Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 85:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကယ်စင်စစ် ထာဝရဘုရား​သည် ကောင်းမြတ်​သော​အရာ​ကို ပေးသနား​တော်မူ​၍ ငါ​တို့​၏​ပြည်​သည်​လည်း ၎င်း​၏​အသီးအနှံ​တို့​ကို​ပေး​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား ကြွယ်​ဝ​ချမ်း​သာ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​၏​ပြည်​သည်​လည်း​ကောက်​ပဲ​သီး​နှံ များ​စွာ​ထွက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 မု ချ အား ဖြင့် ထာ ဝ ရ ဘု ရား သည်၊ ချမ်း သာ ကို သ နား တော် မူ၍၊ ငါ တို့ နယ် မြေ ပြန့် ပြော လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၍၊ ငါ​တို့​မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို ပေး​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 85:12
18 ပူးပေါင်းရင်းမြစ်များ  

မြေကြီး​သည် မိမိ​၏​အသီးအနှံ​တို့​ကို​ဖြစ်ထွန်း​စေ​ပြီ​။ ဘုရားသခင်​တည်းဟူသော ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​ကို​ကောင်းချီးပေး​တော်မူ​လိမ့်မည်​။


ပြည်​တော်​၌ များစွာ​သော​ဂျုံစပါး​ရှိ​၍ တောင်​များ​ပေါ်​၌​ယိမ်းနွဲ့​လျက်​ရှိ​ကြ​ပါစေသော​။ ၎င်း​၏​အသီးအနှံ​တို့​သည် လက်ဘနွန်​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။ လူ​တို့​သည် တော​၌​ရှိ​သော​မြက်ပင်​များ​ကဲ့သို့ မြို့ရွာ​တွင် ရှင်သန်​ကြ​ပါစေသော​။


အကြောင်းမူကား ဘုရားသခင်​ထာဝရဘုရား​သည် နေ​လည်း​ဖြစ်​တော်မူ​၏​။ ဒိုင်းလွှား​လည်း​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ကျေးဇူး​တော်​နှင့်​ဘုန်းအသရေ​တော်​ကို ပေး​တော်မူ​၏​။ အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​အား ကောင်းမြတ်​သော​အရာ​ကို မပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။


ငါ​တို့​အပေါ် ဝိညာဉ်​တော်​ကို အထက်အရပ်​မှ​သွန်းလောင်း​၍ တောကန္တာရ​သည် သီးနှံ​ဖြစ်ထွန်း​သော​မြေ​ဖြစ်​ပြီး သီးနှံ​ဖြစ်ထွန်း​သော​မြေ​ကို တောအုပ်​ဟု​ထင်မှတ်​ရ​သည့်​အချိန်​အထိ ထိုသို့​ဖြစ်​လိမ့်မည်​။


အို မိုးကောင်းကင်​၊ အထက်​မှ တဖွဲဖွဲရွာချ​လော့​။ မိုးတိမ်​တို့​သည် ဖြောင့်မတ်​ခြင်း​ကို ရွာသွန်း​ပါစေ​။ မြေကြီး​သည် ပွင့်ဟ​၍ ကယ်တင်​ခြင်း သီးပွင့်​ပါစေ​။ ဖြောင့်မတ်​ခြင်း​လည်း ပေါက်​ပါစေ​။ ဤ​အမှု​ကို ငါ​ထာဝရဘုရား​ဖန်ဆင်း​၏​။


ထို​ပြည်​၌ အသီးအနှံ​ဖြစ်ထွန်း​၍ သင်​တို့​သည် ဝ​စွာ​စား​ရ​မည်​။ ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​မည်​။


ငါ​သည် သင်​တို့​အဖို့ မိုး​ကို သူ့​ရာသီ​နှင့်​သူ​ရွာ​စေ​သဖြင့် မြေ​သည် အသီးအနှံ​ဖြစ်ထွန်း​လိမ့်မည်​။ လယ်ယာ​ရှိ​အပင်​တို့​သည် ကောက်ပဲသီးနှံ​ဖြစ်ထွန်း​လိမ့်မည်​။


အို အချင်း​လူ​၊ မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို သင့်​အား​ပြောပြ​တော်မူ​ပြီ​။ စင်စစ် တရားမျှတ​စွာ​ပြုကျင့်​ခြင်း​၊ မေတ္တာကရုဏာ​ကို မြတ်နိုး​ခြင်း​၊ ဘုရားသခင်​ရှေ့​တော်​၌ စိတ်နှိမ့်ချ​စွာ​အသက်ရှင်​လျှောက်လှမ်း​ခြင်း မှတစ်ပါး သင့်​အား မည်သည့်​အရာ​ကို ထာဝရဘုရား တောင်းဆို​တော်မူ​သနည်း​။


အေးချမ်း​စွာ​မျိုးစေ့​ကြဲ​ရ​လိမ့်မည်​။ စပျစ်ပင်​သည် အသီး​သီး​လိမ့်မည်​။ မြေကြီး​သည်​လည်း အသီးအနှံ​ကို ဖြစ်ထွန်း​စေ​လိမ့်မည်​။ မိုးကောင်းကင်​မှ နှင်းကျ​လိမ့်မည်​။ ငါ​သည် ကြွင်းကျန်​သော​ဤ​လူမျိုး​တို့​အား ဤ​အရာ​အားလုံး​တို့​ကို အမွေ​ခံစား​ရ​စေ​မည်​။


ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ နားလည်​သော​သူ​ကို​ဆို​လို​၏။ ထိုသို့သော​သူ​သည် အမှန်ပင် အသီး​သီး​၍ အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် သီး​လေ​၏”​ဟု မိန့်​တော်မူ​၏။


အချို့​တို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် အသီး​သီး​လေ​၏။


ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။


ထို​သူ​တို့​သည်​ကြား​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထို့နောက် သူ​တို့​သည် ပေါလု​အား “ငါ​တို့​ညီ၊ သင်​သိမြင်​သည့်​အတိုင်း ဂျူး​လူမျိုး​တို့​တွင် ယုံကြည်​လာ​သူ​ထောင်​ပေါင်း​များစွာ​ရှိ​၍ သူ​တို့​အားလုံး​သည် ပညတ်​တရား​၌ စိတ်အား​ထက်သန်​သူ​များ​ဖြစ်​ကြ​၏။


သင်​တို့​သည် ဘုရားသခင်​အားဖြင့် ခရစ်တော်​ယေရှု​၌​တည်​နေ​ကြ​၏။ ခရစ်တော်​သည် ငါ​တို့​အတွက် ဘုရားသခင်​ထံမှ​လာ​သော ဉာဏ်ပညာ​ဖြစ်​တော်မူ​ပြီး ဖြောင့်မတ်​ခြင်း၊ သန့်ရှင်း​ခြင်း​နှင့် ရွေးနုတ်​ခြင်း​ဖြစ်​တော်မူ​၏။


အထက်​ကောင်းကင်​အရပ်​တွင်​ရှိ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ကောင်းချီး​မင်္ဂလာ​အပေါင်း​တို့​ဖြင့် ငါ​တို့​ကို ခရစ်တော်​၌ ကောင်းချီး​ပေး​တော်မူ​သည့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။


ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