ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
ဇာခရိ 11:6 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက “ဤပြည်ရှိ ပြည်သူပြည်သားတို့ကို ငါသနားတော့မည်မဟုတ်။ ကြည့်ရှုလော့။ လူအသီးသီးတို့ကို သူတို့၏အိမ်နီးချင်းလက်သို့လည်းကောင်း၊ သူတို့၏ရှင်ဘုရင်လက်သို့လည်းကောင်း ငါအပ်မည်။ ထိုသူတို့သည် ဤပြည်ကိုချေမှုန်းတိုက်ဖျက်ကြမည်ဖြစ်သော်လည်း ထိုသူတို့လက်မှ ငါကယ်တင်မည်မဟုတ်”ဟု မိန့်တော်မူ၏။ Common Language Bible (ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။) Garrad Bible ငါ သည်၊ အ ပြည် ပြည် ထောင် သား တို့ ကို ဆက် လက် မ ညှာ တာ ဘဲ၊ လူ သ တ္တ ဝါ တို့ ကို ကိုယ့် အ ထိန်း အ ကျောင်း၊ ကိုယ့် ဘု ရင် လက် တွင်း သို့၊ မ ကယ် လွှတ် ဘဲ အပ် နှင်း မည့် အ လျောက်၊ ထို သူ တို့ သည်၊ အ ပြည် ပြည် ကို လုပ် ကြံ မည် ဟူ ၍ လည်း ကောင်း၊ မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တစ်ဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့လည်းကောင်း၊ ရှင်ဘုရင်လက်သို့လည်းကောင်း အပ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးကို နှိပ်စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲနေမည်ဟု မိန့်တော်မူ၏။ |
ဘုရားသခင်ကိုမေ့လျော့တတ်သောသူတို့၊ ဤအချက်ကို သတိနှင့်ဆင်ခြင်ကြလော့။ သို့မဟုတ်ပါက ငါသည် သင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲသဖြင့် ကယ်နုတ်သူမရှိဖြစ်လိမ့်မည်။
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
လူတစ်ဦးကိုတစ်ဦး၊ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး ညှဉ်းဆဲကြလိမ့်မည်။ လူငယ်သည် လူကြီးကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။
သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
လူကြီးလူငယ်တို့သည် လမ်းမပေါ် ဖုန်တောထဲ၌ လဲနေလေပြီ။ အပျိုလူပျိုတို့သည်လည်း ဓားဖြင့် လဲကျသေဆုံးကြလေပြီ။ အမျက်ထွက်တော်မူသောနေ့၌ ကိုယ်တော်သည် သူတို့ကိုကွပ်မျက်တော်မူပြီ၊ မညှာမတာသတ်ဖြတ်တော်မူပြီ။
ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပါ၏။ သူတို့လက်မှ အကျွန်ုပ်တို့ကို ကယ်နုတ်မည့်သူမရှိပါ။
ထို့ကြောင့် သူတို့ကို အမျက်ဒေါသဖြင့် စီရင်မည်။ သနားညှာတာမည်မဟုတ်။ ငါ့ထံ သူတို့အသံကုန်အော်ဟစ်တောင်းလျှောက်လျှင်လည်း ငါနားထောင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် သူတို့ကို သနားညှာတာမည်မဟုတ်။ သူတို့ပြုမူကျင့်ကြံခဲ့သည်တို့ကို သူတို့ခေါင်းပေါ်ပြန်ရောက်စေမည်”ဟု မိန့်တော်မူ၏။
တစ်ဖန် ဂေါမာသည်ကိုယ်ဝန်ဆောင်၍ သမီးကိုမွေးဖွား၏။ ထိုအခါ ထာဝရဘုရားက ဟောရှေအား “ဤသမီးအမည်ကို လောရုဟာမာဟု မှည့်ခေါ်လော့။ အကြောင်းမှာ ငါသည် အစ္စရေးအမျိုးအနွယ်ကို သနားစုံမက်တော့မည်မဟုတ်။ လုံးဝခွင့်လွှတ်တော့မည်မဟုတ်။
ယခုမှာ သူ့ချစ်သူများရှေ့တွင် သူ့အရှက်ကို ပေါ်စေမည်။ မည်သူမျှ သူ့ကို ငါ့လက်မှကယ်နိုင်မည်မဟုတ်။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် တောတိရစ္ဆာန်တို့အလယ်မှ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်တို့အလယ်မှ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း လူမျိုးခြားတို့အလယ်၊ လူများစွာတို့ကြားတွင် ရှိနေလိမ့်မည်။ ထိုခြင်္သေ့တို့သည် သွားလာ၍ မည်သူမျှမကယ်နိုင်အောင် စားသောက်ကိုက်ဖြတ်တတ်၏။
