Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 50:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ဘုရားသခင်​ကို​မေ့လျော့​တတ်​သော​သူ​တို့​၊ ဤ​အချက်​ကို သတိ​နှင့်​ဆင်ခြင်​ကြ​လော့​။ သို့မဟုတ်​ပါက ငါ​သည် သင်​တို့​ကို အပိုင်းပိုင်း​ဆုတ်ဖြဲ​သဖြင့် ကယ်နုတ်​သူ​မ​ရှိ​ဖြစ်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ``ငါ့​ကို​မေ့​လျော့​သူ​တို့၊​ဤ​အ​ချက်​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ပြု​ပါ​မူ​ငါ​သည်​သင်​တို့​အား​သုတ်​သင် ဖျက်​ဆီး​မည်။ သင်​တို့​အား​ကယ်​မည့်​သူ​လည်း​တစ်​ဦး​တစ်​ယောက် မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ဘု ရား သ ခင် မေ့ လျော့ သူ တို့၊ ကယ် လွှတ် သူ မ ရှိ ဘဲ လျက်၊ ငါ ဆွဲ ဖြတ် ဒဏ် ကို မ ခတ် စေ ခြင်း ငှာ၊ ဤ အ ချက် ဆင် ခြင် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​သူ​တို့၊ ဤ​အ​မှု​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ဟုတ် သင်​တို့​ကို ကယ်​နုတ်​သော​သူ​မ​ရှိ။ ငါ​သည် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 50:22
21 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် မျှော်ကြည့်​သော်လည်း ကယ်တင်​မည့်​သူ မ​ရှိ​ပါ​။ ထာဝရဘုရား​ထံ​မျှော်ကြည့်​သော်လည်း သူ​တို့​ကို ထူး​တော်​မ​မူ​ပါ​။


အကျွန်ုပ်​သည် ဆိုးယုတ်​သော​သူ​မ​ဟုတ်​ကြောင်း​ကို​လည်းကောင်း​၊ အကျွန်ုပ်​ကို ကိုယ်တော့်​လက်​မှ ကယ်နုတ်​မည့်​သူ​မ​ရှိ​ကြောင်း​ကို​လည်းကောင်း ကိုယ်တော်​သိ​တော်မူ​ပါ​၏​။


ဘုရားသခင်​ကို​မေ့လျော့​သော​သူ​အပေါင်း​တို့​၏​လမ်းခရီး​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​၏​မျှော်လင့်​ခြင်း​သည်​လည်း ပျက်စီး​ရ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​သည် ဘဝင်မြင့်​၍ ကိုယ်တော်​ကို​မ​ရှာ​တတ်​။ “​ဘုရားသခင်​မ​ရှိ​”​ဟု အစဉ်​တွေးတော​တတ်​၏​။


သို့မဟုတ်လျှင် ကယ်နုတ်​သူ​မ​ရှိ​စဉ် သူ​တို့​သည် ခြင်္သေ့​ကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​ဆုတ်ဖြဲ​၍ အပိုင်းပိုင်း​ကိုက်ဖြတ်​ကြ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​တို့​နှင့် ဘုရားသခင်​ကို​မေ့လျော့​သော​လူမျိုး​အပေါင်း​တို့​သည် မရဏာနိုင်ငံ​သို့​လှည့်သွား​ကြ​ရ​လိမ့်မည်​။


သို့သော် နွမ်းပါး​သော​သူ​တို့​သည် အစဉ်​မေ့လျော့​ခြင်း​ခံရ​မည်​မ​ဟုတ်​။ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​မျှော်လင့်​ခြင်း​သည်​လည်း ထာဝစဉ်​ပျက်စီး​သွား​မည်​မ​ဟုတ်​။


ကောင်းကျိုးချမ်းသာ​ခံစား​ရာ​ကာလ​၌ ဝမ်းမြောက်​လော့​။ ဒုက္ခခံရာ​ကာလ​၌​မူကား ဆင်ခြင်​လော့​။ လူ​သည် သူ့​နောက်တွင်​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တွေ့ရှိ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​နှင့်အတူ ဒုက္ခ​ကို​လည်း ဖြစ်ပေါ်​စေ​တော်မူ​၏​။


မိုးကောင်းကင်​ကို​ဖြန့်ကြက်​တော်မူ​သော​၊ မြေကြီး​ကို​အုတ်မြစ်ချ​တော်မူ​သော​၊ သင့်​ကို​ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​ကို သင်​မေ့လျော့​၏​။ သင့်​ကို​ဖျက်ဆီး​ရန် အသင့်ရှိ​နေ​သည့် နိုင်လိုမင်းထက်ပြု​သူ​၏​အမျက်ဒေါသ​ကြောင့် သင်​သည် နေ့စဉ်​မပြတ်​ကြောက်ရွံ့​နေ​၏​။ နိုင်လိုမင်းထက်ပြု​သူ​၏​အမျက်ဒေါသ​ကား အဘယ်မှာ​နည်း​။


