ဇေဖနိ 1:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထိုနေ့ရက်တွင် တံခါးခုံကိုကျော်ဝင်သူ၊ ကိုယ့်သခင်၏အိမ်ကို ရက်စက်ကြမ်းကြုတ်မှု၊ လိမ်လည်လှည့်ဖြားမှုတို့နှင့် ပြည့်စေသောသူတို့ကို ငါဒဏ်ခတ်မည်။ အခန်းကိုကြည့်ပါ။Common Language Bible9 ရုပ်တုကိုးကွယ်သူများကဲ့သို့ပြုကျင့်သူ များအားလည်းကောင်း၊ မိမိတို့သခင်၏အိမ် ကိုဖြည့်တင်းရန် ပစ္စည်းဥစ္စာရရှိရေးအတွက် ခိုးဝှက်သတ်ဖြတ်သူတို့အားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 အိမ် ကို ဖောက် ထွင်း၍၊ ကြမ်း ကြုတ် မှု၊ လိမ် လည် မှု နှင့် ကိုယ့် သ ခင့် တိုက် ပြည့် စေ သူ တို့ ကို လည်း၊ ထို နေ့ ရက်၌ ဒဏ် စီ ရင် မည်။ အခန်းကိုကြည့်ပါ။Judson Bible9 သူတစ်ပါး၏ အိမ်တံခါးခုံကို ကျော်၍ အနိုင်အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင်၏ အိမ်ကို ပြည့်စေသောသူ အပေါင်းတို့ကိုလည်း ထိုနေ့၌ ငါစစ်ကြောမည်။ အခန်းကိုကြည့်ပါ။ |
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။