ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့်
ဇာခရိ 8:12 - မြန်မာ့စံမီသမ္မာကျမ်း အေးချမ်းစွာမျိုးစေ့ကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးသီးလိမ့်မည်။ မြေကြီးသည်လည်း အသီးအနှံကို ဖြစ်ထွန်းစေလိမ့်မည်။ မိုးကောင်းကင်မှ နှင်းကျလိမ့်မည်။ ငါသည် ကြွင်းကျန်သောဤလူမျိုးတို့အား ဤအရာအားလုံးတို့ကို အမွေခံစားရစေမည်။ Common Language Bible ``သူတို့သည်မိမိတို့ကောက်ပဲသီးနှံများ ကိုငြိမ်းချမ်းစွာစိုက်ပျိုးရကြလိမ့်မည်။ သူ တို့၏စပျစ်ပင်များသည်အသီးများ သီးလိမ့်မည်။ မြေကြီးသည်ကောက်ပဲသီး နှံများကိုဆောင်လျက်မိုးသည်လည်းအမြောက် အမြားရွာသွန်းလိမ့်မည်။ ကြွင်းကျန်နေသူ ငါ၏လူမျိုးတော်အားဤကောင်းချီးမင်္ဂ လာအပေါင်းကိုငါပေးမည်။- Garrad Bible စည်း စိမ် ချမ်း သာ ဆိုင် ရာ မျိုး စေ့ ရှိ သည့် အ လျောက်၊ စ ပျစ် ပင် သည် အ သီး သီး ခွင့်၊ မြေ သည် အ သီး အ နှံ ပေး ခွင့်၊ ကောင်း ကင် သည် နှင်း ကျ ခွင့် ကို ရ သ ဖြင့်၊ ဤ လူ မျိုး အ ကြွင်း အ ကျန် တို့ လည်း။ ထို ရှိ သ မျှ ကို ပိုင် ခွင့် ရ ကြ လ တ္တံ့။ Judson Bible မျိုးစေ့ကို ငြိမ်ဝပ်စွာ ကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးကိုလည်းကောင်း၊ မြေသည် မိမိစီးပွားကိုလည်းကောင်း၊ မိုးကောင်းကင်သည် နှင်းရည်ကိုလည်းကောင်း ပေးရလိမ့်မည်။ ကျန်ကြွင်းသော ဤလူတို့သည် ဤအရာအလုံးစုံတို့ကို ရတတ်စေခြင်းငှာ ငါပြုမည်။ |
ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့်
ဘုရားသခင်သည် မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏အဆီအနှစ်ကိုလည်းကောင်း၊ များစွာသောကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်ကိုလည်းကောင်း သင့်အားပေးတော်မူပါစေ။
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
တောင်များသည်ငြိမ်းချမ်းခြင်းကိုလည်းကောင်း၊ တောင်ကုန်းများသည် ဖြောင့်မတ်ခြင်းကိုလည်းကောင်း လူမျိုးတော်ထံသို့ ယူဆောင်လာကြပါစေသော။
အကယ်စင်စစ် ထာဝရဘုရားသည် ကောင်းမြတ်သောအရာကို ပေးသနားတော်မူ၍ ငါတို့၏ပြည်သည်လည်း ၎င်း၏အသီးအနှံတို့ကိုပေးလိမ့်မည်။
ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ၏ကျေးဇူးပြုခြင်းမူကား မြက်ပင်ပေါ်မှနှင်းစက်ကဲ့သို့ဖြစ်၏။
ကိုယ်တော်သည် မြေ၌သင်ကြဲသောမျိုးစေ့အတွက် မိုးကိုရွာစေတော်မူသဖြင့် မြေမှထွက်သောအစားအစာသည် ပေါများကြွယ်ဝမည်။ ထိုနေ့ရက်တွင် သင်၏တိရစ္ဆာန်တို့သည် ကျယ်ပြန့်သောမြက်ခင်းပြင်၌ ကျက်စားကြမည်။
အရှက်ကွဲခြင်းအစား ဝေစုနှစ်ဆပြန်ရမည်။ သူတို့သည် အသရေပျက်ခြင်းအစား သူတို့၏ဝေစုကြောင့် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ သူတို့၏မြေ၌ ဝေစုနှစ်ဆပိုင်ဆိုင်၍ ထာဝရဝမ်းမြောက်ခြင်းရှိလိမ့်မည်။
သူတို့သည် ဇိအုန်တောင်ထိပ်သို့လာ၍ ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။ ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးသငယ်၊ နွားသငယ် စသည်တို့ဖြင့် ထာဝရဘုရား၏ကောင်းမြတ်ခြင်းကြောင့် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်သည် ရေဝသောဥယျာဉ်ကဲ့သို့ဖြစ်မည်။ ဝမ်းနည်းပူဆွေးရတော့မည်မဟုတ်။
သူတို့သည် လူမျိုးတကာတို့၏သားကောင် ဖြစ်တော့မည်မဟုတ်။ ထိုပြည်ရှိသားရဲတိရစ္ဆာန်တို့လည်း သူတို့ကို ကိုက်စားကြတော့မည်မဟုတ်။ ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ကိုခြိမ်းခြောက်မည့်သူ ရှိတော့မည်မဟုတ်။
ငါ့လူမျိုးတော်အစ္စရေးကို သင်တို့ပေါ်တွင် သွားလာစေမည်။ သူတို့သည် သင့်ကို အမွေမြေအဖြစ် အပိုင်သိမ်းကြလိမ့်မည်။ သူတို့၏သားသမီးတို့ကို သင်တို့ဆုံးရှုံးစေတော့မည်မဟုတ်’ဟု မိန့်တော်မူ၏။
