ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
ဇေဖနိ 1:13 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဥစ္စာပစ္စည်းသည် လုယက်ပစ္စည်းဖြစ်လိမ့်မည်။ သူတို့၏အိမ်များသည်လည်း လူသူကင်းမဲ့လိမ့်မည်။ အိမ်ကိုဆောက်သော်လည်း နေရမည်မဟုတ်၊ စပျစ်ခြံစိုက်သော်လည်း စပျစ်ဝိုင်ကို သောက်ရမည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible သူတစ်ပါးတို့သည်ထိုသူတို့၏စည်းစိမ် ဥစ္စာများကိုလုယူကာသူတို့၏အိမ်များ ကိုဖျက်ဆီးလိုက်ကြလိမ့်မည်။ သူတို့သည် မိမိတို့ဆောက်လုပ်လျက်ရှိသည့်အိမ်များ တွင်အဘယ်အခါ၌မျှနေထိုင်ရကြ လိမ့်မည်မဟုတ်။ မိမိတို့စိုက်ပျိုးလျက်ရှိ သည့်စပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းသောက်ရကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။ Garrad Bible ချင်း တို့ စည်း စိမ် သည် လု ယူ ရာ၊ အိမ် များ လည်း ဆိတ် ညံ ရာ ရောက် သည့် ပြင်၊ အိမ် သစ် များ ကို တည် ဆောက် သော် လည်း နေ ထိုင် ခွင့်၊ စ ပျစ် ခြံ များ ကို စိုက် ပျိုး သော် လည်း သုံး သောက် ခွင့် ရ ကြ တော့ မည် မ ဟုတ်။ Judson Bible ထိုသူတို့၏ဥစ္စာကို သူတစ်ပါးလုယူ၍၊ သူတို့၏ နေရာသည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ အိမ်ကိုဆောက်သော်လည်း မနေရကြ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်ရည်ကို မသောက်ရကြ။ |
ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
သင့်ပြည်တစ်လျှောက်လုံးတွင် သင်ပြုသောအပြစ်ကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာတို့ကို လုယူဖျက်ဆီးရာအဖြစ် အဖိုးအခမဲ့ ငါပေးလိုက်မည်။
အို ကွင်းပြင်ရှိငါ့တောင်၊ ပြည်တစ်ပြည်လုံးရှိ အပြစ်များကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာအလုံးစုံတို့နှင့် သင်အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို လုယူဖျက်ဆီးရာအဖြစ် ငါပေးလိုက်မည်။
ပျက်စီးခြင်းတစ်ခုပြီးတစ်ခု လိုက်လာပြီ။ တစ်ပြည်လုံး ဖျက်ဆီးခြင်းခံရပြီ။ ငါ့တဲတို့သည် ရုတ်တရက်ဖျက်ဆီးခြင်းခံရပြီ။ ငါ့ရွက်ထည်တို့သည် တစ်ခဏချင်းတွင် ဖျက်ဆီးခြင်းခံရပြီ။
ခြင်္သေ့သည် ပုန်းအောင်းရာမှထွက်လာပြီ။ လူမျိုးတကာတို့ကိုဖျက်ဆီးသောသူသည် မိမိ၏နေရာမှထွက်လာပြီ။ သင်၏ပြည်ကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေရန် မိမိနေရာမှထွက်လာပြီ။ သင်တို့၏မြို့များသည် ပျက်စီးသွားလိမ့်မည်။ နေထိုင်သူရှိမည်မဟုတ်။
ထိုလူမျိုးသည် သင်၏အသီးအနှံ၊ အစားအစာတို့ကို ဝါးမျိုလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်၏စပျစ်ပင်၊ သင်္ဘောသဖန်းပင်တို့ကိုလည်း ဝါးမျိုလိမ့်မည်။ သင်ကိုးစားသောသင်၏ခံတပ်မြို့များကိုပါမချန် ဓားလက်နက်ဖြင့်ဖျက်ဆီးလိမ့်မည်”ဟု မိန့်တော်မူ၏။
“ငါသည် ဂျေရုဆလင်မြို့ကို ကျောက်ပုံဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာ ဖြစ်စေမည်။ ယုဒမြို့များကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်။”