အပျိုကညာ​သည် မိမိ​အဆင်တန်ဆာ​ကို​လည်းကောင်း​၊ သတို့သမီး​သည် မိမိ​မင်္ဂလာဆောင်ဝတ်စုံ​ကို​လည်းကောင်း မေ့လျော့​နိုင်​မည်လော​။ သို့သော် ငါ​၏​လူ​တို့​သည် ကာလ​ကြာမြင့်​စွာ ငါ့​ကို​မေ့လျော့​ကြ​ပြီ​။


သူ​ကျူးလွန်​မိ​သော​အပြစ်​များ​ကို​သိမြင်​လာ​ပြီး နောင်တရ​သောကြောင့် သူ​သည် အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​၊ သေ​ရ​မည်​မ​ဟုတ်​။


ငါ​သည် သားငယ်​ဆုံးရှုံး​သော​ဝက်ဝံမ​ကဲ့သို့ သူ​တို့​ကို​တိုက်ခိုက်​မည်​။ သူ​တို့​ရင်ဘတ်​ကို ဆွဲဆုတ်​မည်​။ သူ​တို့​ကို ခြင်္သေ့​ကဲ့သို့​ကိုက်စား​ဝါးမျို​မည်​။ တောရိုင်းတိရစ္ဆာန်​ကဲ့သို့ ဆွဲဖြဲ​မည်​။


ငါ့​လူမျိုး​တော်​သည် အသိပညာ​မဲ့​သောကြောင့် ပျက်စီး​ရ​လေ​ပြီ​။ သင်​သည် အသိပညာ​ကို ငြင်းပယ်​သောကြောင့် သင့်​ကို ယဇ်ပုရောဟိတ်​အဖြစ်​မှ ငါ​စွန့်ပယ်​မည်​။ သင်​သည် ဘုရားသခင်​၏​ပညတ်တရားတော်​ကို မေ့လျော့​သောကြောင့် သင့်​သားသမီး​တို့​ကို ငါ​မေ့လျော့​မည်​။


ငါ​သည် ဧဖရိမ်​အဖို့ ခြင်္သေ့​ကြီး​ကဲ့သို့​လည်းကောင်း​၊ ယုဒ​အမျိုးအနွယ်​အဖို့ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။ ငါ​ကိုယ်တော်တိုင် သူ​တို့​ကို ကိုက်ဖြဲ​ပြီး ချီယူ​သွား​မည်​။ သူ​တို့​ကို မည်သူ​မျှ ကယ်တင်​နိုင်​မည်​မ​ဟုတ်​။


အပြေးမြန်​သူ​လည်း မပြေး​နိုင်​။ သန်မာ​သူ​လည်း ခွန်အား​မ​ထုတ်​နိုင်​။ စစ်သူရဲ​လည်း သူ့​အသက် သူ​မ​ကယ်​နိုင်​။


ကြွင်းကျန်​သော​ယာကုပ်​အမျိုး​တို့​သည် တော​တိရစ္ဆာန်​တို့​အလယ်​မှ ခြင်္သေ့​ကဲ့သို့​လည်းကောင်း​၊ သိုးအုပ်​တို့​အလယ်​မှ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း လူမျိုးခြား​တို့​အလယ်​၊ လူ​များစွာ​တို့​ကြား​တွင် ရှိ​နေ​လိမ့်မည်​။ ထို​ခြင်္သေ့​တို့​သည် သွားလာ​၍ မည်သူ​မျှ​မ​ကယ်​နိုင်​အောင် စားသောက်​ကိုက်ဖြတ်​တတ်​၏​။


ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကို ဆင်ခြင်​ကြ​လော့​။


ထိုအခါ သူ​သည် အသိတရား​ပြန်​ရ​၍ ‘ငါ့​အဖေ​ထံ၌ အလုပ်သမား​မည်မျှပင်​များ​စေကာမူ သူ​တို့​တွင် စားစရာ​အလျှံပယ်​ရှိ​၏။ ငါ​မူကား ဤ​အရပ်​၌ အစာငတ်​လျက် သေ​လုမတတ်​ဖြစ်​နေ​ရ​၏။


သင်​၏​မွေးသဖခင်​ကျောက်ဆောင်​ကို သင်​သတိမရ​၊ သင့်​ကို​မွေးဖွား​တော်မူ​သော​ဘုရားသခင်​ကို သင်​မေ့လျော့​လေ​ပြီ​။


ငါ​သာလျှင် ဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် အသက်​ကို​သေ​စေ​နိုင်​၏​၊ ရှင်​စေ​နိုင်​၏​။ ငါ​သည် ဒဏ်ရာရ​စေ​နိုင်​၏​၊ ပျောက်ကင်း​စေ​နိုင်​၏​။ မည်သူ​မျှ ငါ့​လက်​မှ မ​လွတ်မြောက်​နိုင်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