သစ်သီးဝလံနှင့် ကောက်ပဲသီးနှံတို့ကို ပေါကြွယ်ဝစေမည်။ သို့မှ အငတ်ဘေးကြောင့် လူမျိုးခြားတို့ကဲ့ရဲ့ခြင်းကို သင်တို့ကြုံရတော့မည်မဟုတ်။
ငါသည် သင်တို့နှင့်အတူရှိမည်။ သင်တို့ထံ ပြန်လှည့်လာမည်။ သင်တို့ပေါ်တွင် ထွန်ယက်စိုက်ပျိုးမည်။
ထို့ကြောင့် သူတို့သည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းစက်ကဲ့သို့၊ လေထဲတွင် လွင့်ပါသွားသောကောက်နယ်တလင်းမှ ဖွဲကဲ့သို့၊ မီးခိုးခေါင်းတိုင်မှ ထွက်သောမီးခိုးကဲ့သို့ ဖြစ်ကြလိမ့်မည်။
ငါသည် အစ္စရေးအဖို့ နှင်းစက်ကဲ့သို့ ဖြစ်မည်။ သူသည် နှင်းပန်းကဲ့သို့ ပွင့်လန်းလိမ့်မည်။ လက်ဘနွန်သစ်ကတိုးကဲ့သို့ အမြစ်စွဲလိမ့်မည်။
ထာဝရဘုရားက မိမိလူမျိုးတော်အား “ကြည့်ရှုလော့။ ငါသည် သင်တို့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့်ဆီကို ပေးသနား၍ သင်တို့သည် ဝပြောစွာစားသောက်ရမည်။ သင်တို့ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာဖြစ်စေတော့မည်မဟုတ်။
အို တောတိရစ္ဆာန်တို့၊ မကြောက်ကြနှင့်။ ကန္တာရသည် စိမ်းလန်းသောစားကျက်မြေ ဖြစ်လာမည်။ အပင်များ အသီးသီးမည်။ သဖန်းပင်နှင့် စပျစ်ပင်တို့လည်း အလွန်ဖြစ်ထွန်းကြလိမ့်မည်။
သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို လိုက်လျှောက်၍ ငါ၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလျှင်
ကြွင်းကျန်သောအစ္စရေးလူမျိုးတို့သည် မတရားမှုကိုမပြု၊ လိမ်လည်၍မပြော၊ သူတို့နှုတ်၌ လှည့်စားတတ်သောလျှာလည်း ရှိမည်မဟုတ်။ သူတို့သည် ခြိမ်းခြောက်မည့်သူမရှိဘဲ စားသောက်လျက်၊ လဲလျောင်းလျက် နေရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယနေ့မှစ၍ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။ ထာဝရဘုရား၏ဗိမာန်တော်ကို အုတ်မြစ်ချသောနေ့၊ နဝမလ နှစ်ဆယ့်လေးရက်နေ့မှစ၍ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။
စပါးကျီထဲ၌ မျိုးစေ့ရှိသေးသလော။ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်နှင့် သံလွင်ပင်တို့ အသီးမသီးလျှင်လည်း ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ပြန်ပြော၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ထိုကာလတွင် ထိုအမှုသည် ကြွင်းကျန်သော ဤလူမျိုးတော်တို့အဖို့ အံ့ဩဖွယ်ရာဖြစ်လျှင်လည်း ငါ့အဖို့မူကား အံ့ဩဖွယ်ရာဖြစ်လိမ့်မည်လော’ဟု မိန့်တော်မူ၏။
“လောင်မီးပိုးကို ငါတားဆီးမည်။ သင်တို့မြေမှအသီးအနှံကို မဖျက်ဆီးစေရ။ သင်တို့မြေမှစပျစ်ပင်သည် အသီးမသီးဘဲမနေရ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
သို့ဖြစ်၍ မည်သူမျှ လူတို့အကြောင်းကိုမဝါကြွားနှင့်။ အကြောင်းမူကား ခပ်သိမ်းသောအရာတို့ကို သင်တို့ပိုင်ဆိုင်၏။
ငါ့သွန်သင်ချက်သည် မိုးစက်လေးလိုတစက်စက်ကျပါစေ။ ငါ့စကားသည် နှင်းစက်လေးလို တဖွဲဖွဲကျပါစေ။ မြက်နုပေါ်ကျသောမိုးဖွဲလေးများလို၊ မြက်ပင်ပေါ်ကျသောမိုးပေါက်လေးများလို ဖြစ်ပါစေ။
ယောသပ်အမျိုးကိုကား၊ သူ၏ပြည်သည် ကောင်းကင်ရတနာဖြစ်သောနှင်းအားဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထုအားဖြင့်လည်းကောင်း၊
အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာဖြင့် တသီးတခြားနေထိုင်ရမည်။ ယာကုပ်အမျိုးအနွယ်သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများရာအရပ်၊ ကောင်းကင်မှ နှင်းတဖွဲဖွဲကျရာအရပ်၌ နေထိုင်ရမည်။
ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် ဖြောင့်မတ်ခြင်းအသီး၏မျိုးစေ့ကို ငြိမ်းချမ်းစွာကြဲတတ်ကြ၏။