Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 33:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သင့်​မျက်စိ​သည် တင့်တယ်​သော​ရှင်ဘုရင်​ကို တွေ့မြင်​ရ​မည်​။ အဝေး၌ရှိ​သော​ပြည်​ကို ရှုမြင်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သင်​တို့​သည်​အ​လွန်​ကြီး​မား​ကျယ်​ဝန်း သော​နယ်​မြေ​တွင်​ခမ်း​နား​သိုက်​မြိုက်​စွာ အုပ်​စိုး​လျက် နေ​သူ​ဘု​ရင်​တစ်​ပါး​ကို တွေ့​မြင်​ရကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 သင် သည် ရှု ချင် ဖွယ် ဘု ရင် ကို ဒိ ဋ္ဌ ဖူး မြင် ခွင့်၊ ကျယ် ဝန်း သော ပြည် ကို ကြည့် မြင် ခွင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သင်​သည် ရှင်​ဘု​ရင်၏ တင့်​တယ်​ခြင်း​အ​သ​ရေ​တော်​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ၍၊ ဝေး​လှ​သော​ပြည်​ကို​လည်း ကြည့်​မြင်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 33:17
20 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​ထံ​ပူဇော်​ရန် ဘောဇဉ်ပူဇော်သက္ကာ​များ​၊ ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​အဖို့ အဖိုးတန်​သော​လက်ဆောင်ပဏ္ဏာ​များ​ကို ဂျေရုဆလင်​မြို့​သို့​ယူဆောင်​လာ​ပေး​သော​သူ အများအပြား​ရှိ​၏​။ ထို​အချိန်​မှစ၍ ဟေဇကိ​မင်းကြီး​သည် လူမျိုး​အပေါင်း​တို့​ရှေ့​၌ ချီးမြှောက်​ခြင်း​ခံရ​၏​။


ငါ​ကိုယ်တိုင် ဖူးမြင်​ရ​မည်​။ အခြား​သူ​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင် မျက်စိ​ဖြင့် မြင်​ရ​မည်​။ ထိုသို့ ငါ့​ရင်​ထဲ​၊ နှလုံးသား​ထဲမှ တမ်းတ​လျက်​ရှိ​၏​။


အကျွန်ုပ်​ကို ရန်သူ​၏​လက်​သို့​အပ်​တော်​မ​မူ​ဘဲ အကျွန်ုပ်​၏​ခြေ​ကို ကျယ်ဝန်း​သော​အရပ်​၌ ရပ်​စေ​တော်မူ​ပြီ​။


ကိုယ်တော်​သည် လူသား​တို့​ထက် အဆင်းလှ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ခမ်း​သည် ကျေးဇူး​တော်​ဖြင့် ဘိသိက်​ခံရ​ပါ​၏​။ ထို့ကြောင့် ဘုရားသခင်​သည် ကိုယ်တော်​ကို အစဉ်အမြဲ​ကောင်းချီးပေး​တော်မူ​ပြီ​။


“​အကျွန်ုပ်​ချစ်သူ​သည် စိုပြည်​နီမြန်း​သော​အသားအရောင်​ရှိ​ပါ​၏​။ လူ​တစ်သောင်း​အလယ်​တွင်​ပင် ထင်းကနဲ​ပေါ်လွင်​သူ​ဖြစ်​ပါ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ဇိအုန်​တောင်​ပေါ် ဂျေရုဆလင်​မြို့​၌​စိုးစံ​လျက် မိမိ​၏​သက်ကြီးဝါကြီး​များ​ရှေ့​တွင် ဘုန်းအသရေ​ထွန်းတောက်​တော်မူ​မည်​ဖြစ်၍ လ​သည် မျက်နှာပျက်​၍ နေ​သည်​လည်း အရှက်ကွဲ​လိမ့်မည်​။


ကိုယ်တော်​သည် လူမျိုး​တော်​ကို တိုးပွား​စေ​တော်မူ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူမျိုး​တော်​ကို တိုးပွား​စေ​ခြင်း​ဖြင့် ဘုန်း​တော်​ကို​ထင်ရှား​စေ​တော်မူ​ပြီ​။ ပြည်​တော်​၏​နယ်နိမိတ်​အားလုံး​ကို ပို၍​ကျယ်ဝန်း​စေ​တော်မူ​ပြီ​။


