သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
ဇေဖနိ 1:10 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ ငါးတံခါးဝမှ ငိုကြွေးသံ၊ မြို့၏နေရာသစ်မှ မြည်တမ်းသံ၊ တောင်ကုန်းများပေါ်မှကျယ်လောင်သော အက်ကွဲသံတို့ကို ကြားရလိမ့်မည်။ Common Language Bible ထာဝရဘုရားက``ထိုနေ့ရက်ကာလ၌ ယေရုရှလင်မြို့ငါးတံခါးဝ၌အော်ဟစ် သံကိုကြားရကြလိမ့်မည်။ မြို့သစ်ပိုင်း၌ လူတို့ငိုကြွေးသံကိုလည်းကောင်း၊ တောင် ကုန်းများတွင်ကျိုးပဲ့သံကိုလည်းကောင်း ကြားရကြလိမ့်မည်။ Garrad Bible ထို နေ့ ရက်၌၊ ငါး တံ ခါး အ ရပ် တွင် ဟစ် သံ၊ ဒု တိ ယ အ ရပ် တွင် အော် သံ၊ ကုန်း အ ရပ် တွင် ပျက် စီး ပယ် ရှား သံ ကို ကြား ရ ကြ လိမ့် တ ကား။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကိုလည်းကောင်း၊ ဒုတိယမြို့၌ ငိုကြွေးမြည်တမ်းသံကိုလည်းကောင်း၊ တောင်ရိုး၌ ပြင်းစွာ ချိုးဖျက်သံကိုလည်းကောင်း ကြားရ၏။ |
သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
ထိုအခါ ယဇ်ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့သည် ဂျေရုဆလင်မြို့နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ စကားပြောဆိုကြရာ
ထို့နောက် ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့ရှိ မောရိတောင်ပေါ်၊ ခမည်းတော်ဒါဝိဒ်မင်းကြီးထံ ထာဝရဘုရားထင်ရှားတော်မူရာနေရာတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ ထိုနေရာသည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းတွင် အိမ်တော်တည်ဆောက်ဖို့ ဒါဝိဒ်မင်းကြီးပြင်ဆင်ထားသောနေရာဖြစ်၏။
ဤသို့ဖြင့် ထာဝရဘုရားသည် ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့သားတို့ကို အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးနှင့် အခြားရန်သူအပေါင်းတို့၏လက်မှ ကယ်နုတ်တော်မူ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင် အေးချမ်းစေလေ၏။
ထို့နောက် မနာရှေမင်းကြီးသည် ဒါဝိဒ်မြို့အပြင်ဘက်တွင် မြို့ရိုးကိုမြင့်မားစွာတည်ဆောက်ထား၏။ ထိုမြို့ရိုးသည် ချိုင့်ဝှမ်းရှိဂိဟုန်ချောင်းအနောက်ဘက်မှ ငါးတံခါးဝအထိရောက်၍ ထိုမှ ဩဖေလအရပ်ဘက်သို့ကွေ့သွား၏။ ယုဒပြည်ရှိခိုင်ခံ့သောမြို့ရှိသမျှတို့၌ စစ်သူကြီးများကို ခန့်ထား၏။
ထိုအခါ ဟိလခိနှင့်ရှင်ဘုရင်စေလွှတ်လိုက်သူတို့က ဂျေရုဆလင်မြို့၏နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ ဤအကြောင်းများကို ပြောပြရာ
ထိုမှ ဧဖရိမ်တံခါး၊ ယေရှနတံခါး၊ ငါးတံခါး၊ ဟာနနေလရဲတိုက်၊ မေအာရဲတိုက်၊ သိုးတံခါး တို့ကိုဖြတ်၍ ထောင်တံခါးသို့ရောက်သောအခါ ရပ်ကြ၏။
ဟသေနသားမြေးတို့သည် ငါးတံခါးကို ပြန်လည်တည်ဆောက်ကြ၏။ တံခါးထုပ်များ၊ တံခါးရွက်များ၊ မင်းတုပ်များ၊ ကန့်လန့်ကျင်များကို တပ်ဆင်ကြ၏။
ငါတို့ရှိသမျှသည် ဝက်ဝံကဲ့သို့မာန်ဖီ၍ ခိုငှက်ကဲ့သို့ အလွန်ညည်းကြ၏။ တရားမျှတမှုကိုစောင့်မျှော်သော်လည်း မရနိုင်။ ကယ်တင်ခြင်းကိုစောင့်မျှော်သော်လည်း ငါတို့နှင့်ဝေးလှ၏။
ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်၊ စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်ကြ၏။
သားဦးဖွား၍ ဝေဒနာခံစားရသောမိန်းမ၏ညည်းတွားသံကဲ့သို့ ဇိအုန်သမီး၏အသံကို ငါကြားရ၏။ သူသည် မောဟိုက်လျက်၊ လက်ကိုဖြန့်ထားလျက် ‘ငါ၌ အမင်္ဂလာရှိ၏။ လူသတ်သမားများကြောင့် ငါ့စိတ်နှလုံး မောပန်းလှသည်’ဟု ဆို၏။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
“ထိုနေ့တွင် ဗိမာန်တော်ထဲမှ သီချင်းသံတို့သည် ညည်းတွားငိုကြွေးသံ ဖြစ်ရလိမ့်မည်။ အလောင်းကောင်တို့သည် နေရာတိုင်းတွင် တိတ်တဆိတ်လွှင့်ပစ်ခြင်း ခံရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုနေ့ရက်သည် အမျက်တော်ကျရောက်သောနေ့၊ ဆင်းရဲဒုက္ခကြောင့် ပူပင်သောကရောက်ရသောနေ့၊ ပျက်စီးဆိတ်သုဉ်းသောနေ့၊ အလင်းမဲ့၍အမှောင်ကျသောနေ့၊ တိမ်များဖြင့် အမှောင်ထုဖုံးအုပ်သောနေ့၊
ဘုရားရှင်ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေလော့။ အကြောင်းမူကား ထာဝရဘုရား၏နေ့ရက်တော်သည် ရောက်လုနီးပြီ။ ထာဝရဘုရားသည် ယဇ်ကောင်ကိုပြင်ဆင်ထားပြီ။ ဖိတ်ခေါ်ထားသောသူတို့ကိုလည်း သန့်ရှင်းစေတော်မူပြီ။