အကျွန်ုပ်တို့၏သားများသည် သူတို့ပျိုရွယ်ချိန်တွင် ကြီးထွားတတ်သောပျိုးပင်များကဲ့သို့ ဖြစ်ကြပါစေသော။ အကျွန်ုပ်တို့၏သမီးများသည် နန်းတော်အတွက် ထွင်းထုထားသော ထောင့်ကျောက်တိုင်ကဲ့သို့ ဖြစ်ကြပါစေသော။
ဇာခရိ 9:17 - မြန်မာ့စံမီသမ္မာကျမ်း မည်မျှကောင်းမြတ်ပါသနည်း။ မည်မျှတင့်တယ်ပါသနည်း။ လူပျိုအပျိုတို့သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ကြောင့် ကြီးပွားတိုးတက်ကြလိမ့်မည်။ Common Language Bible ပြည်တော်သည်အဘယ်မျှသာယာတင့် တယ်လျက် နေပါလိမ့်မည်နည်း။ လူငယ်လူရွယ်တို့သည်ပြည်တော်ထွက်ဂျုံဆန်နှင့် စပျစ်ရည်ကိုမှီဝဲလျက်၊အားအင်ပြည့်ဖြိုး၍ လာကြလိမ့်မည်။ Garrad Bible ရှု ကြည့် ဖွယ် ကောင်း ခြင်း၊ အ ဆင်း လှ ခြင်း ရှိ လိမ့် တ ကား။ လူ ပျို တို့ သည် ဆန် စပါး ကြောင့် လည်း ကောင်း၊ အ ပျို တို့ သည် စ ပျစ် ရည် ကြောင့် လည်း ကောင်း၊ ပြန့် ပြော ကြ လ တ္တံ့။ Judson Bible ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ်အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကိုလည်းကောင်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကိုလည်းကောင်း တိုးပွားများပြားစေလိမ့်မည်။ |
အကျွန်ုပ်တို့၏သားများသည် သူတို့ပျိုရွယ်ချိန်တွင် ကြီးထွားတတ်သောပျိုးပင်များကဲ့သို့ ဖြစ်ကြပါစေသော။ အကျွန်ုပ်တို့၏သမီးများသည် နန်းတော်အတွက် ထွင်းထုထားသော ထောင့်ကျောက်တိုင်ကဲ့သို့ ဖြစ်ကြပါစေသော။
သူတို့သည် ကိုယ်တော်၏ ကြွယ်ဝသောကောင်းမြတ်ခြင်းနှင့်ဆိုင်သည့် အောက်မေ့စရာကို မြွက်ဆို၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအကြောင်းကို ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။
ထာဝရဘုရား၏ခန့်ညားတင့်တယ်ခြင်းကို ဖူးမြော်ရန်နှင့် ကိုယ်တော်၏ဗိမာန်တော်၌ စူးစမ်းဆင်ခြင်လျက်နေရန် ငါအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်၌နေရမည့်အကြောင်း တစ်ခုတည်းကို ထာဝရဘုရားထံ၌ ငါတောင်းလျှောက်ပြီ။ ထိုအခွင့်ကို ငါရှာမည်။
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အတွက် သိုမှီးထား၍ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် လူသားတို့ရှေ့တွင်ပြုတော်မူသော ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကြွယ်ဝလှပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အဖိုးတန်လှပါ၏။ လူသားတို့သည် ကိုယ်တော်၏ အတောင်တော်အရိပ်အောက်၌ ခိုလှုံကြပါ၏။
ကိုယ်တော်သည် လူသားတို့ထက် အဆင်းလှပါ၏။ ကိုယ်တော်၏နှုတ်ခမ်းသည် ကျေးဇူးတော်ဖြင့် ဘိသိက်ခံရပါ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အစဉ်အမြဲကောင်းချီးပေးတော်မူပြီ။
ဘုရားသခင်သည် လှပခြင်းနှင့်ပြည့်စုံသော ဇိအုန်ပေါ်မှ ရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူတတ်၏။ ကိုယ်တော်ကိုခေါ်သောသူအပေါင်းတို့အပေါ်၌လည်း မေတ္တာကရုဏာတော်ကြွယ်ဝတော်မူ၏။
