ယေဇကျေလ 7:21 - မြန်မာ့စံမီသမ္မာကျမ်း21 တိုင်းတစ်ပါးသားတို့ လုယူရာ၊ ဆိုးယုတ်သောမြေကြီးသားတို့ တိုက်ယူရာ ဖြစ်စေမည်။ သူတို့သည် ထိုတန်ဆာတို့ကို ညစ်ညူးစရာ ဖြစ်စေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible21 ထာဝရဘုရားက``သူတို့ကိုတိုက်ခိုက်လု ယူကြစေရန် လူမျိုးခြားတို့အားငါအခွင့် ပေးမည်။ တရားဥပဒေချိုးဖောက်သူတို့ သည်သူတို့၏စည်းစိမ်ဥစ္စာများကိုယူ၍ ညစ်ညမ်းစေကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible21 မြေ ပေါ် ရှိ လူ ဆိုး နှင့် သူ စိမ်း တို့ လက် တွင်း သို့၊ လက် ရ လု ယူ ရာ အ ဖြစ် လွှဲ အပ် မည့် အ လျောက်၊ မ သန့် အောင် သုံး စွဲ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible21 တစ်ပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့သည် လုယူဖျက်ဆီးစေခြင်းငှာ သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ခေါင်မိုးများပေါ်တွင် ကောင်းကင်တန်ဆာရှိသမျှအား နံ့သာပေါင်းမီးရှို့ပူဇော်၏။ အခြားသောဘုရားများရှေ့တွင် သွန်းလောင်းရာပူဇော်သက္ကာကိုပူဇော်၏။ ထို့ကြောင့် ဂျေရုဆလင်မြို့ရှိအိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များသည် တောဖက်အရပ်ကဲ့သို့ ညစ်ညူးလိမ့်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အကြမ်းကြုတ်ဆုံး လူမျိုးခြားတိုင်းတစ်ပါးသားတို့သည် သူ့ကိုခုတ်ပြီး ပစ်ထားကြလိမ့်မည်။ အကိုင်းအခက်တို့သည် တောင်ပေါ်၊ ချိုင့်ဝှမ်းရှိသမျှတွင် လဲပုံလျက်နေလိမ့်မည်။ အခက်အလက်တို့သည်လည်း တစ်ပြည်လုံးရှိ မြစ်ချောင်းများတွင် ကျိုးကျနေလိမ့်မည်။ မြေကြီးသားအပေါင်းတို့လည်း သူ၏အရိပ်အောက်မှထွက်၍ သူ့ကိုစွန့်ခွာသွားကြလိမ့်မည်။