တော်​အစေအပါး​တို့​တွင် ဇိဟ​သားမြေး​၊ ဟသုဖ​သားမြေး​၊ တဗ္ဗောက်​သားမြေး​၊


ခုနစ်​လ​ပိုင်း ပထမ​နေ့​တွင် ယဇ်ပုရောဟိတ်​ဧဇရ​သည် နားထောင်​၍​နားလည်​သဘောပေါက်​နိုင်​သော ယောက်ျား​မိန်းမ​အပါအဝင် လူ​အပေါင်း​တို့​ရှိ​ရာ​သို့ ပညတ်တရားကျမ်း​ကို​ယူလာ​၍


ရေ​တံခါး​ရှေ့​ရှိ​ကွင်းပြင်​တွင် မိုးလင်းချိန်​မှစ၍ မွန်းတည့်ချိန်​တိုင်အောင် နားလည်​သဘောပေါက်​နိုင်​သော ယောက်ျား​မိန်းမ​တို့​ရှေ့​၌ ဖတ်ပြ​၏​။ လူ​အပေါင်း​တို့​က​လည်း ထို​ပညတ်တရား​ကျမ်း​ကို စိတ်ဝင်တစား​နားထောင်​ကြ​၏​။


အစ္စရေး​အမျိုးအနွယ်​တို့​သည် တိုင်းတစ်ပါးသား​တို့​နှင့် ခပ်ခွာခွာ​နေ​၍ ရပ်​လျက် မိမိ​တို့​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​များ​ကို ဝန်ချတောင်းပန်​ကြ​၏​။


ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကြောင့် ငါ​တို့​သည် ပဋိညာဉ်​ကို​ရေးဆွဲ​၍ ဝန်ခံ​ကတိပြု​ကြ​၏​။ ငါ​တို့​၏​အကြီးအကဲ​များ​၊ လေဝိ​သား​များ​၊ ယဇ်ပုရောဟိတ်​များ​သည်​လည်း တံဆိပ်ခတ်​ကြ​၏​။


ဤသည်ကား သူ​တို့​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​၍ တရားတော်​တို့​ကို လိုက်နာကျင့်သုံး​ကြ​မည့်​အကြောင်း​တည်း​။ ဟာလေလုယ​။


ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကျိန်ဆို​၍ အတည်ပြု​ပါ​၏​။


အကျွန်ုပ်​တို့​၏​အရှင် ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ ကြီးမြတ်​လှ​ပါ​၏​။ ကိုယ်တော်​သည် မိမိ​၏​ဘုန်းကျက်သရေ​ကို ကောင်းကင်​ပေါ်မှာ တည်​စေ​တော်မူ​၏​။


အကျွန်ုပ်​တို့​၏​အရှင် ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​သည် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ ကြီးမြတ်​လှ​ပါ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် ယာကုပ်​အမျိုး​ကို​သနား​တော်မူ​မည်​။ အစ္စရေး​လူမျိုး​ကို နောက်တစ်ဖန်​ရွေးချယ်​တော်မူ​မည်​။ သူ​တို့​ပြည်​၌ သူ​တို့​ကို​နေရာချ​တော်မူ​မည်​။ တိုင်းတစ်ပါးသား​တို့​သည် သူ​တို့​နှင့်​ပူးပေါင်း​မည်​။ ယာကုပ်​အမျိုး​နှင့် ပေါင်းဖော်​ကြ​မည်​။


တစ်ဖန် သူ​တို့​အား “​ထာဝရဘုရား​က ‘ငါ့​စကား​ကို သင်​တို့​နား​မ​ထောင်​၊ သင်​တို့​ကို ငါ​ချပေး​ထား​သော​ပညတ်တရား​အတိုင်း မ​လိုက်လျှောက်​၊


ယခုတွင် သင်​တို့​သည် နောင်တရ​၍ ငါ့​မျက်မှောက်​၌ မှန်​သော​အရာ​ကို ပြု​ကြ​၏​။ အိမ်းနီးချင်း​အချင်းချင်း​အား လွတ်မြောက်​ခွင့်​ရ​ပြီ​ဟု ကြေညာ​ကြ​၏​။ ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော ငါ့​အိမ်​တော်​၊ ငါ့​မျက်မှောက်​တွင် ငါ​နှင့်​ပဋိညာဉ်​ဖွဲ့​ကြ​၏​။


ငါ့​ဝိညာဉ်​ကို​လည်း သင်​တို့​အထဲ​သို့ သွင်းပေး​၍ ငါ​၏​တရားလမ်း​များ​သို့ လိုက်လျှောက်​စေ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​စေ​မည်​။


