၂ ရာ 5:7 - မြန်မာ့စံမီသမ္မာကျမ်း7 သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။ အခန်းကိုကြည့်ပါ။Common Language Bible7 (သို့ရာတွင်ဒါဝိဒ်သည်ဇိအုန်ခံတပ်ကို သိမ်းယူနိုင်ခဲ့သဖြင့် ယင်းသည်ဒါဝိဒ်မြို့ ဟုနာမည်တွင်လာလေသည်။) အခန်းကိုကြည့်ပါ။Garrad Bible7-8 ဒါ ဝိဒ် မင်း က မူ ကား၊ ယေ ဗု သိ လူ မျိုး တို့ ကို လုပ် ကြံ မည့် သူ တို့ သည် ရေ ပြွန် ဖြင့် တက် လျက် ငါ ဒါ ဝိဒ် ရွံ ရှာ သော မျက် မ မြင် နှင့် ခြေ ဆွံ့ တို့ ကို သတ် စေ ဟု ထို နေ့ တွင် ပင် အ မိန့် ထုတ် ဆင့် သည့် အ တိုင်း ဒါ ဝိဒ် မြို့ တော် တည်း ဟူ သော ဇိ အုန် ခံ မြို့ ကို သိမ်း ယူ လေ၏။ ထို အ ကြောင်း ကို အ စွဲ ပြု၍ မျက် မ မြင် နှင့် ခြေ ဆွံ့ တို့ ရှိ သော ကြောင့် အ တွင်း သို့ မ ဝင် နိုင် ဟု ဆို လေ့ ရှိ ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible7 သို့ရာတွင် ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။ အခန်းကိုကြည့်ပါ။ |
“ဘုရားသခင်၏သေတ္တာတော်ကြောင့် ဩဗဒေဒုံ၏အိမ်သူအိမ်သားတို့နှင့်တကွ သူပိုင်ဆိုင်သောအရာအားလုံးကို ထာဝရဘုရားကောင်းချီးပေးတော်မူပြီ”ဟု ဒါဝိဒ်မင်းကြီးအား ကြားပြောကြသောအခါ ဒါဝိဒ်မင်းကြီးသည် သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်စွာ သယ်ဆောင်လာလေ၏။
လူမျိုးများစွာတို့သည် လာ၍ “လာကြလော့။ ယာကုပ်၏ဘုရားသခင်အိမ်တော်ရှိရာ ထာဝရဘုရား၏တောင်တော်သို့တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိလမ်းတော်တို့ကို ငါတို့အား သွန်သင်တော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော်၏လမ်းတော်အတိုင်း လိုက်လျှောက်ကြမည်”ဟု ဆိုကြလိမ့်မည်။ အကြောင်းမူကား တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှလည်းကောင်း ထွက်ပေါ်လာလိမ့်မည်။
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ရှောလမုန်မင်းကြီးရှိရာ ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
ထိုနေ့တွင်ပင် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးတို့ကို တိုက်ခိုက်မည့်သူ မည်သူမဆို တူးမြောင်းကို ဖြတ်ပြီးလျှင် ဒါဝိဒ်မင်းကြီးကို မနှစ်သက်သောခြေမသန်သူများ၊ မျက်မမြင်သူများကို သုတ်သင်ပစ်ကြ”ဟု အမိန့်ပေး၏။ ထိုအကြောင်းကြောင့် “မျက်မမြင်သူ၊ ခြေမသန်သူများသည် နန်းတော်သို့ ဝင်ခွင့်မရှိ”ဟု ဆိုစမှတ်ပြုကြလေ၏။