ယေရမိ 31:12 - မြန်မာ့စံမီသမ္မာကျမ်း12 သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible12 သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Garrad Bible12 ထို လူ မျိုး သည်၊ ဇိ အုန် တောင် ထိပ် ပေါ် သို့ တက် လာ ကျူး ဧ လျက်၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ၊ နွား သိုး ဆိတ် တို့ ၏ သား ငယ် များ တည်း ဟူ သော၊ ထာ ဝ ရ ဘု ရား၏ ဆု ကျေး ဇူး များ သို့ ရောက်၍၊ ရေ သွင်း ပြီး ခြံ သ ဖွယ် စိတ် ဧ လျက်၊ မော ပန်း ကြ တော့ မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible12 ထိုကြောင့် အမျိုးသားတို့သည်လာ၍၊ ဇိအုန်တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရားပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကိုရအံ့သောငှာ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တစ်ဖန် ညှိုးငယ်ခြင်း မရှိရ။ အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရားက ‘ငါ၏သန့်ရှင်းသောတောင်၊ မြင့်မားသောအစ္စရေးတောင်ပေါ်တွင် တစ်ပြည်လုံးရှိအစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ငါ့ကို ဝတ်ပြုကြလိမ့်မည်။ ထိုအရပ်၌ သူတို့ကို ငါလက်ခံမည်။ လှူဖွယ်ဝတ္ထုများ၊ အသီးဦးပူဇော်သက္ကာများနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာများကို ငါတောင်းဆိုမည်။
ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။