ငါ​ထာဝရဘုရား​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​သောကြောင့် သင်​တို့​သည် ငါ့​အဖို့ သန့်ရှင်း​သော​သူ​များ​ဖြစ်​ရ​မည်​။ သင်​တို့​ကို ငါ​ပိုင်ဆိုင်​ရန် အခြား​လူမျိုး​များ​နှင့် သင်​တို့​ကို ငါ​ခွဲခြား​ထား​ပြီ​။


အစ္စရေး​လူမျိုး​အပေါင်း​တို့​အဖို့ ဟောရပ်​အရပ်​၌ မောရှေ​အား ငါ​မိန့်မှာ​ခဲ့​သည့် ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ပါ​သော ငါ့​အစေအပါး​မောရှေ​၏​ပညတ်တရား​ကို အောက်မေ့​ကြ​လော့​။


ထာဝရဘုရား​သည် သင်​၏​ပေါင်​ကို​ချည့်နဲ့​စေ​၍ ဝမ်း​ကို​ဖောရောင်​စေ​ခြင်း​ဖြင့် သင့်​ကို သင့်​လူမျိုး​အလယ်​၌ ကျိန်​ခြင်း​ခံရ​သော​သူ​၊ ကျိန်စာ​မိ​သော​သူ​အဖြစ် ထာဝရဘုရား​စီရင်​တော်မူ​ပါစေ​။


အကြောင်းမူကား ပညတ်​တရား​ကို မောရှေ​အားဖြင့်​ပေး​တော်မူ​၏။ ကျေးဇူး​တော်​နှင့်​သမ္မာတရား​မူကား ယေရှု​ခရစ်တော်​အားဖြင့်​ဖြစ်လာ​၏။


သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။


မောရှေ​သည် သင်​တို့​အား ပညတ်​တရား​ကို​ပေး​ခဲ့​သည်​မ​ဟုတ်​လော။ သို့သော် သင်​တို့​တွင် ထို​ပညတ်​တရား​ကို လိုက်နာ​ကျင့်သုံး​သော​သူ​တစ်စုံ​တစ်ယောက်​မျှ​မ​ရှိ။ သင်​တို့​သည် အဘယ်ကြောင့် ငါ့​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သနည်း”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ဗာနဗ​သည် ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​မြင်​သောအခါ ဝမ်းမြောက်​လျက် ထို​သူ​အပေါင်း​တို့​အား စိတ်နှလုံး​ခိုင်မြဲ​စွာ​ဖြင့် သခင်​ဘုရား​၌ ဆက်လက်​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​လေ​၏။


သို့သော် လူ​အချို့​တို့​သည် ပေါလု​နှင့်​ပေါင်းဖော်​၍ ယုံကြည်​ကြ​၏။ သူ​တို့​ထဲတွင် အာရေပါဂု​ရုံး​တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်​သော ဒယောနုသိ​နှင့် ဒမာရိ​အမည်​ရှိ​အမျိုးသမီး​တို့​အပြင် သူ​တို့​နှင့်အတူ​ရှိ​သော အခြား​သူ​များ​ပါ​ကြ​၏။


သို့ရာတွင် သူ​တို့​ကို မ​လိုက်လျော​ပါ​နှင့်။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​ထဲမှ လူ​လေးဆယ်​ကျော်​တို့​သည် သူ့​ကို​ချောင်းမြောင်း​နေ​ကြ​ပါ​သည်။ သူ​တို့​သည် ပေါလု​ကို​မ​သတ်​ရ​မ​ချင်း မ​စား​မ​သောက်​ရန် ကျိန်ဆို​ထား​ကြ​ပါ​သည်။ ယခု​ပင် သူ​တို့​သည် အသင့်​ရှိ​လျက် အရှင်​၏​သဘောတူ​ချက်​ကို စောင့်​နေ​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။


ချစ်​ခြင်း​မေတ္တာ​သည် ဟန်ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မကောင်း​သော​အရာ​ကို​ရွံမုန်း​၍ ကောင်း​သော​အရာ​ကို​တွယ်တာ​ကြ​လော့။


မောရှေ​သည် ယာကုပ်​အမျိုး​တို့​ပိုင်ဆိုင်​ရာ​ပညတ်တရား​ကို ငါ​တို့​အား ပေး​ထား​၏​။


မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​ခေါ်​၍ သူ​တို့​အား “​အို အစ္စရေး​လူမျိုး​တို့​၊ ယနေ့ သင်​တို့​ကြားသိ​အောင် ငါ​ဆင့်ဆို​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို နားထောင်​လော့​။ သင်ယူ​လော့​။ လိုက်နာ​စောင့်ထိန်း​လော့​။


သို့ဖြစ်၍ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း လိုက်နာ​စောင့်ထိန်း​ရ​မည်​။ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ လွှဲ​မ​သွား​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