‘ငါတို့ ဖျက်ဆီးခြင်းခံရပြီတကား။ ငါတို့ အရှက်တကွဲအကျိုးနည်းဖြစ်ရပြီတကား။ သူတို့သည် ငါတို့နေထိုင်ရာအရပ်ကို ဖြိုဖျက်ပြီဖြစ်၍ ငါတို့သည် ပြည်ကိုစွန့်ခွာကြရပြီ’ဟူသော ဇိအုန်မြို့၌ မြည်တမ်းသောအသံကို ကြားရပြီ”ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့ အမွေမြေသည် သူစိမ်းလက်သို့ ရောက်လေပြီ။ အကျွန်ုပ်တို့ နေအိမ်များသည် တစ်ပါးအမျိုးသားတို့လက်သို့ ရောက်လေပြီ။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
သူတို့၏ငွေကို လမ်းများပေါ်သို့ လွှင့်ပစ်ကြလိမ့်မည်။ ရွှေသည်လည်း မစင်ကြယ်သောအရာကဲ့သို့ ဖြစ်လိမ့်မည်။ ထာဝရဘုရား၏အမျက်တော်နေ့၌ သူတို့၏ရွှေငွေသည် သူတို့ကိုမကယ်တင်နိုင်ပါ။ ရွှေငွေတို့သည် သူတို့စိတ်အလိုကို ပြည့်စုံစေနိုင်မည်မဟုတ်။ ဝမ်းကို ဖြည့်ပေးနိုင်မည်မဟုတ်။ အကြောင်းမူကား ရွှေငွေသည် သူတို့ကို အပြစ်နွံထဲ လဲကျစေသောအကြောင်းရင်း ဖြစ်၏။
တိုင်းတစ်ပါးသားတို့ လုယူရာ၊ ဆိုးယုတ်သောမြေကြီးသားတို့ တိုက်ယူရာ ဖြစ်စေမည်။ သူတို့သည် ထိုတန်ဆာတို့ကို ညစ်ညူးစရာ ဖြစ်စေကြလိမ့်မည်။
ငါသည် ဆိုးညစ်သောလူမျိုးတို့ကို ခေါ်ခဲ့၍ သူတို့နေထိုင်ရာအိမ်များကို သိမ်းပိုက်စေမည်။ ခွန်အားကြီးသောသူတို့၏မာနကို ချိုးပစ်မည်။ သူတို့၏သန့်ရှင်းရာဌာနကို ညစ်ညူးစေမည်။
သင်တို့သည် ဆင်းရဲသားကို ဖိနှိပ်၍ သူ့ထံမှ ဂျုံစပါးအခွန်အတုတ်ကို တောင်းခံကြ၏။ ထို့ကြောင့် ကျောက်ဆစ်အိမ်များကို ဆောက်သော်လည်း ထိုအိမ်များတွင် သင်တို့နေရမည်မဟုတ်။ စပျစ်ခြံများကောင်းကောင်းမွန်မွန်စိုက်ပျိုးသော်လည်း ထိုခြံမှထွက်သောစပျစ်ဝိုင်ကို သောက်ရမည်မဟုတ်။
သို့ဖြစ်၍ သင်တို့ကြောင့် ဇိအုန်မြို့သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကို ခံရမည်။ ဂျေရုဆလင်မြို့သည်လည်း အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရှိရာတောင်သည်လည်း တောအုပ်ဖြစ်လိမ့်မည်။
မျိုးစေ့ကြဲသော်လည်း ရိတ်သိမ်းရမည်မဟုတ်။ သံလွင်သီးကိုနင်းနယ်သော်လည်း သံလွင်ဆီလိမ်းရမည်မဟုတ်။ စပျစ်သီးကိုနင်းနယ်သော်လည်း စပျစ်ဝိုင်သောက်ရမည်မဟုတ်။
ထိုနေ့ရက်တွင် တံခါးခုံကိုကျော်ဝင်သူ၊ ကိုယ့်သခင်၏အိမ်ကို ရက်စက်ကြမ်းကြုတ်မှု၊ လိမ်လည်လှည့်ဖြားမှုတို့နှင့် ပြည့်စေသောသူတို့ကို ငါဒဏ်ခတ်မည်။
သင်သည် မိန်းမနှင့်စေ့စပ်ထားသော်လည်း အခြားသူက ထိုမိန်းမနှင့်အိပ်လိမ့်မည်။ သင်သည် အိမ်ကိုဆောက်သော်လည်း ထိုအိမ်၌နေရမည်မဟုတ်။ စပျစ်ခြံကို စိုက်ပျိုးသော်လည်း အကျိုးခံစားရမည်မဟုတ်။
သင်သည် စပျစ်ခြံများကိုစိုက်ပျိုး၍ ပြုစုသော်လည်း ပိုးကောင်စားသောကြောင့် စပျစ်သီးကိုဆွတ်ခူးရလိမ့်မည်မဟုတ်၊ စပျစ်ဝိုင်ကိုသောက်ရလိမ့်မည်မဟုတ်။
သင်ပျက်စီးခြင်းသို့ မရောက်မချင်း သူတို့သည် သင်၏တိရစ္ဆာန်သားပေါက်များ၊ မြေအသီးအနှံများကို ဝါးမျိုလိမ့်မည်။ သင်ပျက်စီးသွားသည်အထိ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက် တို့ကို သင့်အတွက် ချန်ထားမည်မဟုတ်။