ထို​အရပ်​၌ တန်ခိုးကြီး​သော​ထာဝရဘုရား​သည် ငါ​တို့​အတွက် မြစ်ကြီး​၊ ချောင်း​ကြီး​များ ဖြစ်​တော်မူ​မည်​။ ထို​နေရာ​တွင် တက်​ခတ်​လှေ​လည်း မ​သွား​နိုင်​၊ သင်္ဘော​ကြီး​လည်း ဖြတ်​မ​ကူး​နိုင်​။


အကြောင်းမူကား ထာဝရဘုရား​သည် ငါ​တို့​၏ တရားသူကြီး​၊ ပညတ်တရား​ရှင်​၊ ရှင်ဘုရင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​တို့​ကို ကယ်တင်​တော်မူ​မည်​။


ဟေဇကိ​မင်းကြီး​သည် ထို​စကား​ကို​ကြား​လျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​သို့ သွား​လေ​၏​။


ထိုအခါ “​ငါ​၌​အမင်္ဂလာ​ရှိ​၏​။ ငါ​သည် ပျက်စီးဆုံးရှုံး​ပြီ​။ အကြောင်းမူကား ငါ​သည် နှုတ်ခမ်း​ညစ်ညူး​လျက်​၊ နှုတ်ခမ်း​ညစ်ညူး​သော​လူမျိုး​အလယ်​တွင်​နေထိုင်​လျက်ပင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​တည်းဟူသော ရှင်ဘုရင်​ကို ငါ့​မျက်စိ​နှင့်​မြင်​လေ​ပြီ​တကား​”​ဟု ငါ​ဆို​၏​။


မည်မျှ​ကောင်းမြတ်​ပါ​သနည်း​။ မည်မျှ​တင့်တယ်​ပါ​သနည်း​။ လူပျို​အပျို​တို့​သည် ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ကြောင့် ကြီးပွားတိုးတက်​ကြ​လိမ့်မည်​။


ထိုအခါ ကိုယ်တော်​သည် သူ​တို့​ရှေ့၌ အဆင်း​သဏ္ဌာန်​ပြောင်းလဲ​၍ မျက်နှာ​တော်​သည် နေ​ကဲ့သို့​ထွန်းလင်း​ကာ ဝတ်ရုံ​တော်​သည် အလင်း​ကဲ့သို့​ဖြူဖွေး​လာ​၏။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။


ငါ​၏​ပညတ်​ချက်​များ​ကို​ရရှိ​၍ ၎င်း​တို့​ကို​စောင့်ထိန်း​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ်​သော​သူ​အား ငါ့​ခမည်းတော်​သည် ချစ်​တော်မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်​၍ သူ့​ထံ၌ မိမိကိုယ်ကို​ထင်ရှား​စေ​မည်”​ဟု မိန့်​တော်မူ​၏။


အို အဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို​ချစ်​တော်မူ​၍ အကျွန်ုပ်​အား​ပေး​တော်မူ​သော​အကျွန်ုပ်​၏​ဘုန်း​အသရေ​ကို အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ရှုမြင်​ရ​ကြ​ရန် သူ​တို့​ကို အကျွန်ုပ်​ရှိ​ရာ​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိ​စေ​လို​ပါ​၏။


ထို့ကြောင့် ငါ​တို့​သည် မြင်​ရ​သော​အရာ​တို့​ကို အာရုံ​မ​စိုက်​ဘဲ မ​မြင်​ရ​သော​အရာ​တို့​ကို အာရုံစိုက်​ကြ​၏။ အကြောင်းမူကား မြင်​ရ​သော​အရာ​တို့​သည် ခဏ​သာ​တည်​၍ မ​မြင်​ရ​သော​အရာ​တို့​သည် ထာဝရ​တည်​၏။


ချစ်​ရ​သော​သူ​တို့၊ ယခု ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ အနာဂတ်​တွင် ငါ​တို့​မည်သို့​ဖြစ်​ကြ​မည်​ကို ထင်ရှား​စွာ​မ​သိ​ရ​သေး​သော်လည်း ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ ကိုယ်တော်​ကို ပကတိ​အဖြစ်​တော်​အတိုင်း မြင်​ရ​ကြ​မည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်တော်​နှင့်​တူ​ကြ​မည်​ကို ငါ​တို့​သိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