အကျွန်ုပ်၏အရှင် ဘုရားသခင်၏ ကျေးဇူးပြုတော်မူခြင်းသည် အကျွန်ုပ်တို့အပေါ် သက်ရောက်ပါစေသော။ အကျွန်ုပ်တို့၏လက်ဖြင့်ပြုသောအမှုတို့ကို အကျွန်ုပ်တို့အတွက် မြဲမြံစေတော်မူပါ။ ဟုတ်ပါ၏။ အကျွန်ုပ်တို့၏လက်ဖြင့် ပြုသောအမှုတို့ကို မြဲမြံစေတော်မူပါ။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
“အကျွန်ုပ်ချစ်သူသည် စိုပြည်နီမြန်းသောအသားအရောင်ရှိပါ၏။ လူတစ်သောင်းအလယ်တွင်ပင် ထင်းကနဲပေါ်လွင်သူဖြစ်ပါ၏။
သင့်နှုတ်သည် အကောင်းစားစပျစ်ဝိုင်ဖြစ်ပါစေ။” “အကျွန်ုပ်ချစ်သူအဖို့ ထိုစပျစ်ဝိုင်သည် နှုတ်ခမ်းနှင့် သွားများမှတစ်ဆင့် ချောမွေ့စွာစီးဆင်းပါ၏။
သင့်မျက်စိသည် တင့်တယ်သောရှင်ဘုရင်ကို တွေ့မြင်ရမည်။ အဝေး၌ရှိသောပြည်ကို ရှုမြင်ရမည်။
ကိုယ်တော်၏သန့်ရှင်းသော၊ ဘုန်းအသရေရှိသော ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ ကြည့်၍ သိမြင်တော်မူပါ။ ကိုယ်တော်၏စိတ်အားထက်သန်မှု၊ ကိုယ်တော်၏အစွမ်းတန်ခိုးသည် အဘယ်မှာနည်း။ ကိုယ်တော်သည် အကျွန်ုပ်အပေါ်ထားရှိသည့် သနားကြင်နာခြင်းစိတ်ကို ချုပ်တည်းတော်မူပြီ။
ငါတို့အတွက် ထာဝရဘုရား ပြုတော်မူခဲ့သောအရာအလုံးစုံနှင့်အညီ ထာဝရဘုရား၏မေတ္တာကရုဏာတော်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်တို့ကို ငါဖော်ပြမည်။ ကိုယ်တော်၏ကြွယ်ဝသောမေတ္တာကရုဏာတော်နှင့်အညီ အစ္စရေးအမျိုးသားတို့အတွက် ပြုတော်မူခဲ့သည့် ကောင်းမြတ်ခြင်းအလုံးစုံတို့ကို ငါဖော်ပြမည်။
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
ထာဝရဘုရားက “ငါသည် ယဇ်ပုရောဟိတ်တို့၏စိတ်ဝိညာဉ်ကို အဆီအနှစ်နှင့်ပြည့်သောအစာဖြင့် ကျေနပ်အားရစေမည်။ ငါ၏လူမျိုးတော်သည် ကောင်းမြတ်သောအရာများနှင့် ပြည့်စုံကြွယ်ဝကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့သည် ဝလင်စွာစားရသဖြင့် သင်တို့အဖို့ အံ့ဖွယ်သောအမှုပြုတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို သင်တို့ချီးမွမ်းကြလိမ့်မည်။ ငါ၏လူမျိုးတော်သည် ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
ထိုနေ့ရက်ကာလတွင် တောင်များပေါ်မှ စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းများမှ နို့ရည်စီးကျလိမ့်မည်။ ယုဒမြစ်ချောင်းရှိသမျှတို့သည် ရေများစီးဆင်းနေလိမ့်မည်။ စမ်းရေသည်လည်း ထာဝရဘုရားအိမ်တော်မှ စီးထွက်၍ ရှိတ္တိမ်လွင်ပြင်ကို ရေဝစေလိမ့်မည်။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
ပညတ်တရားမူကား ကျူးလွန်သောအပြစ်ကို များပြားစေရန်ဝင်ရောက်ခဲ့၏။ သို့သော် အပြစ်များပြားလာသည့်နေရာ၌ ကျေးဇူးတော်သည် ပို၍ပြည့်စုံကြွယ်ဝလေ၏။
သို့သော် ငါတို့သည် အပြစ်သားများဖြစ်ကြစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော မိမိ၏ချစ်ခြင်းမေတ္တာတော်ကို ထင်ရှားစေတော်မူ၏။