Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 3:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အသီး​၏​မျိုးစေ့​ကို ငြိမ်းချမ်း​စွာ​ကြဲ​တတ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ငြိမ်း​ချမ်း​ရေး​ဆောင်​ရွက်​သူ​တို့​ငြိမ်း​ချမ်း​စွာ စိုက်​ပျိုး​သည့်​မျိုး​စေ့​များ​မှ​ဖြစ်​ပွား​သည့် အ​သီး​အ​ပွင့်​ကား​ကောင်း​မြတ်​ခြင်း​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဖျန် ဖြေ သူ တို့ ကြဲ သော အ သင့် အ တင့် မျိုး မှ ဖြောင့် မတ် ခြင်း အ သီး ဖြစ် ထွန်း လိမ့် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 အ​သင့်​အ​တင့်​နေ​ခြင်း​ငှာ​ပြု​စု​တတ်​သော သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၏ မျိုး​စေ့​ကို ငြိမ်​သက်​စွာ ကြဲ​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ငြိမ်းချမ်းခြင်း​မျိုးစေ့​ကို ကြဲသော ငြိမ်းချမ်းရေး​ဖော်ဆောင်သူများ​သည် ဖြောင့်မတ်ခြင်း​၏ အသီးအနှံ​ကို ရိတ်ကြရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 3:18
13 ပူးပေါင်းရင်းမြစ်များ  

အိုမင်း​သော​အရွယ်​၌​ပင် ဆက်၍​အသီးသီး​လျက်​၊ စိမ်းလန်း​စိုပြည်​လျက်​ရှိ​ခြင်း​အားဖြင့်


ဆိုးယုတ်​သော​သူ​သည် လှည့်ဖြား​သော​အဖိုးအခ​ကို​ရ​တတ်​၏​။ ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​သော​သူ​မူကား မှန်ကန်​သော​အကျိုး​ကို​ရ​တတ်​၏​။


မိမိ​၏​ဓနဥစ္စာ​ကို ကိုးစား​သော​သူ​သည် ကျဆုံး​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သစ်ရွက်​ကဲ့သို့ ပွင့်လန်းဝေဆာ​လိမ့်မည်​။


ဖြောင့်မတ်​သော​သူ​၏​အသီးအပွင့်​သည် အသက်​ပင်​သဖွယ်​ဖြစ်​၏​။ စိတ်ဝိညာဉ်​များ​ကို​ဆွဲဆောင်​စည်းရုံး​နိုင်​သော​သူ​သည် ပညာရှိ​ဖြစ်​၏​။


ထာဝရဘုရား​ကို ရှာ​ဖို့ အချိန်တန်​ပြီ​။ ထာဝရဘုရား​သည် ကြွလာ​၍ သင်​တို့​အပေါ် ဖြောင့်မတ်​ခြင်း​မိုး​ကို မ​ရွာ​စေ​မီ​တိုင်အောင် သင်​တို့​သည် ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​၍ မေတ္တာကရုဏာ​အသီး​ကို ရိတ်သိမ်း​ကြ​လော့​။ ပလပ်မြေ​ကို ထွန်ယက်​ကြ​လော့​။


မြင်း​တို့​သည် ကျောက်ဆောင်​ပေါ်တွင် ပြေး​တတ်​သလော​။ နွား​ဖြင့်​ယှဉ်​၍ ထွန်ယက်​တတ်​သလော​။ သင်​တို့​သည် တရားမျှတ​ခြင်း​ကို အဆိပ်​ဖြစ်​စေ​ပြီ​။ ဖြောင့်မတ်​ခြင်း​၏​အသီး​ကို​လည်း ခါးသီး​စေ​ပြီ​။


ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​၏​သား​များ​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


မျိုးကြဲ​သော​သူ​နှင့်​ရိတ်သိမ်း​သော​သူ​သည် အတူတကွ​ဝမ်းမြောက်​ကြ​မည့်​အကြောင်း ရိတ်သိမ်း​သော​သူ​သည် ဆုလာဘ်​ကို​ရရှိ​လျက် ထာဝရ​အသက်​အတွက် အသီးအနှံ​ကို​စုသိမ်း​နှင့်​ပြီ။


မိမိ​သွေးသား​ဇာတိ​၌​စိုက်ပျိုး​သော​သူ​သည် သွေးသား​ဇာတိ​ထံမှ ပျက်စီး​ခြင်း​ကို ရိတ်သိမ်း​ရ​လိမ့်မည်။ ဝိညာဉ်​တော်​၌​စိုက်ပျိုး​သော​သူ​မူကား ဝိညာဉ်​တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်း​ရ​လိမ့်မည်။


ယေရှု​ခရစ်တော်​အားဖြင့် ဖြောင့်မတ်​ခြင်း​အသီးအပွင့်​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ထင်ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​အဖြစ်​သို့​ရောက်​မည့်​အကြောင်း ငါ​ဆုတောင်း​၏။


ဆုံးမ​ပဲ့ပြင်​ခြင်း​ဟူသမျှ​သည် ခံရ​စဉ်​တွင် ဝမ်းမြောက်​စရာ​မ​ဟုတ်​ဘဲ ဝမ်းနည်း​စရာ​ဖြစ်​သည်​ဟု ထင်​ရ​တတ်​၏။ သို့သော် ထို​ဆုံးမပဲ့ပြင်​ခြင်း​အားဖြင့် လေ့ကျင့်​ပေး​ခြင်း​ခံရ​သော​သူ​တို့​သည် နောက်မှ ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သည့် ငြိမ်းချမ်း​သော​အကျိုးကျေးဇူး​ကို ပြန်လည်​ခံစား​ရ​ကြ​၏။


အကြောင်းမူကား လူ​၏​အမျက်​ဒေါသ​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​တရား​ကို မ​ဖြစ်ထွန်း​စေ​နိုင်​ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