သင်သည် စားရသော်လည်း ဝလင်မည်မဟုတ်။ ဝမ်းဟာနေလိမ့်မည်။ နောက်ဆုတ်သော်လည်း လွတ်မြောက်မည်မဟုတ်။ လွတ်မြောက်လျှင်ပင် သင့်ကို ဓားလက်သို့ ငါအပ်မည်။
တိုင်းနိုင်ငံရှိ ရာဇပလ္လင်တို့ကို ငါဖြိုလှဲမည်။ တိုင်းတစ်ပါးသားတို့၏နိုင်ငံ့အင်အားကို ငါဖြိုဖျက်မည်။ စစ်ရထားနှင့်တကွ စီးနင်းသူတို့ကို မှောက်လှန်ပစ်မည်။ အချင်းချင်းဓားဖြင့်ခုတ်ကြသဖြင့် မြင်းများနှင့် မြင်းစီးသူရဲတို့သည် လဲကျသေဆုံးကြရလိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့နောက် ယုဒလူမျိုးနှင့် အစ္စရေးလူမျိုးကြား ညီအစ်ကိုတော်စပ်မှုကို ပယ်ဖျက်ရန် ဒုတိယတောင်ဝှေးဖြစ်သော “စည်းလုံးခြင်းတောင်ဝှေး”ကို ငါချိုးပစ်၏။
ထိုသိုးတို့ကို ဝယ်ယူထားသောသူတို့သည် ထိုသိုးတို့ကို သတ်ဖြတ်သော်လည်း အပြစ်ဒဏ်မခံရ။ ရောင်းသူတို့ကလည်း ‘ငါချမ်းသာပြီဖြစ်၍ ထာဝရဘုရားကို ချီးမွမ်းပါ၏’ဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း ထိုသိုးတို့ကို မသနားကြ”ဟု မိန့်တော်မူ၏။
ထို့နောက် ငါက “သင်တို့ကို ငါထိန်းကျောင်းတော့မည်မဟုတ်။ သေမည့်အကောင်လည်း သေပါစေ။ အသတ်ခံရမည့်အကောင်လည်း အသတ်ခံရပါစေ။ ကျန်သောအကောင်တို့သည်လည်း အချင်းချင်း၏အသားကို ကိုက်စားကြပါစေ”ဟု ဆိုပြီးလျှင်
ထိုနေ့ရက်တွင် ထာဝရဘုရားကြောင့် အလွန်တုန်လှုပ်ချောက်ချားကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် ဖမ်းကိုင်ပြီး အချင်းချင်းတိုက်ခိုက်ကြလိမ့်မည်။
ထိုကာလမတိုင်မီ လူတို့သည် လုပ်အားခ မရ။ တိရစ္ဆာန်ငှားရမ်းခလည်း မရ။ ငါသည် လူအပေါင်းတို့အား အိမ်နီးချင်းအချင်းချင်း ရန်သူဖြစ်စေသဖြင့် သွားလာသောသူတို့သည် ရန်သူရှိသောကြောင့် လုံခြုံမှုမရှိခဲ့’ဟု မိန့်တော်မူ၏။
သူသည် ဖခင်တို့၏စိတ်နှလုံးကို သားသမီးထံသို့လည်းကောင်း၊ သားသမီးတို့၏စိတ်နှလုံးကို ဖခင်တို့ထံသို့လည်းကောင်း ပြန်လှည့်လာစေလိမ့်မည်။ သို့မဟုတ်လျှင် ငါသည် ကြွလာ၍ ကမ္ဘာမြေကို ကျိန်ခြင်းဖြင့်ဒဏ်ခတ်ရလိမ့်မည်။
ညီအစ်ကိုချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ အဖသည် သားသမီးကိုလည်းကောင်း သေခြင်းသို့အပ်နှံကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုဆန့်ကျင်ပုန်ကန်၍ သူတို့ကို သေစေရန်ပြုကြလိမ့်မည်။
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
ထိုကာလ၌ များစွာသောလူတို့သည် စိတ်ပျက်ကြ၍ အချင်းချင်းအပ်နှံလျက် အချင်းချင်းမုန်းတီးကြလိမ့်မည်။
ထိုအခါ သူတို့က “သုတ်သင်လိုက်ပါ၊ သုတ်သင်လိုက်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “သင်တို့၏ဘုရင်ကို လက်ဝါးကပ်တိုင်ပေါ်၌ ငါတင်ရမည်လော”ဟု မေးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့က “အကျွန်ုပ်တို့တွင် ဆီဇာဧကရာဇ်မှလွဲ၍ အခြားဘုရင်မရှိပါ”ဟု ပြန်လျှောက်ကြ၏။
လူမျိုးခြားတို့ကယ်တင်ခြင်းရရှိရန် ငါတို့ဟောပြောသည်ကို တားမြစ်ကာ မိမိတို့အပြစ်များကို အစဉ်အမြဲဖြည့်ဆည်းကြ၏။ သို့ဖြစ်၍ အမျက်တော်သည် သူတို့အပေါ်သို့ အဆုံးစွန်သက်ရောက်လေ၏။
ဤမျှလောက်ကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုပါက ငါတို့သည် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။ သခင်ဘုရားက ပထမဦးစွာ ဟောပြောတော်မူသော ဤကယ်တင်ခြင်းတရားသည် ကြားနာသောသူတို့မှတစ်ဆင့် ငါတို့ထံ၌ အတည်ပြုခြင်းခံရ၏။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။